ဒီည Myanmar Idol က နှုတ်ဆက် ထွက်ခွာ ရမယ့် ပြိုင်ပွဲဝင်က ဘယ်သူဖြစ်မလဲ ?
Unicode
ဒီည ကတော့ တကယ်ကိုရင်ခုန် စိတ်လှုပ်ရှား စရာတွေ ပြည့်နှက်နေတဲ့ Myanmar Idol ရဲ့ Result Show ညပဲဖြစ် ပါတယ် ပရိသတ်ကြီးရေ..။ ပြိုင်ပွဲဝင်တွေ ကလည်း မနေ့ညက စိုးလွင်လွင် အမှတ်တရသီချင်းတွေကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကိုယ်ပိုင်ဟန်တွေ မပျောက်ပျက်အောင် ကြိုးစား ယှဉ်ပြိုင်ခဲ့ကြတာပါ ။ ပြိုင်ပွဲဝင် အသီးသီးရဲ့ အမာခံ ဖန်တွေနဲ့ တီဗွီဖန်သားပြင်ပေါ်က ပရိသတ်တွေကလည်း အားကြိုးမာန်တက် Vote တွေပေးပြီး အားပေးခဲ့ကြတာ ဖြစ်ပါတယ် ။
ဒီနေ့ည မှာတော့ ပြိုင်ပွဲဝင် (၇) ယောက်ထဲက တစ်ယောက်ကတော့ Myanmar Idol ကနေ နှုတ်ဆက် ထွက်ခွာသွားရတော့ မှာဖြစ်ပါတယ် ။ ဘယ်သူက နှုတ်ဆက်ထွက်ခွာသူဖြစ်မလဲ ဆိုတာကို ရင်ခုန်စိတ် လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ် ။ ဒိုင်တွေ ကတော့ သူတို့ရဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပြီး နော်စေးစေးထူး နဲ့ မူးလာတို့နှစ်ယောက် ကတော့ ဒိုင်တွေဆီက မှတ်ချက်ကောင်းတွေ မရရှိခဲ့ကြပါဘူး ။ နှစ်ယောက်လုံးကတော့ ပရိသတ်တွေ အားပေးကြမ်းတဲ့ ပြိုင်ပွဲဝင်တွေဖြစ်ပြီး Voting အရဆုံးဖြတ်မယ် ဆိုရင်တော့ Save ဖြစ်မလားမသိပေမယ့် ဒိုင်တွေကတော့ သူတို့နှစ်ယောက်ကို သိပ်အားမရခဲ့ဘူးလို့ ယူဆရပါတယ် ။
ပြိုင်ပွဲဝင်တွေ ရဲ့ အမာခံ We Love Fan တွေကတော့ သူတို့ရဲ့ Idol တွေကို နောက်တစ်ဆင့် ဆက်လက် ယှဉ်ပြိုင်ခွင့်ရဖို့ အကြိတ်အနယ် Vote ပေးနေကြတာကိုလည်းတွေ့ရပါတယ် ။ ဒီညအတွက် ပရိသတ်တွေကို နှုတ်ဆက်ပြီး ပြိုင်ပွဲကထွက်ခွာရမယ့် သူကတော့ ဘယ်သူများဖြစ်နေမလဲနော် ။ ပရိသတ်ကြီးရဲ့ အမြင်လေးတွေကိုလည်း ပြန်လည်မျှဝေပေးခဲ့ပါဦးနော် ။
Source : Myanmar Idol
Add a Comment
Your email address will not be published. Required fields are marked *