ဒုတိယမြောက်ရင်သွေး သမီးချောလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီဖြစ်တဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း

နိုဝင်ဘာလ (၂၉) ရက်နေ့မှာတော့ မင်းသမီး သဉ္ဇာနွယ်ဝင်းဟာ သူမရဲ့ ဒုတိယမြောက် ရင်သွေးလေးဖြစ်တဲ့ သမီးလေးကို ချောချောမွေ့မွေ့နဲ့ မွေးဖွားသန့်စင်ခဲ့ပြီလို့သိရပါတယ်..။ မင်းသမီး သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်း မရှိတော့ဘဲ ရပ်နားလိုက် တာပဲဖြစ်ပါတယ်..။ မင်းသမီး သဉ္ဇာနွယ်ဝင်းရဲ့သားလေးကတော့ အခုဆို အသက်(၂)နှစ်အရွယ်ရှိပြီး ယနေ့မှာတော့ ညီမလေးရဲ့ ကိုကိုဘဝ ကိုရောက်ရှိသွားပါပြီနော်..။ ပုံလေးတွေထဲမှာတော့ ကိုကိုဖြစ်သူက ညီမလေးဆီကနေ အကြည့်လေးတွေကို မဖယ်ရှားနိုင်အောင် ချစ်မဝဖြစ်နေရှာပါတယ်..။

မင်းသမီး သဉ္ဇာနွယ်ဝင်း ကတော့ သမီးလေးရရင် လုပ်ရမယ့် အရာတွေကို ကြိုတင်တွေးပြီး ပျော်နေခဲ့တာပါတဲ့..။ ယနေ့ နိုဝင်ဘာလ(၂၉)ရက်နေ့မှာတော့ မင်းသမီး သဉ္ဇာနွယ်ဝင်းရဲ့ အပျော်လေးတွေဟာ လက်တွေ့ဖြစ်လာခဲ့ပါပြီနော်..။ မင်းသမီး သဉ္ဇာနွယ်ဝင်းရဲ့ မိသားစုဘဝလေးမှာ ချစ်စရာမီးမီးလေး တစ်ယောက်တိုးလာပြီဆိုမှတော့ မိသားစုဘဝလေးကတော့ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့ ပိုမိုပျော်ရွှင်ရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်မယ်ဆိုတာက အသေအချာပါပဲနော်..။ ၂၀၁၉ နိုဝင်ဘာလ (၂၉)ရက်နေ့မှာ မင်းသမီးလေးတစ်ယောက်ကို မွေးဖွားလာနိုင်ခဲ့လို့ Congratulations ပါ မမသဉ္ဇာနွယ်ဝင်းရေ..။

ပရိသတ်ကြီး အတွက် မေမေ့အတိုင်းချစ်စရာကောင်းလွန်းတဲ့ ဘေဘီသဉ္ဇာနွယ်ဝင်းလေးရဲ့ ပုံရိပ်တချို့ကို မျှဝေပေးလိုက်ပါတယ်..။ မီးမီးလေးရဲ့ဘဝမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လှပတဲ့ မင်းသမီးလေးတစ်ပါးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…ဘေဘီ သဉ္ဇာနွယ်ဝင်းလေးရေ…..။

Source: Thinzar Nwe Win

Add a Comment

Your email address will not be published. Required fields are marked *