သူမ ရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလာတဲ့ မင်းသမီးချောလေး ခေးဆက်သွင်
Unicode
မင်းသမီးချောလေး ခေးဆက်သွင် ကတော့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲများနဲ့ ပရိသတ်တွေ ရဲ့ ရင်ထဲကို ဝင်ရောက်လာတဲ့ မင်းသမီး တစ်လက်ပဲဖြစ်ပါတယ်..။ ကာရိုက်တာပေါင်းစုံကို ပရောဖက်ရှင်နယ်ကျကျ သရုပ်ဆောင်နိုင်တဲ့ တက်သစ်စ မင်းသမီး တစ်လက်လို့ဆိုရမှာပါ..။ တစ်နှစ်နဲ့ တစ်နှစ် မတူတဲ့ အရည်အချင်းများနဲ့ မြန်မာဆန်ဆန်လှလှလာတဲ့သူလေးပါပဲနော်..။
ခေးဆက်သွင် လေးဟာ “နှင်းဆီ” ရုပ်သံဇာတ်လမ်းတွဲ နဲ့ ပရိသတ်တွေအတွက် နှင်းဆီ တစ်ပွင့်လေးလို ချစ်မြတ်နိုးနှစ်သက် ခံရတဲ့သူပဲဖြစ်ပါတယ်..။ ဇာတ်လမ်းထဲက ကာရိုက်တာ အတိုင်းနှင်းဆီလေးကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေ အချစ်ပိုနေရ တဲ့သူလို့ ဆိုရမှာပါ..။ ခေးဆက်သွင်လေးက အနုပညာ အလုပ်တွေကိုသာ အဆက်မပြတ် လုပ်ဆောင်နေပြီး အချစ်ရေးသတင်းကတော့ ဘာမှမကြားရအောင် တည်ငြိမ်နေတာပဲဖြစ်ပါတယ်..။
ခေးဆက်သွင်က သူမရဲ့ အချစ်ရေး အကြောင်းကို “ သူများကေလေးတွေတောင် မူကြိုတက်နေပြီ..။ ငါဖြင့် Pre wedding ပုံတွေတောင် ခရူတီဘူတီပင်ကီဘေဘီဘူး အဖြစ်နဲ့တစ်ယောက်ထဲ ရိုက်နေရတုန်း” ဆိုတဲ့ စာသားလေးတွေနဲ့ အတူ ရိုက်ထားတဲ့ အလှပုံလေးများကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ခေးလေးတော့ သူမအချစ်ရေးကို သူမကိုယ်တိုင်ပဲ အပီအပြင်ကို ဝေဖန်နေတာပါပဲနော်.။ ပရိသတ်ကြီးရော မင်းသမီးလေး ခေးဆက်သွင်လေးကို တစ်ယောက်တည်းပဲ မြင်ချင်လား..။ ဘေးမှာ ကိုယ်ရံတော်လေး ရှိစေချင်ပြီလား ..။ ကွန်မန့်လေးတွေရေးသွားပါဦးနော်..။
Source:Khay Sett Thwin
Add a Comment
Your email address will not be published. Required fields are marked *