




(2)- ချစ်စိတ်ပြင်းပြမှု






Unicode ဖြင့်ဖတ်ရန်

ကိုက်တတ်တဲ့ ချစ်သူမိန်းကလေးများဟာ သင့်ဘဝအတွက် အကောင်းဆုံး လက်တွဲဖော် ဟု ပညာရှင်များက ဆို

ကမ္ဘာကျော် Lifestyle ဝက်ဆိုဒ်ကြီးတစ်ခုဖြစ်တဲ့ goodyfeed.com မှာ ချစ်သူကို အားအားရှိ ဝပ်ဝပ်ကိုက်ဖို့ ကြိုးစားတတ်တဲ့ ကောင်မလေးတွေဟာ၊ လက်တွဲသင့်တဲ့ အမျိုးသမီးလေးတွေလို့ ထောက်ခံခဲ့ပါတယ်။

ကိုက်တဲ့အခြေအနေတိုင်း ကတော့ ကောင်းတဲ့ ညွှန်းကိန်းတွေချည်းလို့ မဆိုလိုပေမယ့်၊ သင့်ချစ်သူရဲ့ စိတ်ထဲမှာ အသည်းယားလာတာနဲ့ သင့်ကို ဖွဖွလေး သွားနဲ့ကိုက်တတ်တယ်ဆိုရင်တော့ သင်ဟာ ချစ်သူရွေးထားတာ မှန်ကယ်တယ်လို့ ဆိုရမှာပါ။ အကြောင်းပြချက် တွေကို ပြောပြပေးပါမယ်။

(1)- ရင်းနီးကျွမ်းဝင်မှုရဲ့တံဆိပ်

ချစ်စနိုးအမူအယာလေးနဲ့ သွားနဲ့ကိုက်တဲ့အခါ အကိုက်ခံရသူကိုယ်တိုင်က သွားကြီးဖြီးပြီး၊ ကျေနပ်နေတဲ့အရသာကို တစ်ခြားသူတွေ နားလည်နိုင်မှာ မဟုတ်ပါဘူး။ နာတော့ မနာဘူး၊ ဒါပေမယ့် သွားရာလေးတွေ ထင်နေတတ်ပါတယ်။ ဒါလေးကိုပဲ ကြည့်ပြီး ကိုယ့်ကောင်မလေးက ကိုယ့်ကို ခင်မင်မှုကျွမ်းဝင်မှုမှာတော့ ဂိတ်ဆုံးအထိကို ရှိနေတယ်လို့ ခံစားရစေမှာပါ

(2)- ချစ်စိတ်ပြင်းပြမှု

နောက် လည်ပင်းတို့၊ ရင်ဘတ်တို့ အကိုက်ခံရတဲ့ အခြေအနေက စောစောက အခြေအနေနဲ့ မတူပါဘူုး။ ဒါဟာ သူရဲ့ ချစ်စိတ် ပြင်းပြမှု၊ အချစ်တို့ကို ဘယ်လောက်အထိ ဆာလောင်နေပြီလဲဆိုတာရဲ့ သင်္ကေတပါ

(3)- စကားလုံးတွေထက် ပိုတဲ့မေတ္တာတရား

နောက် ဒီလို ခဏခဏ ချစ်စနိုးနဲ့ ကိုက်တတ်တဲ့ အကျင့်ရှိတဲ့ ချစ်သူဟာ သူ သင့်ကို ဘယ်လောက်ချစ်ကြောင်း စကားလုံးတွေနဲ့ ပြောနေတာထက် ပိုထိရောက်တဲ့ အပြုအမူကို လုပ်လိုက်တာလို့ သတ်မှတ်လိုက်ပါ။ တစ်ခါတလေ စကားလုံးတွေ၊ စာလုံးတွေအများကြီးနဲ့ ဖော်ပြနေတာထက်စာရင် အပြုအမူလေးတစ်ခုနဲ့ တစ်ဘဝလုံး လုံလောက်သွားတာမျိုး သင် ခံစားရမှာ ဖြစ်ပါတယ်

(4)- ထာဝရ မခြဲဘူးဆိုတဲ့ အဓိပ္ပါယ်

ဒီလိုကိုက်လေ့ရှိတဲ့ အကျင့်ရှိသူတွေရဲ့ ပင်ကိုယ်စိတ်ထားကိုယ်က မိတ်ဆွေကဏ္ဍမှာဆို စိတ်ထဲကနေ တကယ်မခင်ရင် အပေါင်းအသင်းကို မလုပ်ဘူးဆိုတဲ့ အခြေခံစိတ်နေစိတ်ထားတွေ ရှိတတ်ပါတယ်။ နောက် ချစ်သူ ရွေးချယ်တဲ့အခါမှာ လည်း ဒီလိုပါဘဲ၊ သူတို့တကယ်ချစ်လို့ကတော့ ဘာဖြစ်နေနေ မခွဲတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာသူတွေ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *