အဆင် မပြေမှုတွေ၊ ကံဆိုးမှုတွေ မဖြစ်ချင်ရင် ဒီအရာတွေ ကို အိမ်ထဲမှာမထားပါနဲ့

ကံ ဆို တာ အလုပ် ပါ။ ကိုယ်ပြုတဲ့ အတိုင်း ကိုယ်ပြန်ရတတ် ပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ ကိုယ်မမြင်နိုင်တဲ့ စွမ်းအင်တချို့က ကိုယ့်ကို ကံကောင်းအောင်၊ ကံဆိုးအောင်ပြုလုပ်နိုင် ပါတယ်။ မိသားစုလိုက် ကျန်းမာရေး ချူချာနေတာတွေ၊ ဘာလုပ်လုပ် အဆင်မပြေဘဲ အထစ်အငေါ့လေးတွေ အမြဲကြုံရတာတွေနဲ့ တခြားသော ကံဆိုးခြင်းတွေ မဖြစ်ရလေအောင် အိမ်ထဲမှာ ဒီအချက်တွေ မဖြစ်အောင် သတိထားပါ။

အိမ်ထဲမှာ ကြည့်မှန်တွေအများကြီးထားခြင်း

အိမ်တစ်အိမ်မှာ မှန်အကြီးကြီးတစ်ချပ်နှစ်ချပ်ထားတာမျိုး၊ နံရံအပြည့်ကြည့်မှန်ကပ်ထားတာမျိုးက ဘာပြဿနာမှမရှိပါဘူး။ ဒါပေမယ့် အိမ်တစ်အိမ်ထဲမှာ ကြည့်မှန်တွေ အချပ်ရေများများရှိနေခြင်းက အဲ့ဒီအိမ်မှာနေသူတွေရဲ့ ငွေကြေးကံမကောင်းခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် မှန်တွေအများကြီးရှိနေရင် အမြန်ဆုံးရှင်းထုတ်လိုက်ပါ။

တံခါးမကြီးကွဲအက်နေခြင်း

ရှေးခေတ်အယူအဆမှာ အိမ်ရဲ့တံခါးမကြီးကွဲအက်နေတဲ့အခါ ကံကောင်းခြင်းတွေဝင်ရောက်မလာတော့ဘဲ တံခါးဝကနေလှည့်ပြန်သွားတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ကံကောင်းခြင်းတွေအိမ်ထဲဝင်လာစေချင်ရင် အိမ်တံခါးမကြီးကွဲအက်နေတာမျိုးမဖြစ်ပါစေနဲ့။

ထမင်းအိုး၊ဟင်းအိုး၊ ပန်းကန်ခွက်ယောက် အကွဲများကို ဆက်လက်အသုံးပြုခြင်း

ထမင်းအိုး၊ ဟင်းအိုးအကွဲတွေ၊ ပန်ကန်ခွက်ယောက်အကွဲတွေကို လွှင့်မပစ်ဘဲ၊ မပြုပြင်ဘဲ အကွဲအတိုင်းပဲဆက်သုံးနေတာက အဆင်မပြေမှုတွေကို ကြာရှည်ဖြစ်စေတယ်လို့ပြောနိုင်ပါတယ်။ အဆင်မပြေတာတွေအမြန်ဆုံးပြေလည်ချင်တယ်ဆိုရင်တော့ အဲ့ဒီအကွဲတွေကို ပြန်လည်ပြုပြင်ပြီးမှ သုံးရင်သုံး ဒါမှမဟုတ်လည်း လွှင့်ပစ်ပြီး အသစ်ဝယ်သုံးပါ။

နံရံအက်ကွဲကြောင်းများကိုမပြုပြင်ခြင်း

အိမ်နံရံမှာ အက်ကွဲကြောင်းတွေ ထင်ထင်ရှားရှားဖြစ်နေခြင်းက အဲ့ဒီအိမ်ထဲ မှာနေထိုင်သူတွေကို ကျန်းမာရေးချို့ယွင်းစေတာ၊ မတော်တဆမှုဖြစ်စေတာမျိုးဖြစ်နိုင်တာကြောင့် နံရံအက်ကွဲကြောင်းတွေဖြစ်နေရင် ပြန်လည်ပြုပြင်တာ၊ ဆေးပြန်သုတ်တာတွေ လုပ်ပေးသင့်ပါတယ်။

အိပ်ခန်းထဲမှာသံလိုက်ရှိနေခြင်း

သံလိုက်တွေ ကို ရေခဲသေတ္တာမှာကပ်ထားတာက ဘာပြဿနာမှမရှိပေမယ့် အိပ်ခန်းထဲမှာထားရင်တော့ သံလိုက်ကနေထုတ်လွှတ်တဲ့ သတ္တိတစ်မျိုးကြောင့် အချစ်ရေးနဲ့ငွေရေးကြေးရေးကံကိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အချစ်ရေးနဲ့ငွေကြေးကံကောင်းချင်ရင် သံလိုက်ကိုအိပ်ခန်းထဲမှာ မထားမိအောင် ဂရုစိုက်ပါ။

