တန်ခွန်ကျော် ကို တရားစွဲမယ့်အကြောင်း လူသိရှင်ကြားကြေညာလိုက်တဲ့ တေးရေးသောမတ်စ်တို့ မိသားစု

ပရိသတ်ကြီးရေ အပြောမတတ် တဲ့ တန်ခွန်ကျော် တစ်ယောက် ရုံးတွေ ဂတ်တွေ နဲ့ နီးပြန်ပါပြီ ၊ အခု တစ်ခေါက်မှာတော့ တေးရေး သောမတ်စ် ရဲ့ မိသားစု ဝင်တွေက တန်ခွန်ကျော် ကို တရားစွဲဖို့ ကြေငြာလိုက်တာပါ ။ဖြစ်တာကတော့ အရင်ရက်ပိုင်းက တန်ခွန်ကျော် တစ်ယောက် စောလထော်ဝါး ကို တောင်းပန်စာ မှာရေးသားခဲ့တဲ့ ဘုရားကျောင်း သီချင်း ကနေ စတာပါဘဲ ။ အဆိုပါ ဓမ္မတေးဟာ တန်ခွန်ကျော် ရဲ့ အဖိုးရေးသားခဲ့တာ မဟုတ်ဘဲ တေးရေးသောမတ်စ် ကိုယ်တိုင်ရေးသားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တေးရေးသောမတ်စ် ရဲ့ သမီးဖြစ်သူ Yadanar Thomas က “#share ပေးကြပါ Myanmar Idol saeason 4 တန်ခွန်ကျော် ရဲ့အမှား မသိရင် ငါ့အဖေက ညာတုတ်နေသလို သက်သေရှိသည် တန်ခွန်ကျော် ကိုပြန်တောင်းပန်ပါ မသိရင်မသိသလိုနေရမှာ
😤😤😤😤😤😤😤😤😤😤😤😤😤😤😤😤 အထင်ကြီးခဲ့တာ တေးရေးဆရာတွေ အကုန်စော်ကားခုတော့ရွံတယ် 1979 ခုနစ် Nov နောက်ဆုံးပတ် မှာရေးတာငါ့အဖေ(ဦးသောမတ်(စ်) မှာ မြန်မာပြည်သိန်းတန်အရင်ဆိုခဲ့တာ တန်ခွန်ကျော်
MYC ဘုရားကျောင်းရဲ့ 7ခွေမြောက်သီးချင်းဟဲ့ ရေးရင်းနဲ့ငါတင်းလာပြီ YC ချစ်စမ်းမောင်တို့်အဖွဲ့စည်းကိုနင်မသိဘူးလာ အဲ့အဖွဲ့အစည်း ကကိုဖားခူကိုပေးခဲ့တာ နင်တောင်လူမဖြစ်သေးဘူးဟဲ့ ငါ့အဖေသီချင်း မှန်းလူတွေအကုန်သိဆယ် နင်လေတော်တော်ဆိုး တေးရေးနှစ်ယောက် ကိုလားထော်ဝါးနဲ့လည်းညှိပြီးပြီ ငါ့အဖေရေးခဲ့တဲ့ သီချင်းမှန်းအကုန်သိတယ် MYC အဖွဲ့ကခုအကြောင်းကြားလို့ သိရတာ ခုချက်ချင်းပြန်ဖျက်ပါ နင့်အဒေါ်ဆိုထားတယ်ဆိုအဲ့သက်သေပြပါ ငါ့အဖေ ရေးထားတာ 1979 ခုနစ်တည်းကသီချင်းခွေထွက်နေပြီ

1984 ဆို ဟားဟားဘဲ ငါမရီချင်ဘူး ငါ့အဖေ တအားဒေါသထွက်နေပြီ ခုဝါရင့်အဆိုတော်တွေ အကုန်လည်းငါတို့ဘက်မှာရှိတယ် MYc အဖွဲ့အစည်းကြီးကလည်းငါတို့ဘက်မှာရှိနေတယ် အရင်တေးရေးဆရာနှစ်ယောက်ကေ လျာ့ပေးတာ တော်သွားတယ်မှတ် ဒီတခါ အမှားကြီးက လုံးဝခွင့်မလွတ်တော့ဘူး တရားစွဲဆိုသွားပါ့မယ် နင့်ဘက်ကသက်သေ ရှိရင်လုပ်လိုက် ဘာသက်သေနဲ့လုပ်ပါသလဲ အဲ့ပြောရင်ဒိတ် အတိအကျနဲ့ပြောပြပါ အဲ့အဖိုးပြောခဲ့ရင်နောက်သိတဲ့သူ ကိုဆက်ခေါ်လာပြပါ မြန်မာနှစ်ချင်း ထဲမှာ အဲ့အထောက်အထားနဲ့ ဒိတ်အတိအကျရေး ထားတယ် ခုနစ် လရက်အကုန်ရှိပါတယ်ေ လးဖြူကနေဒီဖြိုးထိ လောကသီချင်းရော ဘုရားသီချင်းရောမသိတဲ့သူမရှိဘူး လာရှင်းပါမရှင်းရင် အသရေဖျက်မှူဖြစ်လာတဲ့အတွက်ကြောင့် တရားဥပဒေအရ အသရေဖျက်မှုနဲ့တရားစွဲဆိုသွားပါမယ်” ဆိုပြီး ရေးသားထားသလို Saw Mercellous အကောင့်ပိုင်ရှင်က ” ညီလေးတန်ခွန်ကျော်ရေ စကားဆိုတာ ကျွံရင် လွန်ရင် မကောင်းဘူးဆိုတာ ညီလေးသိသင့်တယ် အခုဟာက အကို့အဖေကပဲ လူလိမ်ကြီးလိုလို ဖြစ်နေပြီ အကိုတို့ဆီမှာ သက်သေအထောက်အထားတွေ အပြည့်ရှိနေပါတယ် ဖြစ်နိုင်ရင် ညီလေး ဖုန်းနံပါတ်လေးပေးပါ့လား အကိုတို့ စကားပြောဖို့ လိုပ်အပ်နေပြီ ညီလေး တန်ခွန်ကျော်ရေ” ဆိုပြီးရေးသားဖော်ပြပြီး ဗီဒီယို နဲ့ တကွ သက်သေပြထားတာပါ ။

တန်ခွန်ကျော် တစ်ယောက် အခုလို ပြောဆိုလိုက်တဲ့အတွက် တေးရေးသောမတ်စ် နဲ့ မိသားစုဝင်တွေက ထိရောက်တဲ့ သက်သေ အထောက်အထားတွေ တန်ခွန်ကျော့်ဘက်က မပြသနိုင်ခဲ့ရင် တရားစွဲခံရတော့မှာဖြစ်ပါတယ်။ ဒီသတင်း လေးကို တန်ခွန်ကျော် အမြန်ဆုံးသိစေဖို့ မျှဝေပေးကြပါဦး ။

Source -Yadanar Thomas/ Saw Mercellous

Add a Comment

Your email address will not be published. Required fields are marked *