ရေးထားတဲ့ စာသားတွေက ဖတ်မိသူတိုင်း “တောက်” ခေါက်သွားစေနိုင်တယ် … ကြမ်းထော်နေတာပဲ မိုက်တယ် … ရေးချက်

Posted on

စာသားတွေ က ကြမ်းထော်နေတာပဲ မိုက်တယ် … ရေးချက် ကို ကြိုက်လို့ ကူးပြီးပြန်တင် ပေးလိုက်တာပါ ။

သိန်း ၈၀၀၀ တန် ကားလက်ဆောင်ပေးတဲ့ ယောက်ျားကို လိုချင်ရင် …..ကိုယ် ကိုယ်​တိုင်၌က ရုပ်ပိုင်းဆိုင်​ရာရော …. စိတ်ပိုင်းဆိုင်​ရာပါ အနည်းဆုံး တော့သိန်း ၄၀၀၀ လောက်တန်အောင်ကြိုးစားကြပါ ကိုယ်တိုင်က ၁၀ တန်းလည်းမအောင် ဝင်ငွေက တလ ၂ သိန်းမပြည့် ၊ ရုပ်ရည်က ရွက်ကြမ်း ရည်ကြို …. မိဘကလည်း လက်လုပ် လက်စား ဘဝသမား …. အဲ့လိုလူမျိုးတွေက သိန်း ၈၀၀၀ တန် ကားလက်ဆောင်ပေးတဲ့ … post ကို …. သူတို့ရည်းစား ကောင်လေးတွေဝေါမှာ လာလာ Tag ကြတာမြင်တော့ ငါ့တပည့်တွေ အစားရင်နာမိတယ် ….. Ro ခွင့်ရှိတယ် Overtine ခွင့်မရှိဘူး။

လက်ချင်းချိတ်ပြီး 200 တန်​ YBS တူတူစီးရဲတဲ့ လက်တွဲဖော် အစစ်ကိုသာရှာကြပါ သားတို့ ။

မင်းဆီမှာ ငွေတသောင်းပဲရှိမှန်း သိရက်နဲ့ ငွေ ၈၀၀၀ သုံးရက်တဲ့ မိန်းမဟာ မင်းသိန်း ၁၀၀ ရှိရင် သူ သိန်း ၈၀ ဖြုန်းဖို့ ဝန်လေးမှာမဟုတ်ဘူး မင်းမှာရှိတဲ့ငွေ ၁၀၀၀၀ ကို မုန့် ၂၀၀၀ ဖိုးလောက်စားပြီး ကျန်တဲ့ပိုက်ဆံကို မင်းအဆင်ပြေဖို့ အလိုက်တသိ ချန်ထားပေးတဲ့ မိန်းမမျိုးသာ လက်တွဲဖော်ဖြစ်သင့်တာပေါ့။

ဘူဖေး အဝစားဘယ်လောက် ဟိုဆိုင်​မှာ စားရင် ဘယ်လောက် ဒါတွေ Share ပြီး “လိုက်ကျွေးကိုကို” ဆိုတာမျိုးထက် “ ကို့ကို သဲဒါမျိုးလေးချက်ကျွေးမယ်” “ကို ဒါမျိုးလေးကြိုက်လား သဲချက်ပေးမယ်” ဆိုတာပဲ ရေးသင့်တယ်​ …. တင်သင့်တယ် ….. Ro သင့်​တယ်​ …

မိန်းကလေးဖိနပ်ကို ဒူးထောက်ပြီးစီးပေးတဲ့ post တွေကို ထိုင် Share ပြီး ဒါမျိုးမှ Ro တယ်ထင်နေတာမျိုးထက် … ရွှေတိဂုံဘုရားကို ဖိနပ်လေးကိုယ်စီကိုင်ပြီး လှေကားထစ် တွေပေါ်တက်တိုင်း မင်းမျက်နှာလေးကိုတစိမ့်စိမ့်ကြည့် ပြီး ပီတိဖြစ်မယ့်မိန်းကလေးမျိုးကိုသာရှာသင့်တယ် ။

ကားသိပ်မက်တဲ့ မိန်းမမျိုးဟာ ကားရှိတဲ့ လူတွေ့ရင်ပါသွားမှာပဲ….. ကားစုတ် ရှိတဲ့သူဆီကနေ နောက်ဆုံးပေါ် ကား​ကောင်းရှိတဲ့ သူဆီပါသွားမှာပဲ ….. မင်းကိုတော့ ကျော်သူ့ ကားပေါ်တင်ရင် တင်ပေးလိမ့်မယ် ။ သူကတော့ ဇိမ်​ခံကားပေါ်ကနေ မင်းကိုတာ့တာပြသွား မှာ​အ​သေချာဘဲလေ …

စည်းစိမ်​ ချမ်းသာတာကိုမက်တဲ့ မိန်းမဟာ …. မင်းထက် ချမ်းသာတဲ့သူနဲ့တွေ့ရင်ပါသွားမှာ … Six pack ကိုမှကြိုက်တဲ့မိန်းမဟာ ….. မင်းဗိုက်ပူလာ တဲ့အချိန်ထားခဲ့မှာပဲ … ရုပ်ချောတာကြိုက်တဲ့ မိန်းမဟာ မင်းအိုမင်းလာချိန်….မင်းထက်ပိုမိုချောမောတဲ့သူနဲ့ ​တွေ့ရင်ပါသွားမှာပဲ …မင်းမှမင်းဘဲဖြစ်နေလို့ မင်းကို ချစ်နေတဲ့မိန်းမမျိုးကသာ မင်းကိုတသက်လုံးချစ်နေမှာ ​သေချာတယ်။

မင်းဆီမှာရှိတဲ့ မင်းမလုပ်နိုင်တဲ့အရာတွေကို အပြစ်မြင် ငြူစူစောင်းမြောင်းပီး ​သောက​တွေ​ပေနေမယ့် အစား မင်းမလုပ်နိုင်တာတွေကို သူဝိုင်းကူပြီးမင်းလုပ်နိုင်စွမ်း ရှိတာတွေကိုအပြုံးတွေနဲ့ ချီးကျူးနေမယ့် မိန်းမမျိုးကသာလျှင် မင်းကိုတဘဝလုံးစာ လက်တွဲထားနိုင်မှာပါ …..

ချောကလတ် နဲ့ပန်းစည်းမျှော်နေတာထက် မင်းစာမေးပွဲ မင်းအလုပ် …. မင်းရဲ့ဘဝ​နောင်​​ရေး​တွေအတွက် ဘုရား ဆွမ်းတော်ကပ် ပန်းပူဇော်ပြီး မင်းကွယ်ရာမှာ မင်းတဦး တည်းအတွက် သစ္စာရှိရှိ ဆုတောင်းပေးနေမယ့်မိန်းမမျိုး ကသာ အမိနဲ့တူသောမိန်းမ …. ညီမနှင့်တူသောမိန်းမ … ကျွန်​နဲ့တူ​သောမိန်းမ မျိုးပါ ။ အဲတော့ ၃ သောင်းတန် ပီဇာတစ်ပြားစားရဖို့အငတ်ခံငွေ စုရဦးမယ့်အစား …. ၁၀၀ ကျပ်​တန် ဆမူစာလေးစားပြီး အပိုငွေကိုစုကြပါ ။

big respect ပါ သားတို့ရဲ့ဆရာစွာ

Leave a Reply

Your email address will not be published. Required fields are marked *