ဆုံးရှုံးရတာတွေ များလွန်းလို့ ပြိုင်ပွဲကထွက်ရတဲ့ အခါမှာလည်း မငိုတတ်တော့ပါဘူး လို့ ရင်နင့်ဖွယ်ဖွင့်ဟလာခဲ့တဲ့ ထက်အဉ္စလီ

လက်ရှိ ကျင်းပနေတဲ့ Myanmar Idol Season 4 ကနေပြီးတော့ ပြီးခဲ့တဲ့ အပါတ်က ယှဉ်ပြိုင်မှုရလာဒ် အရ top 7 ကနေ Voting Result အနည်းဆုံးဖြစ်တဲ့ ထက်အဉ္ဇလီ တစ်ယောက် နှုတ်ဆက် ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ သူုမဟာဆိုရင် သီချင်းဆိုကောင်းမွန်ပြီး ၊ အနုပညာအပေါ် ဝါသနာကြီးပေမယ့်လည်း SMS Voting Result အရ အနည်းဆုံးသူက ထွက်ခွာရတာမို့ အခုတော့ သူမတစ်ယောက် ယခု Season မှာ Myanmar Idolကို နှုတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။

ထူးခြားမှု အနေနဲ့ သူမဟာ Myanmar Idol ကို နှုတ်ဆက် ထွက်ခွါခဲ့ရပေမယ့် မျက်ရည်မကျခဲ့တာကြောင့် ပရိသတ်ကလည်း အံ့သြမိခဲ့ကြပါတယ်။ ဒီလို မျက်ရည်မကျခဲ့တဲ့ အကြောင်းနဲ့ ပတ်သတ်ပြီးတော့ထက်အဉ္ဇလီက မီဒီယာတွေရဲ့ မေးမြန်းမှုမှာ အခုလိုပဲပြောဆိုရှင်းပြလာပါတယ်။

သူမ အနေနဲ့ အနုပညာအသိုင်းအဝိုင်းလည်းမရှိ ၊ ငွေကြေးလည်းမချမ်းသာပဲနဲ့ ယခုအတိုင်းအတာအထိရောက်ခဲ့တာကိုပဲ ကျေးဇူးတင်မိကြောင်းနဲ့ ဒီလို ထွက်ခွါမှုဟာ အလျင်အမြန်ဖြစ်တည်လာမယ်ဆိုတာကိုလည်း ကြိုတင်တွက်ဆထားပြီးဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့ ဘဝမှာ အကောင်းဆုံးတွေးချည်း ဖြစ်တည်မလာခဲ့သလို ၊ အဆိုးဆုံးတွေးချည်းပဲလည်း မဖြစ်တည်ခဲ့ဘူးလို့ သူမက ဆိုပါတယ်။

ဒီထဲကမှ သူမရဲ့ ပါပါးနဲ့ပြန်တွေ့ခဲ့ရတာ ၊ မိသားစု ပြန်ဆုံနိုင်ခဲ့တာ ကတော့ အမြတ်အစွန်း တစ်ခုဖြစ်တယ်လို့ သူမက ပြောပြပါတယ်။ သူမ အနေနဲ့ Myanmar Idol က ထွက်ခွါခဲ့ရပေမယ့်လည်း အနုပညာ ဂီတလောကကနေတော့ စွန့်ခွါသွားမှာ မဟုတ်ပဲနဲ့ ဂီတလမ်းကြောင်းကိုပဲ ဆက်လက်ပြီးတော့ လုပ်ဆောင်မယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန်

Add a Comment

Your email address will not be published. Required fields are marked *