ျမန္မာအိုင္ေဒါလ္ ၿပိဳင္ပြဲ ကေန ႏႈတ္ဆက္ထြက္ခဲ့ရၿပီးေနာက္ပိုင္း ျပႆနာေတြနဲ႕သာ ရင္ဆိုင္ေနရတဲ့ တန္ခြန္ေက်ာ္

နာမည္ေက်ာ္ ျမန္မာ အိုင္ေဒါၿပိဳင္ပြဲႀကီး မွ ပရိသတ္ အမ်ားဆုံး ၿပိဳင္ပြဲဝင္ေတြထဲ တစ္ဦးျဖစ္ ခဲ့ေပမယ့္ ၿပိဳင္ပြဲကေန ႏႈတ္ဆက္ထြက္ခြာခဲ့ရသူ နာဂ တိုင္းရင္းသားေလး တန္ခြန္ေက်ာ္ကေတာ့ ၿပိဳင္ပြဲႀကီးက ႏႈတ္ဆက္ထြက္ခြာခ်ိန္မွ စကာ ျပႆနာေတြနဲ႕သာ ရင္ဆိုင္ႀကဳံေတြ႕ေန ရတာလည္းျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ၿပိဳင္ပြဲ မွာ ႏႈတ္ဆက္ထြက္ခြာတဲ့ အေနျဖင့္ သီဆိုေဖ်ာ္ေျဖခဲ့ “သို႔ သက္ငယ္မုဒိန္းေကာင္းမ်ား” သီခ်င္းကို သီဆိုခါနီးမွာ စိတ္လႈပ္ရွားစြာနဲ႕ “ကြၽန္ေတာ္ေ႐ြးထားတဲ့ သီခ်င္း” လို႔ ေျပာရမွာကို “ကြၽန္ေတာ္ေရးသားထားတဲ့ သီခ်င္း” လို႔ မွားယြင္းေျပာဆိုမိခဲ့ပါတယ္။

မွားယြင္းေျပာဆို ခဲ့ရာမွ စကာ မီဒီယာေ တြမွာလည္း တန္ခြန္ေက်ာ္ ကိုယ္တိုင္ေရးသားထားတဲ့ သီခ်င္းလို႔ ေရးသားေဖာ္ျပလာၾကတဲ့ အခါမွာေတာ့ “သို႔ သက္ငယ္မုဒိန္းေကာင္းမ်ား” သီခ်င္းရဲ႕ ပဲ့ကိုင္ရွင္ ေတးေရးဆရာ ခ်မ္းဘို ကဆက္လက္ သည္းမခံနိုင္တဲ့ အဆုံးမွာေတာ့ တရားစြဲမယ္ဆိုတဲ့ သတင္းေတြ ထြက္လာတဲ့ အထိပါပဲ။ တန္ခြန္ေက်ာ္ဟာ “သို႔ သက္ငယ္မုဒိန္းေကာင္းမ်ား” သီခ်င္းရဲ႕ ပဲ့ကိုင္ရွင္ ေတးေရးဆရာ ခ်မ္းဘိုနဲ႕ ေတးသံရွင္ ေစာလားေထာ္ဝါးတို႔ကို ေတာင္းပန္စာေရး တင္ရာမွာေတာ့ “ေနာင္တမ်က္ရည္” ဆိုတဲ့ ဓမၼသီခ်င္းဟာ သူ႕ထင္ျမင္ထားတဲ့ အတိုင္း အဖိုးျဖစ္သူ(၁၉၈၄)ခုႏွစ္မွာ ေရးစပ္ခဲ့တာျဖစ္ၿပီး ေတးေရးဆရာေနရာမွာ ေတးေရးေသာမတ္စ္လို႔ ျမင္လိုက္ရခ်ိန္ သိပ္ဝမ္းနည္သြားလို႔ ေတးေရးခ်မ္းဘိုကို ကိုယ္ခ်င္းစာတာေၾကာင့္ သာဓကနဲ႕ ရွင္းျပေတာင္းပန္ ခဲ့တာျဖစ္ပါတယ္။

“ေနာင္တမ်က္ရည္” ဆိုတဲ့ ဓမၼသီခ်င္း ဟာ ေတးေရးဆရာ ေသာမတ္စ္ရဲ႕ သီခ်င္းျဖစ္ေၾကာင္း (၁၉၇၉)ခုႏွစ္ထဲက ေရးသားခဲ့တာျဖစ္ၿပီး နိုင္ငံေက်ာ္ေတးသံရွင္ ျမန္မာျပည္သိန္းတန္ အရင္ဆိုခဲ့တာလို႔ ေတးေရးဆရာႀကီး ေသာမတ္စ္ မိသားစုမွ ျပန္လည္ေျဖရွင္ခဲ့ပါတယ္။ ေတးေရးဆရာႀကီး ေသာမတ္စ္ မိသားစုမွ တန္ခြန္ေက်ာ္ကို လာေရာက္ေတာင္းပန္ရန္ လူသိရွင္ၾကားေျပာဆိုခဲ့ကာ မေတာင္းပန္ပါက အသေရဖ်က္မႈနဲ႕ တရားစြဲဆိုမယ္လို႔ လူမႈကြန္ရက္ စာမ်က္ႏွာမွ ေျပာၾကားခဲ့ၿပီး မၾကာမွီမွာပဲ တန္ခြန္ေက်ာ္မွ လာေရာက္ေတာင္းပန္တာမို႔ ေက်ေအးသြားၿပီျဖစ္တဲ့ အေၾကာင္းကို “က်ေနာ့္ POST ကို ၃ နာရီအတြင္း ဖ်က္လိုက္ပါေတာ့မယ္ ညီေလး တန္ခြန္ေက်ာ္ကိုလည္း ဘုရားရွင္ပိုၿပီး ေကာင္းခ်ီးေပးပါေစ ျပန္ၿပီးေတာင္းပန္တဲ့ အတြက္လည္း ေက်းဇူးအႀကီးႀကီးတင္ပါတယ္ ငါ့ညီ” လို႔ ေတးေရးဆရာေသာမတ္စ္ ရဲ႕ မိသားစုဝင္တစ္ဦးရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေဖာ္ျပခဲ့တာမို႔ ပရိသတ္ႀကီအတြက္ မွ်ေဝေပးလိုက္ပါတယ္။

Unicode

မြန်မာ အိုင်ဒေါပြိုင်ပွဲကြီး မှ ပရိသတ် အများဆုံး ပြိုင်ပွဲဝင်တွေထဲ တစ်ဦးဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရသူ နာဂ တိုင်းရင်းသားလေး တန်ခွန်ကျော်ကတော့ ပြိုင်ပွဲကြီးက နှုတ်ဆက်ထွက်ခွာချိန်မှ စကာ ပြဿနာတွေနဲ့သာ ရင်ဆိုင်ကြုံတွေ့နေ ရတာလည်းဖြစ်ပါတယ်။ အကြောင်းကတော့ ပြိုင်ပွဲ မှာ နှုတ်ဆက်ထွက်ခွာတဲ့ အနေဖြင့် သီဆိုဖျော်ဖြေခဲ့ “သို့ သက်ငယ်မုဒိန်းကောင်းများ” သီချင်းကို သီဆိုခါနီးမှာ စိတ်လှုပ်ရှားစွာနဲ့ “ကျွန်တော်ရွေးထားတဲ့ သီချင်း” လို့ ပြောရမှာကို “ကျွန်တော်ရေးသားထားတဲ့ သီချင်း” လို့ မှားယွင်းပြောဆိုမိခဲ့ပါတယ်။

မှားယွင်းပြောဆို ခဲ့ရာမှ စကာ မီဒီယာေ တွမှာလည်း တန်ခွန်ကျော် ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းလို့ ရေးသားဖော်ပြလာကြတဲ့ အခါမှာတော့ “သို့ သက်ငယ်မုဒိန်းကောင်းများ” သီချင်းရဲ့ ပဲ့ကိုင်ရှင် တေးရေးဆရာ ချမ်းဘို ကဆက်လက် သည်းမခံနိုင်တဲ့ အဆုံးမှာတော့ တရားစွဲမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့ အထိပါပဲ။ တန်ခွန်ကျော်ဟာ “သို့ သက်ငယ်မုဒိန်းကောင်းများ” သီချင်းရဲ့ ပဲ့ကိုင်ရှင် တေးရေးဆရာ ချမ်းဘိုနဲ့ တေးသံရှင် စောလားထော်ဝါးတို့ကို တောင်းပန်စာရေး တင်ရာမှာတော့ “နောင်တမျက်ရည်” ဆိုတဲ့ ဓမ္မသီချင်းဟာ သူ့ထင်မြင်ထားတဲ့ အတိုင်း အဖိုးဖြစ်သူ(၁၉၈၄)ခုနှစ်မှာ ရေးစပ်ခဲ့တာဖြစ်ပြီး တေးရေးဆရာနေရာမှာ တေးရေးသောမတ်စ်လို့ မြင်လိုက်ရချိန် သိပ်ဝမ်းနည်သွားလို့ တေးရေးချမ်းဘိုကို ကိုယ်ချင်းစာတာကြောင့် သာဓကနဲ့ ရှင်းပြတောင်းပန် ခဲ့တာဖြစ်ပါတယ်။

“နောင်တမျက်ရည်” ဆိုတဲ့ ဓမ္မသီချင်း ဟာ တေးရေးဆရာ သောမတ်စ်ရဲ့ သီချင်းဖြစ်ကြောင်း (၁၉၇၉)ခုနှစ်ထဲက ရေးသားခဲ့တာဖြစ်ပြီး နိုင်ငံကျော်တေးသံရှင် မြန်မာပြည်သိန်းတန် အရင်ဆိုခဲ့တာလို့ တေးရေးဆရာကြီး သောမတ်စ် မိသားစုမှ ပြန်လည်ဖြေရှင်ခဲ့ပါတယ်။ တေးရေးဆရာကြီး သောမတ်စ် မိသားစုမှ တန်ခွန်ကျော်ကို လာရောက်တောင်းပန်ရန် လူသိရှင်ကြားပြောဆိုခဲ့ကာ မတောင်းပန်ပါက အသရေဖျက်မှုနဲ့ တရားစွဲဆိုမယ်လို့ လူမှုကွန်ရက် စာမျက်နှာမှ ပြောကြားခဲ့ပြီး မကြာမှီမှာပဲ တန်ခွန်ကျော်မှ လာရောက်တောင်းပန်တာမို့ ကျေအေးသွားပြီဖြစ်တဲ့ အကြောင်းကို “ကျနော့် POST ကို ၃ နာရီအတွင်း ဖျက်လိုက်ပါတော့မယ် ညီလေး တန်ခွန်ကျော်ကိုလည်း ဘုရားရှင်ပိုပြီး ကောင်းချီးပေးပါစေ ပြန်ပြီးတောင်းပန်တဲ့ အတွက်လည်း ကျေးဇူးအကြီးကြီးတင်ပါတယ် ငါ့ညီ” လို့ တေးရေးဆရာသောမတ်စ် ရဲ့ မိသားစုဝင်တစ်ဦးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြခဲ့တာမို့ ပရိသတ်ကြီအတွက် မျှဝေပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *