ျမန္မာ့ဂုဏ္ေဆာင္ႏိုင္ဖို့ ခက္ခဲတဲ့ ၿပိဳင္ပြဲတစ္ခုကို သြားၿပိဳင္ေနရတဲ့ သက္ထားသူဇာကို အားေပးၾကပါအုံ …..း

က်ေနာ္ တို႔ ျမန္မာျပည္သူေတြ ရဲ႕ အခ်စ္ေတာ္ ျမန္မာ့ဂုဏ္ေဆာင္ ၾကက္ေတာင္မယ္ေလး သက္ထားသူဇာဟာ လတ္တေလာယွဥ္ၿပိဳင္ ၿပီးခဲ့တဲ့ INDIA INTERNATIONAL CHALLENGE 2019 ၿပိဳင္ပြဲမွာ တတိယဆုကို ရယူၿပီး ျမန္မာ့ဂုဏ္ကို ေဆာင္ခဲ့ပါတယ္…. တိုက်ိဳ အိုလံပစ္ၿပိဳင္ပြဲ ဝင္နိုင္ဖို႔ ကမၻာ့အဆင့္ တက္ေရး ႀကိဳးစားေနတဲ့ သက္ထားသူဇာဟာ အနားယူမႈေတြမလုပ္ဘဲ ဆက္တိုက္ဆိုသလို နိုင္ငံတကာက ၿပိဳင္ပြဲေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ဆုတံဆိပ္ေတြရယူကာ အမိျမန္မာျပည္ရဲ႕ ဂုဏ္ကို ေဆာင္ေနသူေလးပဲ ျဖစ္ပါတယ္…

ခုလည္းပဲ ၿပိဳင္ပြဲ တစ္ခုၿပီးတာနဲ႕ အနားမယူဘဲ ဆက္တိုက္ဆိုသလို ေနာက္ထပ္နိုင္ငံတကာၿပိဳင္ပြဲတစ္ခုကို ဝင္ေရာက္ယွဥ္ၿပိဳင္သြားမယ္လို႔ သိရပါတယ္…အဲတာကေတာ့ အိႏၵိယနိုင္ငံမွာ က်င္းပျပဳလုပ္သြားမယ့္ SYED MODI INTERNATIONAL BADMINTON CHAMPIONSHIPS 2019 ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္….

ၿပိဳင္ပြဲ ကိုေတာ့ နိုဝင္ဘာ ၂၆ ရက္ေန႕ကေန ဒီဇင္ဘာ ၁ ရက္ေန႕အထိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ၿပီးေတာ့ ဒီၿပိဳင္ပြဲကို တကယ့္ဒိတ္ဒိတ္ႀကဲ ကမၻာ့အဆင့္ရွိတဲ့ ၾကက္ေတာင္မယ္ေတြလည္း ဝင္ၿပိဳင္ၾကမွာပါ…. ဒါေၾကာင့္ ဒီၿပိဳင္ပြဲဟာ အရမ္းကို ခက္ခဲမွာ ျဖစ္ၿပီးေတာ့ သက္ထားသူဇာ ကိုလည္း က်ေနာ္တို႔ ျမန္မာျပည္က ပရိသတ္ေတြ တခဲနက္အားေပးၿပီး အားေပးစကားေတြ ေျပာဖို႔ လိုပါတယ္….

သက္ထားသူဇာ ကေတာ့ သူ႕ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကေန “ I will try my best!!အေကာင္းဆုံးႀကိဳးစားခဲ့ပါမယ္…” လို႔ ေရးသားၿပီး ပရိသတ္ႀကီးကို ကတိေပးထားတာေတြ႕ရပါတယ္ေနာ္….. ပရိသတ္ႀကီးတို႔လည္း ဒီၿပိဳင္ပြဲမွာ ကမၻာေက်ာ္ေတြပါဝင္တာေၾကာင့္ သက္ထားသူဇာ ေအာင္ျမင္မႈရဖို႔ ဝိုင္းဝန္းဆုေတာင္းေပးပါအုံးေနာ္…

Unicode

ကျနော် တို့ မြန်မာပြည်သူတွေ ရဲ့ အချစ်တော် မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်လေး သက်ထားသူဇာဟာ လတ်တလောယှဉ်ပြိုင် ပြီးခဲ့တဲ့ INDIA INTERNATIONAL CHALLENGE 2019 ပြိုင်ပွဲမှာ တတိယဆုကို ရယူပြီး မြန်မာ့ဂုဏ်ကို ဆောင်ခဲ့ပါတယ်…. တိုကျို အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ဖို့ ကမ္ဘာ့အဆင့် တက်ရေး ကြိုးစားနေတဲ့ သက်ထားသူဇာဟာ အနားယူမှုတွေမလုပ်ဘဲ ဆက်တိုက်ဆိုသလို နိုင်ငံတကာက ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်တွေရယူကာ အမိမြန်မာပြည်ရဲ့ ဂုဏ်ကို ဆောင်နေသူလေးပဲ ဖြစ်ပါတယ်…

ခုလည်းပဲ ပြိုင်ပွဲ တစ်ခုပြီးတာနဲ့ အနားမယူဘဲ ဆက်တိုက်ဆိုသလို နောက်ထပ်နိုင်ငံတကာပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်…အဲတာကတော့ အိန္ဒိယနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် SYED MODI INTERNATIONAL BADMINTON CHAMPIONSHIPS 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်…. ပြိုင်ပွဲ ကိုတော့ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီးတော့ ဒီပြိုင်ပွဲကို တကယ့်ဒိတ်ဒိတ်ကြဲ ကမ္ဘာ့အဆင့်ရှိတဲ့ ကြက်တောင်မယ်တွေလည်း ဝင်ပြိုင်ကြမှာပါ….

ဒါကြောင့် ဒီပြိုင်ပွဲဟာ အရမ်းကို ခက်ခဲမှာ ဖြစ်ပြီးတော့ သက်ထားသူဇာ ကိုလည်း ကျနော်တို့ မြန်မာပြည်က ပရိသတ်တွေ တခဲနက်အားပေးပြီး အားပေးစကားတွေ ပြောဖို့ လိုပါတယ်…. သက်ထားသူဇာ ကတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ “ I will try my best!!အကောင်းဆုံးကြိုးစားခဲ့ပါမယ်…” လို့ ရေးသားပြီး ပရိသတ်ကြီးကို ကတိပေးထားတာတွေ့ရပါတယ်နော်….. ပရိသတ်ကြီးတို့လည်း ဒီပြိုင်ပွဲမှာ ကမ္ဘာကျော်တွေပါဝင်တာကြောင့် သက်ထားသူဇာ အောင်မြင်မှုရဖို့ ဝိုင်းဝန်းဆုတောင်းပေးပါအုံးနော်…

Source : THET HTAR Thuzar

Add a Comment

Your email address will not be published. Required fields are marked *