ခ်စ္ဇနီးေလး ဝမ္းရဲ႕ေမြးေန႕ေလးကို Live လႊင့္ကာ ရုိမန္႕တစ္ဆန္ဆန္ Surprise လုပ္လိုက္တဲ့ Rဇာနည္

အမိုက္စား ေရာ့ခ္ကာႀကီး Rဇာနည္ ​နဲ႔ ဝမ္​းတို႔ ဇနီး​ေမာင္​နွံနွစ္​ဦး က​ေတာ့ တစ္​ဦးနဲ႔တစ္​ဦး နားလည္​မႈ​ေတြ အျပင္ ေဖးမၾကင္နာမႈေတြနဲ႕ ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရးကို တည္​​ေဆာက္လာတာ အခုဆိုရင္​ အိမ္​​ေထာင္​သက္​တမ္​း (၁၅)နွစ္​​ေက်ာ္​ရွိခဲ့ပါၿပီေနာ္။အားက်ဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားတဲ့ သူတို႕ႏွစ္ဦးဟာ ဇနီးျဖစ္သူ ဝမ္းရဲ႕ေမြးေန႕ ကို Live လႊင့္ကာ ေမြးေန႕ဆုေတာင္း သီခ်င္းေလးကို Surprise ျဖစ္ေအာင္ သီဆိုေပးခဲ့တာျဖစ္ပါတယ္။

Rဇာနည္ ကေတာ့ အသံပါဝါေကာင္းေကာင္းနဲ႕ သီဆိုတတ္တဲ့ အဆိုရွင္ တစ္ဦးျဖစ္ၿပီး ဆယ္စုႏွစ္တစ္ခုတိုင္ ေအာင္ျမင္မႈကို ထိန္းသိမ္းထားႏုိင္ သူလို႕ဆိုရမွာပါ။သူ႕ရဲ႕ သီခ်င္းေတြ ဟာဆိုရင္ ပရိသတ္ပါးစပ္ဖ်ားမွာေရပန္းစားကာ ေယာက်ာ္းေလး ပရိသတ္ေတြ အမာခံအားေပးခံရတဲ့ အမ်ိဳးသား အဆိုရွင္ေတြထဲက တစ္္ဦးပဲ ျဖစ္ပါတယ္။ အိမ္ေထာင္မႈႏုိင္နင္းတဲ့ ဇနီးေခ်ာေလးကို ပိုင္ဆိုင္ ထားတာျဖစ္ၿပီး ဖစ္ဖစ္တုန္နဲ႕ ခ်စ္ခ်စ္တုန္ ဆိုတဲ့ ျမင္သူတိုင္း အခ်စ္ပိုေစတဲ့ သားႏွစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။

ဖစ္ဖစ္တုန္ နဲ႕ ခ်စ္ခ်စ္တုန္ ေလးရဲ႕ ခ်စ္တဲ့ပရိသတ္ေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ ဖစ္ဖစ္၊ခ်စ္ခ်စ္လို႕အမည္ရတဲ့ Page ေလးမွ မိသားစု လႈပ္ရွားမႈေတြအျပင္ သားႀကီးနဲ႕သားငယ္ရဲ႕ လူပ္ရွားမႈပံုရိပ္ေတြကို ေဝမွ်ေပးေလ့ရွိပါတယ္။ မိသားစုတစ္စုလံုး ဘာသာေရး လိုက္စားအလွဴအတန္းေတြလည္း မၾကာမၾကာ ျပဳလုပ္ေလ့ရွိသူ တစ္ဦးပါ။ ပရိသတ္ႀကီးလဲ Rocker ႀကီး အာဇာနည္ရဲ႕ ဇနီးေလးအတြက္ ဂုဏ္ျပဳစကားေလးေျပာခဲ့ပါဦးေနာ္။

Unicode

Rဇာနည် နဲ့ ဝမ်းတို့ ဇနီးမောင်နှံနှစ်ဦး ကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ အပြင် ဖေးမကြင်နာမှုတွေနဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်လာတာ အခုဆိုရင် အိမ်ထောင်သက်တမ်း (၁၅)နှစ်ကျော်ရှိခဲ့ပါပြီနော်။အားကျဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ဦးဟာ ဇနီးဖြစ်သူ ဝမ်းရဲ့မွေးနေ့ ကို Live လွှင့်ကာ မွေးနေ့ဆုတောင်း သီချင်းလေးကို Surprise ဖြစ်အောင် သီဆိုပေးခဲ့တာဖြစ်ပါတယ်။

Rဇာနည် ကတော့ အသံပါဝါကောင်းကောင်းနဲ့ သီဆိုတတ်တဲ့ အဆိုရှင် တစ်ဦးဖြစ်ပြီး ဆယ်စုနှစ်တစ်ခုတိုင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင် သူလို့ဆိုရမှာပါ။သူ့ရဲ့ သီချင်းတွေ ဟာဆိုရင် ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားကာ ယောကျာ်းလေး ပရိသတ်တွေ အမာခံအားပေးခံရတဲ့ အမျိုးသား အဆိုရှင်တွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ အိမ်ထောင်မှုနိုင်နင်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင် ထားတာဖြစ်ပြီး ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန် ဆိုတဲ့ မြင်သူတိုင်း အချစ်ပိုစေတဲ့ သားနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ဖစ်ဖစ်တုန် နဲ့ ချစ်ချစ်တုန် လေးရဲ့ ချစ်တဲ့ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ဖစ်ဖစ်၊ချစ်ချစ်လို့အမည်ရတဲ့ Page လေးမှ မိသားစု လှုပ်ရှားမှုတွေအပြင် သားကြီးနဲ့သားငယ်ရဲ့ လူပ်ရှားမှုပုံရိပ်တွေကို ဝေမျှပေးလေ့ရှိပါတယ်။ မိသားစုတစ်စုလုံး ဘာသာရေး လိုက်စားအလှူအတန်းတွေလည်း မကြာမကြာ ပြုလုပ်လေ့ရှိသူ တစ်ဦးပါ။ ပရိသတ်ကြီးလဲ Rocker ကြီး အာဇာနည်ရဲ့ ဇနီးလေးအတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်။

Source : Zarni Myo Nyut

Add a Comment

Your email address will not be published. Required fields are marked *