ခိုင်နှင်းဝေ ဂေဟာမှကလေးငယ်များ အတွက် နို့မှုန့်ပြတ်လပ်ခါနီးဖြစ်လို့ နို့မှုန့်ဖိုး (၃)သိန်း လှူဒါန်းခဲ့တဲ့ အောင်သူတို့မိသားစု





Unicode

အောင်သူ နဲ့ ပိုးအိအိခန့် သားလေး သွင်ဦးဟန် မိသားစု မှ ခိုင်နှင်းဝေ ပရဟိတဂေဟာမှ ကလေးငယ်များ အတွက် နို့မှုန့် များ ပြတ်လပ်ခါနီးနေပြီ ဖြစ်လို့ နို့မှုန့်ဖိုး ငွေကျပ် ၃ သိန်းလှူဒါန်းပေးခဲ့ပါတယ်။ ခိုင်နှင်းဝေ က “မောင်လေးအောင်သူ + ပိုးအိအိခန့် သားလေး သွင်ဦးဟန် မိသားစု မှ ကျမရဲ့ ဂေဟာလေးမှာ ကလေးငယ်များအတွက် နို့မှုန့် များ ပြတ်လပ်ခါနီးနေပြီ ဖြစ်လို့ ကလေးငယ်များအတွက် နို့မှုန့်ဖိုး ငွေကျပ် ၃ သိန်း တိတိ လှူဒါန်း ပေးခဲ့ပါတယ်ရှင် 🙏🙏🙏

လိုအပ်နေချိန် မှာ လှူဒါန်းပေးလို့ သာဓုသာဓုသာဓု ပါရှင် လိုတိုင်းတ တတိုင်ရပြီး ဒီထက်မက အောင်မြင်မှုတွေ ပိုင်ဆိုင်ရပါစေလို့ ကျမနှင့် သားသမီးများမှ ဆုတောင်းပေးလိုက်ပါတယ်ရှင် 🙏🙏🙏” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီး အတွက် အောင်သူ နဲ့ ပိုးအိအိခန့် တို့ရဲ့ မိသားစုအလှူလေးကို သာဓုခေါ်နိုင်အောင် ဖော်ပြေပေးလိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *