အမိုက်စား ခန္ဓာကိုယ်လေးတွေပေါ်မှာ Collarbone လှလှလေးတွေ ကို ပိုင်ဆိုင်ထားတဲ့ မြန်မာဆယ်လီမလေး (၁၂) ယောက်

မိန်းကလေး တစ်ယောက် ရဲ့ လှပတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း စွဲဆောင်မှုတွေ ထဲမှာ Collar bone ကလည်း တစ်ခု အပါအ၀င် ပါ။ သူ့ကို ဆိုရင် clavicle(ညှပ်ရိုး) (သို့ မဟုတ်) Collar bone ဆိုပြီးခေါ်ကြပါတယ်။ ပခုံးနဲ့ ရင်ညွှန့်ရိုး ကြားမှာ ဒေါက်တစ်ခု လို ရှိနေတာပါ။ ဘယ်ညာ ၊တစ်ဖက် ဆီမှာရှိနေတာပါ။ လူ့ခန္ဓာကိုယ် မှာဆိုရင် ရေပြင်ညီမျဉ်း အတိုင်းရှိနေတဲ့ အရှည်ဆုံး အရိုး တစ်ခုပါ။ ပိန်ပိန်ပါးပါးနဲ့ အမျိုးသမီးတွေ မှာသာ တွေ့ရတဲ့ အရိုးလို့ ပြောလို့ရပါတယ်။ Collarbone challenge ဆိုပြီး ဘယ်၊ညာ Collarbone တစ်ဖက်စီ မှာ အကြွေစေ့တွေ တင်တဲ့ Challenge ဆိုရင် အရင်တုန်းက အရမ်းကို ရေပန်းစားခဲ့ ဖူးပါတယ်။ မြန်မာအမျိုးသမီး ဆယ်လီတွေ ထဲမှာလည်း အရမ်းမိုက်ပြီး လုံးဝ Sexy ကျတဲ့ Collarbone လှလှလေးတွေကို ပိုင်ဆိုင်ထားသူတွေ ရှိပါတယ်။ သူတို့တွေကတော့…

(၁)ရွှေအိမ်စည်

Sexy ကျကျ Collarbone လှလှကို ပိုင်ဆိုင်ထားတဲ့ ဆယ်လီ မမ ကတော့ ရွှေ အိမ်စည်ပါ။ အလှမယ် တစ်ယောက် ဖြစ်တဲ့ သူမဟာ အချိုးအစားကျနတဲ့ Body အလှကိုလည်း ပိုင်ဆိုင်ထား သူပါ။ရှည်လျားပြီး ထူတဲ့ ဆံကေသအလှ ရော၊အရမ်းလှတဲ့ အပြုံးကိုပါ ပိုင်ဆိုင်ထားပါတယ်။

(၂)ခင်ဝင့်ဝါ

နောက်ထပ် Collarbone လှလှလေးကို ပိုင်ဆိုင်ထားသူကတော့ ပရိသတ်တွေက ခေး ဆိုပြီး ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါပါ။အရမ်းကြီးတော့ မသိပေမယ့် လှပပြီး ဆွဲဆောင်မှု ရှိတဲ့ Collarbone လေးကို ပိုင်ဆိုင်ထားပါတယ်။

(၃)အောန်ဆိုင်း

နောက်တစ်ယောက်ကတော့ စူပါမော်ဒယ် အော်န်ဆိုင်းပါ။လုံးဝ စမတ်ဖြစ်ပြီး စတိုင်ကျလှပတဲ့ သူမ မှာလည်း ဆွဲဆောင်ရှိတဲ့ Collarbone ရှိပါတယ်။

(၄)M ဆိုင်းလု

Sexy အကျဆုံး Collarbone ကို ပိုင်ဆိုင်ထားပါတယ်။အကျီင်္လည်ဟိုက်နဲ့ ရင်ပြတ်တွေ ၀တ်တဲ့ အခါ မျိုးတွေမှာဆိုရင်တော့ အထင်းသားမြင်တွေ့ရပါတယ်။

(၅)အဲလစ်အုန်း

အဲလစ်အုန်းလေးကလည်း ချစ်စရာလည်း ကောင်းသလို လှပတဲ့ လည်တံလေးနဲ့ Collarbone ကို ပိုင်ဆိုင်ထားပါတယ်။

(၆)မေမြတ်နိုး

ပိန်ပိန်ပါးပါးနဲ့ လုံးဝ မော်ဒယ်စံနှုန်းနဲ့ ကိုက်ညီတဲ့ မေမြတ်နိုးနဲ့ သူမရဲ့ Collarbone အလှပါ။

(၇)မေဂရေ့စ်

တကယ့်ကို ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းတဲ့ မေဂ ရေ့စ် ရဲ့ အလှ တွေထဲမှာလည်း လည်တံ လေးနဲ့ Collarbone တွေကလည်း တကယ့်အသက်ပါ။

(၈)နော် ဖောအယ်ထား

ချစ်စရာ ကရင်မလေး နော်ဖောအယ်ထား မှာလည်း Collarbone လေးတွေ ရှိပါတယ်။

(၉)ပိုးမမှီသာ

လည်ပင်းအစေ့ လေးတွေပဲ အ၀တ်များသူမို့ Collarbone လေးကိုတော့ လူတော်တော်များများက သတိထားမိကြမှာမဟုတ်ပါဘူး။ဒါပေမယ့် တကယ်လှတဲ့ Collarbone လေးကို ပိုင်ဆိုင်ထား ပါတယ်။

(၁၀)သဇင်နွယ်ဝင်း

တော်တော်များများလည်း သတိထားမိကြမှာပါ။ခေါင်းစ ခြေဆုံး အကုန်လှတဲ့ ချစ်စရာ Presenter မှာ Collarbone လှလှ လေးတွေရှိပါတယ်။

(၁၁)Mary

အရမ်းကိုမိုက် အရမ်းကိုလှတဲ့ Collarbone လေးတွေကို ပိုင်ဆိုင်ထားတဲ့ Mary လေးပါ။

(၁၂)မေ

အသံလေးရော ရုပ်လေးရော လုံးဝဆွဲဆောင်မှုအပြည့်ရှိသူလေးပါ။ပုရိသတွေ ရဲ့ ၀န်းရံ အားပေးမှု ကို အပြည့်အ၀ ရထားတဲ့ မေ ကတော့ အရမ်းကို Sexy ကျ ၊ဆွဲဆောင်မှုအပြည့်ရှိတဲ့ Collar bone လေးတွေ ကို ပိုင်ဆိုင်ထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *