စာေပဘာသာစံု ထူးခြၽန္ဆု ရရိွခဲ့တဲ့ အဆိုေတာ္ မီးမီးခဲ ရဲ့ သမီးေလး ဘားဘီ

အဆိုေတာ္ မီးမီးခဲ ရဲ့ သမီးႀကီး ဘားဘီ ဟာဆိုရင္ ၁၀ ႏွစ္ဆိုတဲ့ အသက္နဲ႔ မလိုက္ေအာင္ လူေကာင္ထြားသူေလးျဖစ္သလို စာေပအရာမွာလည္း လြန္စြာထူးခြၽန္သူတစ္ဦးျဖစ္ပါတယ္။ အခုလည္း သူမက သူမတက္ေရာက္ေနတဲ့ Grade 3 အခန္း A မွာ အားလံုးကိုျဖတ္ေက်ာ္ၿပီး စာေပဘာသာစံုထူးခြၽန္ဆု ဆြတ္ခူးသြားျပန္ပါၿပီ။ ေမေမမီးမီးခဲကေတာ့ စာေတာ္ၿပီး အသက္နဲ႔မလိုက္ေအာင္ လူႀကီးေလးျဖစ္ေနတဲ့ သမီးေလး ဘားဘီအတြက္ ဂုဏ္ယူမဆံုးျဖစ္ေနတာ ေတြ့ရပါတယ္။ ဘားဘီေလး ဟာ အခုမွ အသက္ ၁၀ ႏွစ္ ၃တန္းပဲ ရိွေသးတာျဖစ္ေပမယ့္ လူေကာင္ကေတာ့ အေမထက္ေတာင္ အရပ္ရွည္ေနၿပီး အတန္းထဲကရြယ္တူေတြထက္ ေခါင္း ၂ လံုးစာေလာက္ကို ျမင့္ေနတာ ျဖစ္ပါတယ္။

အဆိုေတာ္မီးမီးခဲဟာ ၾသစေၾတးလ်ႏိုင္ငံ မွာ အေျခခ်ေနထိုင္ေနတာျဖစ္ၿပီး ျမန္မာႏိုင္ငံကို အလည္ျပန္ေရာက္ေနခ်ိန္မွာ သမီးႀကီးျဖစ္သူ ဘားဘီကို အခ်ိန္ေပးေနတာျဖစ္ပါတယ္။ မီးမီးခဲရဲ့ သမီးႀကီးဟာ အရင္အိမ္ေထာင္ေဟာင္းျဖစ္တဲ့ အဆိုေတာ္ ထူးအယ္လင္းနဲ႔ ရရိွခဲ့တာျဖစ္ၿပီး ေနာက္အိမ္ေထာင္ နဲ႔ေတာ့ သမီးေလးတစ္ေယာက္ သားေလး တစ္ေယာက္ ထပ္မံရရိွထားတာပါ။

မီးမီးခဲဟာ မၾကာေသးမွီ ရက္ပိုင္းအတြင္းက ကင္ဆာေရာဂါကို အလူးအလဲခံစားခဲ့ရသူတစ္ဦးျဖစ္ၿပီး လက္ရိွအခ်ိန္ မွာေတာ့ အဆိုပါေရာဂါ ေပ်ာက္ကင္းသေလာက္နီးပါး ရိွေနၿပီလို႔ သိရပါတယ္။ ထြားက်ိဳင္းလွတဲ့ မီးမီးခဲရဲ့ သမီးေလး ဘားဘီဟာ စာေတာ္ရံုတင္မကပဲ အဆိုပညာမွာလည္း အေမနီးပါး အသံေကာင္းသူေလးတစ္ဦးပဲ ျဖစ္ပါတယ္။ ဘားဘီေလးဆုယူေနတဲ့ ဗီဒီယိုဖိုင္ေလးကိုလည္း ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

Unicode

အဆိုတော် မီးမီးခဲ ရဲ့ သမီးကြီး ဘားဘီ ဟာဆိုရင် ၁၀ နှစ်ဆိုတဲ့ အသက်နဲ့ မလိုက်အောင် လူကောင်ထွားသူလေးဖြစ်သလို စာပေအရာမှာလည်း လွန်စွာထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ အခုလည်း သူမက သူမတက်ရောက်နေတဲ့ Grade 3 အခန်း A မှာ အားလုံးကိုဖြတ်ကျော်ပြီး စာပေဘာသာစုံထူးချွန်ဆု ဆွတ်ခူးသွားပြန်ပါပြီ။ မေမေမီးမီးခဲကတော့ စာတော်ပြီး အသက်နဲ့မလိုက်အောင် လူကြီးလေးဖြစ်နေတဲ့ သမီးလေး ဘားဘီအတွက် ဂုဏ်ယူမဆုံးဖြစ်နေတာ တွေ့ရပါတယ်။ ဘားဘီလေး ဟာ အခုမှ အသက် ၁၀ နှစ် ၃တန်းပဲ ရှိသေးတာဖြစ်ပေမယ့် လူကောင်ကတော့ အမေထက်တောင် အရပ်ရှည်နေပြီး အတန်းထဲကရွယ်တူတွေထက် ခေါင်း ၂ လုံးစာလောက်ကို မြင့်နေတာ ဖြစ်ပါတယ်။

အဆိုတော်မီးမီးခဲဟာ သြစတြေးလျနိုင်ငံ မှာ အခြေချနေထိုင်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို အလည်ပြန်ရောက်နေချိန်မှာ သမီးကြီးဖြစ်သူ ဘားဘီကို အချိန်ပေးနေတာဖြစ်ပါတယ်။ မီးမီးခဲရဲ့ သမီးကြီးဟာ အရင်အိမ်ထောင်ဟောင်းဖြစ်တဲ့ အဆိုတော် ထူးအယ်လင်းနဲ့ ရရှိခဲ့တာဖြစ်ပြီး နောက်အိမ်ထောင် နဲ့တော့ သမီးလေးတစ်ယောက် သားလေး တစ်ယောက် ထပ်မံရရှိထားတာပါ။

မီးမီးခဲဟာ မကြာသေးမှီ ရက်ပိုင်းအတွင်းက ကင်ဆာရောဂါကို အလူးအလဲခံစားခဲ့ရသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန် မှာတော့ အဆိုပါရောဂါ ပျောက်ကင်းသလောက်နီးပါး ရှိနေပြီလို့ သိရပါတယ်။ ထွားကျိုင်းလှတဲ့ မီးမီးခဲရဲ့ သမီးလေး ဘားဘီဟာ စာတော်ရုံတင်မကပဲ အဆိုပညာမှာလည်း အမေနီးပါး အသံကောင်းသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ ဘားဘီလေးဆုယူနေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *