သရုပ္ေဆာင္ ကစ္ကစ္ ရဲ့ ေနာက္ဆုံး ခရီးေလးမွာလည္း အေကာင္းဆံုးျဖစ္ေအာင္ စီစဥ္ေပးေနတဲ့ ခင္သဇင္

တစ္ႏိုင္ငံလံုးက ပရိသတ္ေတြ ခ်စ္ခင္ အားေပးၾကတဲ့ ဟာသ သရုပ္ေဆာင္ ကစ္ကစ္ ကေတာ့ ဘဝတစ္ပါးသို့ ကူးေျပာင္း ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။ ကစ္ကစ္က သူမအသက္ရွင္စဥ္ အခ်ိန္တုန္းက ရုပ္ရွင္ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ အေရးပါတဲ့ ဇာတ္ပို့၊ ဇာတ္ရံအခန္းေတြ မွာ သရုပ္ေဆာင္ခဲ့ရျပီး ပရိသတ္ေတြ ရဲ့ အားေပးမႈကို ရရိွခဲ့တာ ျဖစ္ပါတယ္။ ကစ္ကစ္က နာတာရွည္ေရာဂါကို ခံစားေနရတာ ၾကာျပီဆိုေပမယ့္ အခုလို ကြယ္လြန္သြားတဲ့ အခါ ပရိသတ္ေတြနဲ့တကြ အနုပညာအသိုင္းအဝိုင္းက စိတ္မေကာင္းျဖစ္ၾကတာ ျဖစ္ပါတယ္။

ကစ္ကစ္ ေနမေကာင္းစဥ္ ကတည္းက လိုအပ္တာမွန္သမွ် ကူညီ ေစာင့္ေရွာက္ေပးခဲ့တဲ့ သရုပ္ေဆာင္ ခင္သဇင္ကေတာ့ အားလံုုးထက္ပိုျပီး ဝမ္းနည္းပူေဆြးေနရမွာ ျဖစ္ပါတယ္။ ခင္သဇင္က ကစ္ကစ္ရဲ့ ေဆးဖိုးဝါးခ၊ အိမ္စရိတ္၊ သံုးစရိတ္ေတြအတြက္ သူမကိုယ္တိုင္ တစ္သက္စာ လွဴထားသလို၊ အလွဴရွင္ေတြကိုလည္း လိုက္လံ ရွာေဖြေပးထားတာ ျဖစ္ပါတယ္။

ကစ္ကစ္ အတြက္ အသံုးစရိတ္ေတြ ကာမိဖို့ အလွဴေငြေတြ လံုလံုေလာက္ေလာက္ ရရိွကာမွ ကစ္ကစ္တစ္ေယာက္ အခုလို ရုတ္တရက္ ကြယ္လြန္သြားလို့ ခင္သဇင္ခမ်ာ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္ျပီး က်န္ခဲ့ရပါတယ္။ ခင္သဇင္က ကစ္ကစ္ရဲ့ နာေရးအတြက္လည္း ကိုယ္ေရာ၊ စိတ္ပါ အပင္ပန္းခံ ကူညီေပးေနသူ ျဖစ္ပါတယ္။

ခင္သဇင္ က “မကစ္ ဈာပနအတြက္ အင္တိုက္အားတိုက္ လုံးပန္း ။ ေနာက္ဆုံးခရီးမွာလည္း အေကာင္းဆုံးနဲ႔ အၿမိဳင္ဆိုင္ဆုံး ျဖစ္ေအာင္ စီစဥ္ေနပါတယ္။ လာေရာက္ လႉဒါန္းသူမ်ားႏွင့္ ႐ုပ္ရွင္ အစည္းအ႐ုံးမွ လူႀကီးမ်ားကိုလည္း အထူးပဲ ေက်းဇူးတင္ပါတယ္ရွင္ 🙏🏻” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာထားပါတယ္။

