သူမ ရဲ့ ရွာက အိမ်လေးကို ပရိသတ်တွေ ကြည့်ရူ့နိုင်စေရန် ဗီဒီယိုလေးရိုက်ကာ တင်ပေးလိုက်တဲ့ ဖြူဖြူထွေး




Unicode

ပရိသတ်ကြီးရေ.. ဟာသ သရုပ်ဆောင် ဖြူဖြူထွေး ကတော့ အနုပညာလောက မှာ ပရိသတ်တွေ အခိုင်အမာ အောင်မြင်တဲ့ အနုပညာရှင် တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ စိတ်ဝင်စား အာရုံစိုက်မှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်နော်။ အနုပညာလောကမှာ တဖြည်းဖြည်း နဲ့ အောင်မြင်မှုတွေ ရရှိလာတဲ့ အလျောက် လှူဒါန်းကုသိုလ်ယူ မှုလေးတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး အခုတစ်ခါမှာလည်း သူမနဲ့အတူ အလှူလေးပြုလုပ်ဖို့အတွက် ပရိသတ်တွေကို ဖိတ်ခေါ်လိုက်ပြန်ပါတယ်နော်။

မကြာခဏ ဆိုသလို ပရိတ်သတ်တွေ အတွက် ဟာသဗီဒီယိုလေးတွေကို အမြဲတင်လေ့ရှိပြီး ပရိတ်သတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ရရှိထားတာဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးနေပြီဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ သူမရဲ့ရွာက အိမ်လေးကို ပရိသတ်တွေကြည့်ရူ့နိုင်စေရန် ဗီဒီယိုလေးရိုက်ကာ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ ဗီဒီယိုလေးထဲမှာ ဖြူဖြူထွေးတစ်ယောက် အရမ်းချစ်ဖို့ကောင်းသလို ရိုးသားပွင့်လင်းတဲ့ စိတ်ဓာတ်လေးကို ပါတွေ့မြင်ရ တာဖြစ်ပါတယ်။

သူမကတော့ အမြဲပျော်ပျော်ရွင်ရွင်နေ တက်သူဖြစ်ပြီး သူမရဲ့ အပျော်တွေကလည်း ပရိသတ်တွေကို ကူးစက်စေခဲ့တာလည်းဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ အတွက် ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဖြူဖြူထွေးရဲ့ ရှေ့ဆက်မယ့်အနုပညာ အလုပ်တွေလည်း ပိုမိုအောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *