မေန႔က စိုးလြင္လြင္အမွတ္တရ ျမန္မာ အိုင္ေဒါလ္ပြဲ ကို ဝင္ၾကည့္ခြင့္မရပဲ လွည့္ျပန္ခဲ့ရတဲ့ ၿဖိဳးျမတ္ေအာင္

မေန႔က ၾကာသပေတးေန့ေလး ကေတာ့ အပတ္စဉ္ ျမန္မာအိုင္ေဒါလ္ ရဲ့ performance show ပါ ။ ဒီအပတ္မွာ စုစုေပါင္း ၿပိဳင္ပြဲဝင္ ၇ ဦးဟာ Top7 အတြက္ ကို စိုးလြင္လြင္ အမွတ္တရ သီခ်င္းမ်ားနဲ႔ သီဆိုယွဉ္ၿပိဳင္ရမွာျဖစ္ပါတယ္ ။ ဘယ္သူေတြ ေနာက္တစ္ဆင့္ တက္မယ္ ဘယ္သူေတြ လက္ျပႏႈတ္ဆက္ ရမယ္ဆိုတာေတာ့ လက္ရိွေဖ်ာ္ေျဖေန တုန္းျဖစ္ၿပီး ဒီကေန႔က်မွ အေျဖသိရမွာပါ ။

မေန႔ကၿပိဳင္ပြဲမွာ ထူးျခားျဖစ္စဉ္ ကေတာ့ ၿဖိဳးျမတ္ေအာင္ တစ္ေယာက္ ျမန္မာအိုင္ေဒါလ္ပြဲ ကို ၾကည့္ခြင့္မရတာပါ ။ ၿဖိဳးျမတ္ေအာင္ဟာ မႏွစ္က Winner ျဖစ္ခဲ့ၿပီး ျမန္မာအိုင္ေဒါလ္က ေမြးထုတ္ေပးခဲ့တဲ့ ပါရမီရွင္ တစ္ဦးလည္း ျဖစ္ပါတယ္ ။

သူဝင္ခြင့္ မရတာကေတာ့ လံုၿခံဳေရးက ဝင္ခြင့္မေပးခဲ့တာလို႔ သိရၿပီး ၿဖိဳးျမတ္ေအာင္ ကေတာ့ ေပါ့ေပါ့ပါးပါး နဲ႔ ျပန္ထြက္လာခဲ့သလို ျမန္မာအိုင္ေဒါ ၾကည့္ခြင့္မရေတာ့ မုန္႔စားၿပီးျပန္မယ္ ဆိုတဲ့အေၾကာင္းကို အရႊန္းေဖာက္ၿပီး လူမႈကြန္ရက္ေပၚမွာ မ်ွေဝခဲ့ပါတယ္ ။ ပရိသတ္ ေတြကေတာ့ ၿဖိဳးျမတ္ေအာင္ ဘက္က ေဒါသထြက္ေနခဲ့ပါတယ္ ။ စီစဉ္မႈ ညံဖ်င္းတဲ့ ျမန္မာအိုင္ေဒါလ္ ဘယ္လဲ ဘာလဲ ?

Unicode

မနေ့က ကြာသပတေးနေ့လေး ကတော့ အပတ်စဉ် မြန်မာအိုင်ဒေါလ် ရဲ့ performance show ပါ ။ ဒီအပတ်မှာ စုစုပေါင်း ပြိုင်ပွဲဝင် ၇ ဦးဟာ Top7 အတွက် ကို စိုးလွင်လွင် အမှတ်တရ သီချင်းများနဲ့ သီဆိုယှဉ်ပြိုင်ရမှာဖြစ်ပါတယ် ။ ဘယ်သူတွေ နောက်တစ်ဆင့် တက်မယ် ဘယ်သူတွေ လက်ပြနှုတ်ဆက် ရမယ်ဆိုတာတော့ လက်ရှိဖျော်ဖြေနေ တုန်းဖြစ်ပြီး ဒီကနေ့ကျမှ အဖြေသိရမှာပါ ။

မနေ့ကပြိုင်ပွဲမှာ ထူးခြားဖြစ်စဉ် ကတော့ ဖြိုးမြတ်အောင် တစ်ယောက် မြန်မာအိုင်ဒေါလ်ပွဲ ကို ကြည့်ခွင့်မရတာပါ ။ ဖြိုးမြတ်အောင်ဟာ မနှစ်က Winner ဖြစ်ခဲ့ပြီး မြန်မာအိုင်ဒေါလ်က မွေးထုတ်ပေးခဲ့တဲ့ ပါရမီရှင် တစ်ဦးလည်း ဖြစ်ပါတယ် ။

သူဝင်ခွင့် မရတာကတော့ လုံခြုံရေးက ဝင်ခွင့်မပေးခဲ့တာလို့ သိရပြီး ဖြိုးမြတ်အောင် ကတော့ ပေါ့ပေါ့ပါးပါး နဲ့ ပြန်ထွက်လာခဲ့သလို မြန်မာအိုင်ဒေါ ကြည့်ခွင့်မရတော့ မုန့်စားပြီးပြန်မယ် ဆိုတဲ့အကြောင်းကို အရွှန်းဖောက်ပြီး လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ် ။ ပရိသတ် တွေကတော့ ဖြိုးမြတ်အောင် ဘက်က ဒေါသထွက်နေခဲ့ပါတယ် ။ စီစဉ်မှု ညံဖျင်းတဲ့ မြန်မာအိုင်ဒေါလ် ဘယ်လဲ ဘာလဲ ?

Add a Comment

Your email address will not be published. Required fields are marked *