ခင္သဇင္ ကေတာ့ သူမနဲ့ ေဆြးမ်ိဳးမေတာ္ေပမယ့္ ကစ္ကစ္ကို ကုိယ့္အစ္မအရင္း တစ္ေယာက္လို ေစာင့္ေရွာက္ေပးခဲ့သူေလး ျဖစ္ပါတယ္။ ခင္သဇင္တစ္ေယာက္ ကစ္ကစ္ အသက္ရွင္စဥ္အခ်ိန္ကတည္းက အခုကြယ္လြန္ျပီး စ်ာပနအတြက္ ၾကိဳးစားေပးေနတာ ေလးစားစရာပါပဲ။

Unicode

ပရိသတ်တွေ ချစ်ခင် အားပေးကြတဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ် ကတော့ ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကစ်ကစ်က သူမအသက်ရှင်စဉ် အချိန်တုန်းက ရုပ်ရှင် ဇာတ်ကားတော်တော်များများမှာ အရေးပါတဲ့ ဇာတ်ပို့၊ ဇာတ်ရံအခန်းတွေ မှာ သရုပ်ဆောင်ခဲ့ရပြီး ပရိသတ်တွေ ရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ကစ်ကစ်က နာတာရှည်ရောဂါကို ခံစားနေရတာ ကြာပြီဆိုပေမယ့် အခုလို ကွယ်လွန်သွားတဲ့ အခါ ပရိသတ်တွေနဲ့တကွ အနုပညာအသိုင်းအဝိုင်းက စိတ်မကောင်းဖြစ်ကြတာ ဖြစ်ပါတယ်။

ကစ်ကစ် နေမကောင်းစဉ် ကတည်းက လိုအပ်တာမှန်သမျှ ကူညီ စောင့်ရှောက်ပေးခဲ့တဲ့ သရုပ်ဆောင် ခင်သဇင်ကတော့ အားလုံုးထက်ပိုပြီး ဝမ်းနည်းပူဆွေးနေရမှာ ဖြစ်ပါတယ်။ ခင်သဇင်က ကစ်ကစ်ရဲ့ ဆေးဖိုးဝါးခ၊ အိမ်စရိတ်၊ သုံးစရိတ်တွေအတွက် သူမကိုယ်တိုင် တစ်သက်စာ လှူထားသလို၊ အလှူရှင်တွေကိုလည်း လိုက်လံ ရှာဖွေပေးထားတာ ဖြစ်ပါတယ်။

ကစ်ကစ် အတွက် အသုံးစရိတ်တွေ ကာမိဖို့ အလှူငွေတွေ လုံလုံလောက်လောက် ရရှိကာမှ ကစ်ကစ်တစ်ယောက် အခုလို ရုတ်တရက် ကွယ်လွန်သွားလို့ ခင်သဇင်ခမျာ တော်တော်လေး စိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့ရပါတယ်။ ခင်သဇင်က ကစ်ကစ်ရဲ့ နာရေးအတွက်လည်း ကိုယ်ရော၊ စိတ်ပါ အပင်ပန်းခံ ကူညီပေးနေသူ ဖြစ်ပါတယ်။

ခင်သဇင် က “မကစ် ဈာပနအတွက် အင်တိုက်အားတိုက် လုံးပန်း ။ နောက်ဆုံးခရီးမှာလည်း အကောင်းဆုံးနဲ့ အမြိုင်ဆိုင်ဆုံး ဖြစ်အောင် စီစဉ်နေပါတယ်။ လာရောက် လှူဒါန်းသူများနှင့် ရုပ်ရှင် အစည်းအရုံးမှ လူကြီးများကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်ရှင် 🙏🏻” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။ ခင်သဇင် ကတော့ သူမနဲ့ ဆွေးမျိုးမတော်ပေမယ့် ကစ်ကစ်ကို ကိုယ့်အစ်မအရင်း တစ်ယောက်လို စောင့်ရှောက်ပေးခဲ့သူလေး ဖြစ်ပါတယ်။ ခင်သဇင်တစ်ယောက် ကစ်ကစ် အသက်ရှင်စဉ်အချိန်ကတည်းက အခုကွယ်လွန်ပြီး ဈာပနအတွက် ကြိုးစားပေးနေတာ လေးစားစရာပါပဲ။

Source: Khin Thazin’s fb

Add a Comment

Your email address will not be published. Required fields are marked *