ကမ္ဘာ့စင်မြင့်ထက်မှာ သူမကိုယ်သူမ လိင်တူချစ်သူ(Lesbian) တစ်ယောက်အဖြစ် ရဲရဲဝင့်ဝင့် ကြေညာလိုက်တဲ့ မြန်မာ့အလှမယ်လေး ဆွေဇင်ထက်

လက်ရှိ အချိန်ကတော့ အလှမယ်ပြိုင်ပွဲတော်တော်များများ ကျင်းပနေချိန်ဖြစ်ပါတယ် ။မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တွေလည်း နိုင်ငံရပ်ခြားမှာယှဉ်ပြိုင်နေကြပါတယ် ။နိုင်ငံပေါင်းများစွာယှဉ်ပြိုင်တဲ့ Miss Universe အလှမယ်ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက အလှမယ်လေး ဆွေဇင်ထက် က ဝင်ရောက်ယှဉ်ပြိုင်နေတာပဲဖြစ်ပါတယ်။

ဆွေဇင်ထက် ဟာ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင် အရပ် ၅ ပေ ၉ လက်မရှိပြီး အသက်(၂၁)နှစ်ဖြစ်ပါတယ်။ အရင်ကလည်း Miss supranational သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ဆန်ကာတင်(၁၀)ယောက် မှာ ပါဝင်ခဲ့ပါတယ်။ အခုဆိုရင်လည်း မြန်မာနိုင်ငံကိုယ်စားပြု Miss Universe Myanmar 2019 တစ်ယောက်ဖြစ်နေပါပြီ။

အမေရိကန်နိုင်ငံ မှာ Miss Universe ယှဉ်ပြိုင်နေတဲ့ ဆွေဇင်ထက် ကတော့ အင်တာဗျူးမှာ သူမဟာလိင်တူချစ်သူ တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာ့နိုင်ငံတော်တော်များများကတော့ လိင်တူချစ်သူတွေသာမက LGBT တွေကို ဝိုင်းဝန်းအားပေးနေကြတာပါ။ အလှမယ်ဆွေဇင်ထက် ကလက်ရှိမှာလည်း မိန်းမချင်းချစ်ကြိုက်နေတဲ့သူ တစ်ယောက်ပါလို့ ရဲဝံ့စွာထုတ်ဖော်ပြောဆိုခဲ့တာကြောင့် မြန်မာနိုင်ငံအပြင် ပြည်ပနိုင်ငံတွေမှ လူတော်တော်များများရဲ့ အာရုံစိုက်မှုနဲ့ ချစ်ခင်အားပေးမှုရရှိနေပါတယ်။ပရိသတ်ကြီးအမြင်ကိုလည်း ပြောသွားပါဦး…

“လက်ရှိ မယ်စကြာဝဠာမြန်မာ အလှမယ်ဆွေဇင်ထက် ဟာ အမျိုးသမီးချင်းကြိုက်နှစ်သက်သူ လိင်သူချစ်သူ တစ်ဦးဖြစ်ကြောင်းကို ကမ္ဘာ့အလှမယ် website တစ်ခုဖြစ်တဲ့ Missosology ကထုတ်ပြန်ကြေညာလိုက်ပါတယ်” Missology ကမေးခဲ့တဲ့ အင်တာဗျူးမှာတော့ ၂၀၁၅ ခုနှစ်ကတည်းက သူမဟာ လိင်တူချစ်သူ တစ်ယောက်ဖြစ်လာခဲ့ပြီး အသိုင်းအဝိုင်းကြားမှာ စိန်ခေါ်မှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ သူမရဲ့ပရိတ်သတ်တွေကတော့ သူမကို Lesbian တစ်ယောက်အဖြစ်သိထားကြပေမယ့် အားပေးနေကြဆဲလို့လဲပြောပါတယ်။

အခု အင်တာဗျုးမှာ အလှမယ်ဆွေဇင်ထက်က Lesbian ဖြစ်ကြောင်းကို တရားဝင် လူသိရှင်ကြားထုတ်ပြောခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာကိုယ်စားပြု လိင်တူချစ်သူ မယ်စကြာဝဠာ တစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဆွေဇင်ထက်အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါဦး ။

Source – Paragonia Pink

Add a Comment

Your email address will not be published. Required fields are marked *