Zawgyi

ကံ ဆိုတာ အလုပ္ပါ။ ကိုယ္ျပဳတဲ့အတိုင္း ကိုယ္ျပန္ရတတ္ ပါတယ္။ ဒါေပမယ့္ တခါတရံမွာေတာ့ ကိုယ္မျမင္နိုင္တဲ့ စြမ္းအင္တခ်ိဳ႕က ကိုယ့္ကို ကံေကာင္းေအာင္၊ ကံဆိုးေအာင္ျပဳလုပ္နိုင္ ပါတယ္။ မိသားစုလိုက္ က်န္းမာေရး ခ်ဴခ်ာေနတာေတြ၊ ဘာလုပ္လုပ္ အဆင္မေျပဘဲ အထစ္အေငါ့ေလးေတြ အျမဲၾကံဳရတာေတြနဲ႕ တျခားေသာ ကံဆိုးျခင္းေတြ မျဖစ္ရေလေအာင္ အိမ္ထဲမွာ ဒီအခ်က္ေတြ မျဖစ္ေအာင္ သတိထားပါ။

အိမ္ထဲမွာ ၾကည့္မွန္ေတြအမ်ားၾကီးထားျခင္း

အိမ္တစ္အိမ္မွာ မွန္အၾကီးၾကီးတစ္ခ်ပ္နွစ္ခ်ပ္ထားတာမ်ိဳး၊ နံရံအျပည့္ၾကည့္မွန္ကပ္ထားတာမ်ိဳးက ဘာျပႆနာမွမရွိပါဘူး။ ဒါေပမယ့္ အိမ္တစ္အိမ္ထဲမွာ ၾကည့္မွန္ေတြ အခ်ပ္ေရမ်ားမ်ားရွိေနျခင္းက အဲ့ဒီအိမ္မွာေနသူေတြရဲ႕ ေငြေၾကးကံမေကာင္းျခင္းကိုျဖစ္ေစပါတယ္။ ဒါေၾကာင့္ မွန္ေတြအမ်ားၾကီးရွိေနရင္ အျမန္ဆံုးရွင္းထုတ္လိုက္ပါ။

တံခါးမၾကီးကြဲအက္ေနျခင္း

ေရွးေခတ္္အယူအဆမွာ အိမ္ရဲ႕တံခါးမၾကီးကြဲအက္ေနတဲ့အခါ ကံေကာင္းျခင္းေတြဝင္ေရာက္မလာေတာ့ဘဲ တံခါးဝကေနလွည့္ျပန္သြားတယ္လို႕ ယူဆၾကပါတယ္။ ဒါေၾကာင့္ ကံေကာင္းျခင္းေတြအိမ္ထဲဝင္လာေစခ်င္ရင္ အိမ္တံခါးမၾကီးကြဲအက္ေနတာမ်ိဳးမျဖစ္ပါေစနဲ႕။

ထမင္းအိုး၊ဟင္းအိုး၊ ပန္းကန္ခြက္ေယာက္ အကြဲမ်ားကို ဆက္လက္အသံုးျပဳျခင္း

ထမင္းအိုး၊ ဟင္းအိုးအကြဲေတြ၊ ပန္ကန္ခြက္ေယာက္အကြဲေတြကို လႊင့္မပစ္ဘဲ၊ မျပဳျပင္ဘဲ အကြဲအတိုင္းပဲဆက္သံုးေနတာက အဆင္မေျပမႈေတြကို ၾကာရွည္ျဖစ္ေစတယ္လို႕ေျပာနိုင္ပါတယ္။ အဆင္မေျပတာေတြအျမန္ဆံုးေျပလည္ခ်င္တယ္ဆိုရင္ေတာ့ အဲ့ဒီအကြဲေတြကို ျပန္လည္ျပဳျပင္ျပီးမွ သံုးရင္သံုး ဒါမွမဟုတ္လည္း လႊင့္ပစ္ျပီး အသစ္ဝယ္သံုးပါ။

နံရံအက္ကြဲေၾကာင္းမ်ားကိုမျပဳျပင္ျခင္း

အိမ္နံရံမွာ အက္ကြဲေၾကာင္းေတြ ထင္ထင္ရွားရွားျဖစ္ေနျခင္းက အဲ့ဒီအိမ္ထဲ မွာေနထိုင္သူေတြကို က်န္းမာေရးခ်ိဳ႕ယြင္းေစတာ၊ မေတာ္တဆမႈျဖစ္ေစတာမ်ိဳးျဖစ္နိုင္တာေၾကာင့္ နံရံအက္ကြဲေၾကာင္းေတြျဖစ္ေနရင္ ျပန္လည္ျပဳျပင္တာ၊ ေဆးျပန္သုတ္တာေတြ လုပ္ေပးသင့္ပါတယ္။

အိပ္ခန္းထဲမွာသံလိုက္ရွိေနျခင္း

သံလိုက္ေတြ ကို ေရခဲေသတၱာမွာကပ္ထားတာက ဘာျပႆနာမွမရွိေပမယ့္ အိပ္ခန္းထဲမွာထားရင္ေတာ့ သံလုိက္ကေနထုတ္လႊတ္တဲ့ သတၱိတစ္မ်ိဳးေၾကာင့္ အခ်စ္ေရးနဲ႕ေငြေရးေၾကးေရးကံကိုဆိုးေစနိုင္ပါတယ္။ ဒါေၾကာင့္ အခ်စ္ေရးနဲ႕ေငြေၾကးကံေကာင္းခ်င္ရင္ သံလုိက္ကိုအိပ္ခန္းထဲမွာ မထားမိေအာင္ ဂရုစိုက္ပါ။

Add a Comment

Your email address will not be published. Required fields are marked *