နာမည်ကျော် တိမ်ပင်လယ်ကြီးဆီကို မိသားစုနဲ့အတူ ခရီးထွက်နေတဲ့ အိန္ဒြာကျော်ဇင် ရဲ့ ဗီဒီယို

ပြည်သူချစ် သရုပ်ဆောင် အိန္ဒြာကျော်ဇင် ကတော့ အလုပ်တွေ ဆက်တိုက်လုပ် ကားရိုက်တွေ ဆက်တိုက်ရိုက် ခဲ့လို့ မကြာသေးခင်ကပဲ သူမ ကားတွေရုံပြိုင် တန်းစီတင်ခဲ့ရတဲ့အထိ အောင်မြင်ခဲ့သူ တစ်ဦးပါ။ အခုတော့ သူမက မိသားစုကိုအချိန်ပေးပြီး မိသားစုနဲ့အတူ တိမ်ပင်လယ်ကြီး ရှိရာဆီ ခရီးထွက်နေပါတယ်။

ပရိသတ် က အူဝဲလို့ ချစ်စနိုးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင် ဟာ တောင်ငူသံတောင်ကြီးကို ရောက်ရှိလည်ပတ်နေ တာဖြစ်ပြီး သူမတို့တည်းခိုနေတဲ့ ဟိုတယ်ကနေ လှမ်းမြင်နေရတဲ့ တိမ်ပင်လယ်ကြီးကို ပရိသတ်ဆီကို Live လွှင့်ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

အူဝဲ live လွှင့်နေတုန်း စိတ်မရှည်တဲ့ ပြေဓီရလေး ကလည်း အမေကို နောက်တစ်နေရာထပ်သွားဖို့ အတင်းကို ဆွဲနေသေးတာပါ၊ ပြီးတော့ သူက Chicken ဘယ်မှာလဲလို့လည်း အမေကို မေးလိုက်ပါသေးတယ်။ အူဝဲတို့ မိသားစုဟာ မနက် လေးနာရီလောက် နော်ဘူဘောတောင်ပေါ်ကို တက်ခဲ့ကြပြီးဖြစ်တယ်လို့ သိရပြီး ချွေးထွက်နေတဲ့ ပကတိ အလှတရားနဲ့ အူဝဲကတော့ အပြစ်ပြောစရာမရှိလောက်အောင်ကို လှနေခဲ့တာပါ။

အူဝဲ ကတော့ အလုပ်နဲ့ မိသားစုကို မျှတအောင် အချိန်ပေးတတ်သူ တစ်ဦးပါပဲ။ တိမ်ပင်လယ်ကြီးဆီကနေ သူမ live လွှင့်တဲ့ထဲမှာတော့ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ သမီးအကြီးမလေး သုသုကို မတွေ့ရပါဘူး။ ကဲ ပရိသတ်ကြီးက အူဝဲတို့ရဲ့ မိသားစုပုံလှလှလေးတွေကို ထပ်မျှော်နေပါတယ်တဲ့နော်။ အူဝဲရဲ့ တိမ်ပင်လယ်ကြီးကို ပရိသတ်ကြီးလည်း ခံစားနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Video ကြည့်ရန်

Add a Comment

Your email address will not be published. Required fields are marked *