Myanmar Idol ကို ပရိသတ် တွေနဲ့ရန်တိုက်ပေးပြီး ကျေးဇူးဆပ်လိုက်တာလား ဆိုပီး ဖြိုးမြတ်အောင်ကို ဒဲ့ပြောလိုက်တဲ့ မိုင်းမိုင်ဆိုင်း

Myanmar Idol Season-4 ပြိုင်ပွဲကြီး ကို လာရောက် အားပေး ခဲ့တဲ့ မနှစ်က Season-3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင် တစ်ယောက် ပွဲထဲဝင်ခွင့်မရလို့ ရှက်ပြီး ပြန်လာခဲ့ရတယ်ဆိုတဲ့ သတင်းဟာ လတ်တလော လူမှုကွန်ရက်စာမျက်နှာထက်မှာ ပျံ့နှံ့လို့နေပါတယ် ။ အခုလိုကိစ္စနဲ့ ပတ်သက်ပြီး Season-2 ရဲ့ Top -10 တစ်ယောက်ဖြစ်တဲ့ မိုင်းမိုင်ဆိုင်းက ဖြိုးမြတ်အောင်ကို ဒဲ့ပြောလိုက်ပါပြီ ပရိသတ်ကြီးရေ ..။ ” ဘာပဲ ပြောပြော မင်းတို့ ငါတို့ကောင်တွေ ဘာမှ စောက်ရုပ်မပေါက်တဲ့ ဘ၀ ကနေ ခု ဒီ program ကြီးကြောင့် ဒီမိသားစုက ဝန်ထမ်းတစ်ယောက်စီ ပခုံးနဲ့ထမ်းတင်ပေးခဲ့တာကြောင့် ငါတို့ အနိမ်ခံ ဘဝကနေ အဆင်မပြေတဲ့ဘ၀ ကနေ ခုလိုတွေနေလာရပြီလေကွာ…သူတို့ဘက်က တစ်ခုခု အမှားအယွင်းလေးတွေရှိခဲ့ရင်တောင် ဒီဘဝကငါတို့ကောင်တွေ အတွက်အရမ်းကိုကျေနပ် သင့်နေပါပြီကွာ ” လို့အစချီပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားခဲ့တာပါ ။

တမင်သက်သက် မ၀င်ခိုင်းတာမဟုတ်ပဲ ဒါမျိုး သူမတို့လည်း ကြုံဖူးခဲ့ပါတယ်တဲ့ ။ ” သားငယ် လောက် လူမှတ်မိနိုင်တာရှိဦးမလား..လူအုပ်ကြီးအရင်သွင်းနေလို့ ဝင်လို့မရသေးဘူး ဆိုလို့ ငါတို့လည်း လူအုပ်ကြီးနဲ့ အတူရပ်စောင့်ဖူးတယ်… အကယ်၍ လက်မှတ် ပါရဲ့သားနဲ့ လူပြည့်သွားလို့ ဆိုရင်တောင် ငါတို့ကောင်တွေတောင် သဘောထားကြီးပေးသင့်တာ ငါတို့အစီစဉ်လူတောင်လျှံအောင် အားပေးကြတာဆိုပြီး..ဒါမဲ့ဒီလိုတော့ဖြစ်ရိုးမရှိပါဘူး… ” လို့လည်းရေးသားထားပါသေးတယ် ။ ခုကိစ္စလည်း အမေတို့ အန်တီ တို့ကိုမဝင်ခိုင်းဘူး ဖြိုးမြတ်အောင်တစ်ယောက်ကိုပဲ ဝင်ခိုင်းတယ်ဆိုတာ အတူထိုင်ဖို့နေရာမရှိလို့ ဖြိုးမြတ်အောင် က winner ကြီးမို့လို့ camera bound မှာပါအောင် နေရာအရင်ချထားချင်လို့ အရင်ဝင်ခိုင်းတာဖြစ်ပြီး camera bound မှာ ပါလာတဲ့ (၈) ယောက်လုံးကို အတူထားလို့အဆင်မပြေတာ ကို ခန်းမထဲ ကသဘောတရားကို idol တစ်ယောက်အနေနဲ့ သိရက်နဲ့ မပြောသင့်ဘူးလို့ မိုင်မိုင်းဆိုင်က ရေးသားခဲ့တာပါ ။

” လက်မှတ် ၈ စောင်စလုံးပါတယ်… ၈ယောက်စလုံးလက်မှတ်ပုံစံကောတူရဲ့လား??.. ညေးဘဲဝင်ရမယ် အမေတို့အန်တီတို့လုံးဝ ဝင်ခွင့်မရှိတော့ဘူး လို့ပြောခဲ့လား??ပြောခဲ့ရင် ငါပါနင့်ဘက်ကရှိနေမယ်..ok?ညေး interviewတွေဖြေထားသလို လုံးဝ ကွက်တိဆိုပြီးလိပ်ပြာလုံရဲ့လား?စွတ်စွဲတာမဟုတ်ဘူးနော်တကယ်ငါအရမ်းခင်တဲ့ငါ့ညေးစိတ်ကိုအဖြူထည်ဖြစ်စေချင်တဲ့စေတနာပါ…ပရိသတ်ဝိုင်းပြန်ဆဲမှာကြောက်တဲ့စိတ်နဲ့တော့ ဘုရားဒကာကျောင်းဒကာကောင်းမှုတွေဘဲလုပ်နေတဲ့ ညေးရဲ့လိပ်ပြာကို မညစ်နွမ်းသွားပါစေနဲ့ကွာ… .fanတွေညေးပြောတာတစ်ခုတည်းနဲ့တစ်ဖက်ပိတ်ညေးဘက်မှာရပ်တည်နေတာကိုညေးသာယာနေတာတော့မဖြစ်ပါစေနဲ့ကွာ.. ” လို့လည်းရေးသားထားတာတွေ့ရပါတယ် ။

