ဒိုင်တွေရဲ့ မှတ်ချက်ကောင်းတွေရခဲ့ပြီး (၁၉)နှစ်တာ ဘဝမှာ အထူးခြားဆုံးနေ့တစ်နေ့ဖြစ်သွားခဲ့တဲ့ Benjamin




Unicode

ပရိသတ်တွေ စိတ်ဝင်စားတဲ့ နေတဲ့ Myanmar Idol ကတော့ စိုးလွင်လွင်သီချင်းတွေ ကို သီဆိုယှဉ်ပြိုင်တဲ့ Week ပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။ ပရိသတ်ကြီး ချစ်ရတဲ့ ဘဂျမင် ကတော့ ဒီတစ်ပတ်မှာ စိတ်ဖြေ သီချင်းနဲ့ ဒိုင်တွေရဲ့ မှတ်ချက်ကောင်းတွေ ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပြီး သူ့အတွက် ထူးခြားတဲ့ Week လေးလည်း ဖြစ်ခဲ့တာပါ။

ဘဂျမင် ရဲ့ မေမေ ကိုယ်တိုင်လာရောက်ကာ အားပေးခဲ့တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့အတွက် ပြိုင်ပွဲဝင်တွေနဲ့ ဆရာသမားတွေအပြင် သူ့ရဲ့မေမေကိုယ်တိုင် Surprise လုပ်ခဲ့တဲ့ အတွက် အရမ်းကိုပျော်ရွှင် အားပြည့်ခဲ့တယ်လို့ သိရပါတယ်။အမေကိုတွေ့တဲ့ အချိန်ဟာ ရင်အခုန်ဆုံးအချိန် ဖြစ်ပြီး (၁၉)နှစ်မြောက်မှာ Surprise လုပ်ခံရတာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒိုင်တွေရဲ့ မှတ်ချက်တွေအနေနဲ့ တင်ဇာမော် ကတော့ ဘဂျမင်ရဲ့ သီချင်းကို အစအဆုံးစီးမျှောပြီး ပါသွားတယ်လို့ မှတ်ချက်ပေးခဲ့ပြီး ဖြူဖြူကျော်သိန်း ကတော့ တစ်ပတ်နဲ့တစ်ပတ် တိုးတက်လာပြီး ဆိုသမျှ Week တွေထဲမှာ အကောင်းဆုံး Week လို့ မှတ်ချက်ကောင်းတွေ ရရှိခဲ့တာပါ။ အောင်ကိုလတ် ကတော့ You are very very good Tonight ” ဆိုကာ မှတ်ချက်ပေး ခံခဲ့ရတာပါ။ ပရိသတ်ကြီးလည်း ဘဂျမင်ရဲ့ ဒီညသီဆိုဖျော်ဖြေမှုကို ကြိုက်ရဲ့လားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source:Myanmar Idol

Add a Comment

Your email address will not be published. Required fields are marked *