ဟိုအရင်အတိတ်က ဝတ်မှုံရွှေရည် နဲ့ အမှတ်တရလေးတွေကို ပြန်လည်ထုတ်ပြလိုက်တဲ့ စိုင်းစိုင်း

စိုင်းစိုင်းကတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ချစ်တဲ့ပရိသတ်တွေကို ဆယ်ကျော်သက်အရွယ်က ရိုက်ကူးခဲ့တဲ့ မဂ္ဂဇင်းကာဗာဖျုဆိုတွေကို ပြန်လည်ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ အရင်က စိုင်းစိုင်း အခုစိုင်းစိုင်း မပြောင်းလဲပါ နဂိုကအတိုင်း။ ဟိုအရင်က မဂ္ဂဇင်းမျက်နှာဖုံးတွေကို ဓာတ်ပုံရိုက်ပြီးပို့ပေးတဲ့ ကိုစန်းမွန်အောင် ( ငါတို့စာပေ ) ကို ကျေးဇူးတင်ပါတယ်။ ကျွန်​နော့်မိတ်ဆွေများ တခြားကျွန်​နော်ပါတဲ့ မျက်နှာဖုံးပုံတွေတွေ့ ရှိရင်လည်း ကျေးဇူးပြုပြီး ပို့ပေးပါလို့ ​မေတ္တာရပ်ခံပါတယ်။ ” ဆိုပြီး ပုံလေးတွေနဲ့အတူုဖော်ပြခဲ့တာပါ။

ဖော်ပြခဲ့တဲ့ပုံတွေ ထဲမှာ ချစ်သူဟောင်းဖြစ်သူ နိုင်ငံကျော်ပြည်သူချစ် အနုပညာရှင် အကယ်ဒမီမင်းသမီး ဝတ်မှုံရွှေရည်နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ မဂ္ဂဇင်းမျက်နှာဖုံးလည်း ပါရှိခဲ့တာပဲဖြစ်ပါတယ်။ တွဲဖက်ရိုက်ကူးထားတဲ့ မဂ္ဂဇင်းပုံအောက်ဘက်မှာ ချစ်သူဟောင်းလေး ရွှေကစ်နဲ့ ပြန်အဆင်ပြေနေတာလားလို့မေးခွန်းတွေထုတ်နေကြတာပဲ ဖြစ်ပြီး

အရင်က စိုင်းစိုင်းပါပဲဆိုတာကလည်း ပြန်လည်အဆင်ပြေဖို့အတွက် စိုင်းစိုင်းဘက်က အလံဖြူပြလိုက်တာလားလို့ တွေးစရာပါပဲနော်။ ဒါမှမဟုတ် စိုင်းစိုင်းတစ်ယောက် အတူဖြတ်သန်းခဲ့ဖူးတဲ့ အချိန်တွေကိုပြန်လည် လွမ်းဆွတ်နေတာလားလို့ ပရိသတ်တွေက ထင်မြင်ချက်တွေပေးနေကြပါသေးတယ်။ ပရိသတ်တော်တော်များများကတော့ စိုင်းစိုင်းရဲ့ လှုပ်ရှားမှုတွေအပြင် စိုင်းစိုင်းရဲ့အချစ်ရေးကိုစိတ်ဝင်အစားဆုံးလို့ ပြောရမှာပါ။ ဒီအချိန်ထိ ချစ်သူကိုတရားဝင်ထုတ်ပြခြင်းမရှိဘဲ တစ်ယောက်တည်း

လူပျိုကြီး ဖြစ်နေတဲ့ ဦးစိုင်းကို မင်္ဂလာသတင်း ထွက်လာစေချင်နေကြတာ ဖြစ်ပြီး ချစ်သူဟောင်း ရွှေကစ်လေးနဲ့ဆို သဘောတူကြည်ဖြူသူတွေများနေကြတာပါနော်။ ပရိသတ်ကြီးလည်း စိုင်းစိုင်းနဲ့ ရွှေကစ်ရဲ့ဆက်ဆံရေး ဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲ ဆိုတာ ထင်မြင်ချက်လေးကို မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Sai Sai Kham Leng

Add a Comment

Your email address will not be published. Required fields are marked *