သောက်တော်ရေချမ်း အေးချမ်းကာ ဘုရားပန်း အစဉ် လန်း နေတဲ့ အိမ်ဂေဟာ အတွက် အကျိုးထူးများ

လူ အများစု ရဲ့ သဘာဝ ၊ အများစုရယ် မဟုတ်ဘူးပေါ့လေ၊ “နတ် ကိုးကွယ်မှု အားသန်တဲ့ ပုဂ္ဂိုလ်”တွေ က ဘုရားပန်းသာ ညှိုးချင် ညှိုးပါစေ။ နတ်ပန်းတော့ အညှိုးမခံနိုင်ဘူး။

ဘုရား စင်မှာ ဆွမ်း ခဲဖွယ် ချိုချဉ်ရသာ မရှိရင် သာနေမယ်။ နတ်ရှေ့ မှာ အုန်းသီးဆို လည်း အလုံးလိုက်၊ ငှက်ပျောသီး ဆိုလည်း အဖီးလိုက် ယောဂီတို့ အိမ်တွင်းရေး မသာယာချင် ဘူးလားသာယာချင်တယ်

သာယာချင်တယ်ဆိုရင် ဘုရားပန်း မညှိုးပါစေနဲ့ ဘုရားပန်းညှိုးပြီ ဆိုရင်တော့ အနှေးနဲ့ အမြန်ပဲ ကွာမယ်ညအိမ်တွင်းရေး ပဋိပက္ခတွေဖြစ်ပြီးတော့၊ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေ ၊စိတ်ဝမ်းကွဲ တာတွေဖြစ်ကြမှာပဲ။လုပ်ငန်း၊ ကိုင်ငန်း စီးပွါးရေးတွေ လည်း ဆင်ပြေမှာ မဟုတ် တော့ဘူး။

ဂါထာတွေ၊ မန္တာန်တွေ အမြှုပ်ထွက်အောင် မရွတ်ချ င်နေပါ။ ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ် ၊သောက်တော်ရေချမ်းလေးကိုလည်း အမြဲတမ်းအေးနေအောင် ထားမယ် ဆိုရင် အိမ်တွင်းရေး လည်းအေးချမ်း၊ စီးပွားလမ်းလည်းဖြောင့် ၊ အစစအရာရာ အဆင်ပြေမှာပါ သောက်တော်ရေ တနေ့ ဘယ်နှစ်ခါ လဲတုံး။

“နှစ်ခါ” ။နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ် ထင်တယ်နော်။ ကဲ…ကိုယ်ကတော့ “ရေ” တနေ့ ဘယ်နှစ်ခါ သောက်တုံး။“ဆယ်ခါ”။ေ တ်ာတော်တရားတယ်။ ဘုရားကျတော့ ရေငတ် ထားတယ်။ကိုယ်ကျတော့ ဆာတိုင်း သောက်တယ်။

အမှန်ကတော့ ကိုယ်ရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီး ကပ်မယ် ဆိုရင် ပိုကောင်းတယ်နော်အဲဒီ လောက်ကြီး အထိ မလဲနိုင်ဘူး ဆိုရင်တောင်မှ“မနက်တခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ” တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော် ရေလေးလဲပြီး ၊

ကပ်ရင် ကောင်းတာပေါ့ကိုယ် ရေသောက်တိုင်း၊ သောက်တိုင်းလည်းပဲ ကိုယ်ပါးစပ်ထဲ ရေမထည့်ခင် ကိုယ်သောက်မယ့်ခွက်ကို လက်ကလေးနဲ့ ကိုင်ထားပြီးတော့“မြတ်စွာဘုရားရှင်အား သောက်တော်ရေလှူဒါန်းပါတယ်”လို့စိတ်ကအာရုံပြုပြီးတော့ မြတ်စွာဘုရားရှင် ကို သောက်တော်ရေ ကပ်လိုက်ပေါ့ကိုယ်သောက်တဲ့ ရေအိုးစင်နားလေးက နေပြီးတော့ ကပ်လိုက်ရုံပါပဲ။ ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး။

ဘယ်နေရာမှာပဲ ရပ်ပြီးတော့ ရေသောက်သောက်။ ကိုယ်ရေ သောက်တိုင်း မြတ်စွာဘုရားကို သောက်တော် ရေချမ်း လှူဒါန်း ပြီး မှ ကိုယ်က စွန့်သောက်ပါ အရက်သမား၊ ဘီယာသမား တချို့တောင် အရက်သောက် ခါနီး၊ ဘီယာသောက် ခါနီး ကိုယ်သောက်မယ့် အရက်ပုလင်း၊

ဘီယာ ပုလင်းကို “အရက်သမားနတ် ကိုကြီးကျော်” ကိုပသတဲ့အနေနဲ့ နဖူးရှေ့လက်နဲ့ မြှောက်ပြီး၊ အာရုံပြုကြသေးတယ် မဟုတ်လား ။ကိုကြီးကျော် တပည့်တွေထက်၊ ဘုရားတပည့်တွေ က သာမှ ဖြစ်မှာနော်သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး။ ဘာပဲစားစား။ သကြားလုံးလေး ငုံတာပဲဖြစ်ဖြစ်။

နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်၊ မြတ်စွာဘုရားကို စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား။ မစားခင်

“သရဏဂုံလေး၊ ဘာလေး” လည်း ရွတ်ပေါ့။ သရဏဂုံ ရွတ်နေတဲ့အချိန်က မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားပေါ့ သရဏဂုံလေး “သုံးခေါက်” ရွတ်ပြီးသွားပြီ ဆိုတော့မှ“ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ဘုဉ်းပေးပြီပြီးဖြစ်လို့ တပည့်တော်ကို ဆေး အဖြစ် စွန့်တော်မူပါဘုရား”လို့စွန့်ပြီး စားပေါ့နော်။

မြတ်စွာဘုရားရှင်က တန်ခိုးနဲ့ဘုဉ်းပေးလိုက်တာ ဆိုတော့ ခဏလေးနဲ့ ပြီးပြီးပေါ့ ယောဂီတို့ က စွန့်စားတာ ကြိုက်တယ် မို့လား။

အဲဒီတော့ ဘုရားကပ်ပြီးတော့စွန့်စား လိုက်တော့ စွန်စားတဲ့သူ ဖြစ်သွား တာပေါ့နိဗ္ဗာန် ဆိုတာ စွန့်စားတဲ့သူတွေမှ ရောက်တာနော်။အဲဒီတော့ ဘုရားပန်း မညှိုးပါစေနဲ့။

သောက်တော် ရေချမ်း မနွေးပါစေနဲ့။ ဒါ အရေးကြီးပါတယ်။။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၊

Add a Comment

Your email address will not be published. Required fields are marked *