သောကြာနေ့ တိုင်း အသည်းကွဲနေရတဲ့ ချိမ ပါလို့ ပြောလာတဲ့ Myanmar Idol ရဲ့ဒိုင် ဖြူဖြူကျော်သိန်း
Unicode
Myanmar Idol Season-4 ရဲ့ ဒိုင်တွေထဲမှာ ပရိသတ်တွေ အများဆုံး စိတ်ဝင်တစားရှိနေတဲ့ ဒိုင်ကတော့ တေးသံရှင် ဖြူဖြူကျော်သိန်း ပါ ။ တစ်ပတ်နဲ့တစ်ပတ် ပရိသတ်တွေ အံ့သြမင်သက်သွားစေမယ့် အမိုက်စား ဖက်ရှင်တွေကြောင့် အားလုံးက စောင့်ကြည့်နေရတဲ့ ဒိုင်တစ်ယောက် အဖြစ် စိတ်ဝင်စား ခံနေရတာပါ ။ ဖြူဖြူ ရဲ့ ဖက်ရှင်တွေကလည်း ပရိသတ်တွေက ချစ်စနိုးနဲ့ Troll ကြတဲ့အထိ ပရိသတ်တွေ ပါးစပ်ဖျားမှာပြောစမှတ်ဖြစ်ရလောက် တဲ့ ဖက်ရှင်တွေပဲဖြစ်ပါတယ် ။
ဖြူဖြူကို အမျိုးမျိုး Troll နေကြတဲ့ ထဲမှာ ဖြူဖြူကို ” သောကြာနေ့တိုင်း အသည်းကွဲနေတဲ့ချိမ ” လို့ Troll နေကြတယ်ဆိုတာကို ဖြူဖြူက ဒီတစ်ပတ် Result Show မှာပြောသွားခဲ့ပါတယ် ။ ဒီတစ်ပတ်သောကြာနေ့ကလည်း ဖြူဖြူ အသည်းကွဲရမယ့်နေ့ပါပဲ ပရိသတ်ကြီးရေ ..။ ဖြူဖြူ ချစ်ရတဲ့ဘယ်ပြိုင်ပွဲဝင်လေးက ပြိုင်ပွဲက နှုတ်က်ထွက်ခွာသွားမလဲဆိုတာ ကတော့ တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ ပရိသတ်ကြီးရေ ..။ ဖြူဖြူအသည်းကိုခွဲမယ့် ပြိုင်ပွဲဝင်လေးက ဘယ်သူများဖြစ်နေမလဲနော် ။
သောကြာနေ့တိုင်း အသည်းကွဲနေတဲ့ချိမ ဖြူဖြူကို ဘယ်သူက အသည်းခွဲသွားမလဲဆိုတာ ပရိသတ်တွေ စိတ်လှုပ်ရှားနေလောက်ပြီထင်ပါတယ်နော် ။ ဖြူဖြူအသည်းကိုခွဲမယ့် သူဘယ်သူဖြစ်မလဲဆိုတာ ပရိသတ်ကြီးကလည်း ခန့်မှန်းပေးကြပါဦးနော် ။
Source : Myanmar Idol
Add a Comment
Your email address will not be published. Required fields are marked *