လှသထက် ပိုလှအောင် မျက်နှာပြုပြင်မှုလုပ်ခဲ့တဲ့ အတွေ့အကြုံတွေကိုလေးတွေကို မျှဝေခဲ့တဲ့ မြတ်ကေသီအောင်

ဟိုတစ်ချိန်က မြန်မာ့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးပြီး ပရိသတ်တိုင်း ချစ်ခင် အားပေးရတဲ့ မင်းသမီးကြီး မြတ်ကေသီအောင်က အခုချိန်ထိတိုင် သူမချစ်တဲ့ အနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်နေဆဲပါ။ မြတ်ကေသီအောင်ဟာ အနုပညာ လုပ်ငန်းတွေအပြင် သူမရဲ့ ကိုယ်ပိုင် စီးပွားရေးဖြစ်တဲ့ စားသောက်ဆိုင် နှစ်ဆိုင်ကိုလည်း ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်

လွန်ခဲ့တဲ့ လပိုင်းတွေက မျက်နှာကို ပြုပြင်ထားပြီး အရင်နဲ့ မတူအောင်ကို ပိုပိုလှလာတဲ့ မြတ်ကေသီအောင်က ဒီတစ်ခေါက်မှာလည်း သူမ ထက်မံပြုပြင်ထားတဲ့ အလှအပအကြောင်းတွေကို ပရိသတ်တွေ သိရအောင် အခုလိုပဲ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။

“ပထမဆုံး မျက်နာကို ထုံဆေးလိမ်းပြီး တစ်နာရီလောက် ထားရပါတယ်.ဆေးထိုးတဲ့အခါ သိပ်မနာတော့ဘူးပေါ့.ကေ လုပ်ထားတဲ့အ ရာလေးတွေ‌ပြောပြချင်ပါတယ်။ နှာခေါင်းဘေးက smile line လေး၂ ဘက်ကို ဆေးထိုးပါတယ်။ ပါးဘေး၂ဖက် မေးရိုးနားမှာ မျက်နှာလေးသွယ်အောင် ဆေးထိုးထား ပါတယ်။ မျက်နာသွယ်လိုက်တော့ နဂိုမေးစေ့က တိုသွားသလိုဖြစ်နေတော့ မေးစေ့လေးနည်းနည်းအောက် ကိုရှည်အောင်ဆေးထိုးပါတယ်။”

“ပြီးတော့ နှာခေါင်း အရင်းက နည်းနည်းကြီးတော့ သေးအောင်ဆေးထိုးပါတယ်။ နှာခေါင်းကတော့ဆေးထိုးခါနီးမှ ထုံဆေးထိုးပြီးချက်ချင်းလုပ်တာပါ။ နောက်ဆုံးမှာနှုတ်ခမ်းလုပ်ဖို့ ထုံဆေးအရင်ထိုးရပါတယ်။ ကေကတော့ နှုတ်ခမ်းထိုးဖို့ ကိုယ်စိတ်ကြိုက် ပုံယူသွားပြီး ထိုးခိုင်းတာပါ။ ဒီနေရာမှာ သတိပေးချင်တာက ကိုယ့်နှုတ်ပေါ်မူတည်ပြီး ဆရာဝန်နဲ့ တိုင်ပင်ထိုးသင့်ပါတယ်။ ကေ့နှုတ်ခမ်းက အပေါ်အောက် ညီပြီးလှပြီးသားပါ(ကိုယ့်အထင်ပေါ့ ဟဟဟ)”

“ယူသွားတဲ့ ပုံအတိုင်းဆရာ့ကို ထိုးခိုင်းလိုက်တာမှာ နောက်ပိုင်း အဆင်မ‌ပြေတာလေး တွေဖြစ်လာပါတယ်။ ဒါဟာဘာလဲဆို ကေ့အောက်နုတ်ခမ်းက ပုံကြပြီးသားကို ကြီးကြီးနဲ့ထူထူဖြစ်အောင် လုပ်လိုက်တော့ နှုတ်ခမ်းက အောက်ကိုပိုတွဲသလို တစ်ခုခုစားတာဖြစ်ဖြစ် တယောက်ယောက်ကို အကျယ်ကြီး လှမ်းခေါ်တာမျိုးလုပ်မိရင် နှုတ်ခမ်းဘေး ၂ ဘက်ဒေါင့်က ကျီးကန်းပါးစပ် ဖြစ်ဖြစ်လာတယ်.။ ပြောချင်တာက မျက်နှာနဲ့ ပတ်သက်ပြီးတခုခု လုပ်တော့မယ်ဆို ကိုယ့်အကြိုက်ထက် ဆရာဝန်နဲ့တိုင်ပြီးမှ လုပ်သင့်ပါတယ်။”

“.နောက်မို့ဆိုပြင်ပြီးမှ ရလဒ်က ကိုယ့်အတွက်နေရခက်မဲ့ အဖြစ်ဆိုရင် ပြန်ပြင်ရခက်ပါတယ်.မျက်နာနဲ့ ပတ်သက်ပြီးလာလာမေးတဲ့ အမတွေ ညီမတွေအတွက် ကေ့အတွေ့အကြုံလေးကိုပြန်မျှပေးတာပါ။ ခုတင်ထားတဲ့ ပုံက ဘာမိတ်ကပ်မှမလိမ်းရပဲ ဆေးခန်းကပြန် ရောက်ရောက်ချင်းပုံပါ။ မျက်နှာလုပ်ပြီး ဘာဖြစ်လဲလို့မေးကြတဲ့သူတွေ ကြည့်ရအောင်လို့ပါ။” ဆိုပြီး သူမရဲ့ အတွေ့အကြုံလေးကို မျှဝေထားပါတယ်။

မြတ်ကေသီအောင် ကတော့ လှပြီးသားကို လှသထက်လှအောင် ပြုပြင်ခဲ့တဲ့ သူမရဲ့ အတွေ့အကြုံတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြတ်ကေသီအောင်တစ်ယောက် အရင်ကထက် ပိုလှလာမယ်လို့ ထင်တယ်မလား?ပြောခဲ့ပါဦး….

Add a Comment

Your email address will not be published. Required fields are marked *