ခုတလော လူပြောများနေတဲ့ ဖြိုးမြတ်အောင် နဲ့ အိုင်ဒေါ အရှုပ်တော်ပုံ မှာ လိမ်ညာပြောဆိုခဲ့ တယ်လို့ ဝေဖန်ခံနေရတဲ့ မေကြည်




Unicode

မကြာသေးခင် က ဖြိုးမြတ်အောင် နဲ့ အိုင်ဒေါကြား မှာ ဖြစ်ပျက်ခဲ့တဲ့ ပြသနာလေး တစ်ခုက အခုအချိန်မှာ အစိုင်အခဲ တစ်ခုအနေအထားကို ရောက်ရှိလို့လာနေပါပြီ ။ ပရိသတ်ကြီးရေ ၊ အခုလို ဖြစ်ပျက်နေတဲ့ အရှုပ်တော်ပုံထဲမှာ နောက်တဖန် ဝင်ရောက်လာ တာကတော့ အိုင်ဒေါ အဆိုရှင်လေး တစ်ဦးဖြစ်တဲ့ မေကြည်ဖြစ်ပါတယ်။

မေကြည် ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ …..”လက်မှတ်ကို ဖြဲပြပြီး အမှိုက်ပုံးတောင် မဟုတ်ဘူးနော် နီးရာ ပန်းအိုးထဲ ပစ်ထည့် ထည့်ပြခဲ့တဲ့ ကိစ္စလေးပါ ထည့်ပြောလိုက်ပါဦး ။ ကိုယ်မိုက်ရိုင်းတာလေးပါ အားပေးကြပါဦးလို့ ပြောလေ အရမ်းလိမ္မာ တဲ့ ခလေးလေးရေ။ ချစ်တယ်နော် မွ ကိုယ် သိပ် စည်းကမ်း ရှိကြောင်းလေး” ဆိုပြီး ဖြိုးမြတ်အောင်ကို ရည်ရွယ်ရေးသားထား တာကိုတွေ့ရပါတယ် ။ ဒါပေမယ့် Sunday ဂျာနယ်ကို ဖြေဆိုထားတဲ့ အင်တာဗျုးမှာ ဖြိုးမြတ်အောင်ဟာ အိုင်ဒေါပွဲလက်မှတ်ကို ကိုင်ဆောင်ထားတဲ့အတွက် မေကြည့်ရဲ့ ပြောဆိုမှုအပေါ် ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေက မေးခွန်းထုတ်နေကြတာပါ ။

မေကြည်တစ်ယောက် မညာလောက်ဘူး လို့ သုံးသပ်နေကြပေမယ့် အခုကိစ္စမှာ မေးကြည့်ရဲ့ ရေးသားချက်တွေကတော့ မေးခွန်းထုတ်စရာကောင်းနေတာအမှန်ပါ ။ ကဲ ပရိသတ်ကြီးလည်း ဘယ်သူက အမှန်လဲဆို တာ မှတ်ချက်ပေးခဲ့ကြပါဦး။

Source – May Kyi

Add a Comment

Your email address will not be published. Required fields are marked *