” ငါတို့သားငယ် ကြီးတောင်ညေးလောက် အခွင့်အရေး မရပါဘူးညေးရာ ..ငါတို့ကောင်တွေရဲ့ အခုအခြေအနေကအရမ်း ကိုကျေနပ်သင့်နေပါပြီ… ညေးပြောသလို ညေးလို winner အနေအထားနဲ့ ပြောခံရတော့ရှက်တယ် ဆိုရအောင် ငါတို့ကောင်တွေ အဲလို အနေအထားဆိုတဲ့ စကားတွေ ထည့်ပြောရမယ့် အဆင့်မဟုတ်ကြသေးဘူးလေကွာ…ခွေတွေ အများကြီးထုတ်ခဲ့တဲ့ ငါတို့ကောင်တွေထက် ပေါက်မြောက်ခဲ့တဲ့ စီနီယာကြီးတွေတောင် တခါတလေ နေရာပေးမခံရတာတွေရှိဖူးတာဘဲ..သူတို့နဲ့ယှဉ်ရင် ရှက်စရာကြီးပါကွာ.. ငါတို့ကောင်တွေ ခုမှ ဒီ idol ကနေ တင်ပေးလိုက်လို့ တကယ် စီနီယာကြီးတွေနဲ့ အတူ တစ်စင်တည်းဆို တစ်ခရီးတည်းတွေဖျော်ဖြေခွင့်ရနေတာ…တကယ်ဆို ငါတို့ကောင်တွေ ဘာကောင် တွေ ဘာကောင်မတွေမှ မဟုတ်သေးဘူးဆိုတာကို ကိုယ့်ကိုကိုယ် alert လုပ်နေရမှာဟ… နင်တို့ငါတို့အပေါ် မမီးကအစ ဝန်းထမ်းတွေ အားလုံးဘယ်လောက်တောင်ကောင်းခဲ့လဲ?? ဘယ်လောက်ဂရုစိုက်ခဲ့လဲ?? ဘယ်လောက်တောင်ပြည့်ပြည့်စုံစုံနေခဲ့ရလဲ?? ဒီချိန်သူတို့ တစ်ခုခု မှားယွင်းခဲ့ရင်တောင် ငါတို့ အဲလို ပြန်ပြောဖို့တွေး ကိုမတွေးသင့်ပါဘူး သားကြီးရာ..ငါတို့ အခြေနေတွေ ဘယ်လောက်တောင်ပြောင်းလဲခဲ့လဲ ကျေးဇူးမတင်ရင်တော င်ခုလိုတော့ပရိသတ်နဲ့ ရန်တိုက်ပြီးကျေးဇူး မဆပ်သင့်ပါဘူးညေးရာ..ဒီအချိန် s4 ခေတ်ရောက်နေပြီ…ငါ့ဟဲ့ အရင်က winner တွေသွားလုပ်လို့ မရတော့ဘူးလေညေးရာ. ” လို့လည်း ပရိသတ်နဲ့ရန်မတိုက်ပေးသင့်ဘူး ဆိုပြီးရေးသားထားပါသေးတယ် ။

” ငါတို့အပြင် media လောကမှာ ဘယ်သူနဲ့ဘယ်လို ပြသနာဖြစ်ဖြစ် ငါတို့ကိုမွေးထုတ်ပေးခဲ့တဲ့ နေရာကို တော့ အဲလို မပြောသင့်ဘူးညေးရာ…မခင်နှင်းတို့ ကိုသန့်တို့ ညေးအပေါ်ဘယ်လောက် အနွံတာခံလဲ ?ချစ်လဲ? လုပ်ပေးလဲ ဆိုတာညေးအသိဆုံးနေမှာပါ..ညေးဆို အမြဲဘုရားတရားနဲ့နေတဲ့သူကပိုနားလည်မှာပါ..ငါတို့ Idol မိသားစုနဲ့ဖြစ်ဖြစ် အပြင်လောကမှာဖြစ်ဖြစ်တစ်ခုခု ငါ့အနေအထားတွေ ငါ့အဆင့်တွေ ဘာတွေညာတွေပြောမိတော့မယ်ဆိုရင် ငါတို့ ရဲ့အရင်တုန်းက ဘာစောက်ရုပ်မှမပေါက်ခဲ့တဲ့ လူတွေနိမ်ခဲ့တဲ့ ဘဝကိုပြန်ကြည့် ရအောင်ပါ …ငါတို့အချင်းချင်းတွေပါ ငါတို့ကောင်ကြီး ဘ၀ မေ့သွားတာလားကွာ ဆိုပြီး တကယ်အဲလိုမြင်နေမိတာ..ညေး Fan ကလွဲပြီးရင် အပြင်လူတွေဆို ဘယ်လိုတောင်မြင်နေကြမလဲညေးရယ် ” လို့ ဂျူနီယာဖြစ်တဲ့ ဖြိုးမြတ်အောင်ကို မိုင်မိုင်းဆိုင်းက ဒဲ့တွေပြောခဲ့တာပဲဖြစ်ပါတယ် ။

Source : Phyoe Myat Aung

Add a Comment

Your email address will not be published. Required fields are marked *