ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး ပရိသတ်ရှေ့ပြန်ရောက်လာတဲ့ မင်းသား စွမ်းဇာနည်




Unicode

မင်းသား စွမ်းဇာနည်ကတော့ ရုပ်ချောပြီး အကကောင်း အဆိုကောင်းတဲ့ ဇာတ်သဘင်လောက ရဲ့ မင်းသား တစ်လက်ပဲဖြစ်ပါတယ်..။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် စွမ်းဇာနည် ဟာ ပွဲငှားတဲ့နေရာကို လာမကတဲ့ ပြသာနာတွေကြောင့်မို့ ဇာတ်သဘင်လောကကို ဂယက်ရိုက် ခဲ့ပါတယ်..။ မင်းသား စွမ်းဇာနည် ဘက်မှပြန်လည်ဖြေရှင်းပြောကြား ထားတာတွေ မရှိသော်လည်း ဇာတ်သဘင် ဥက္ကဌဖိုးချစ် ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းညှိနှိုင်းပေးမှ အဆင်ပြေသွားခဲ့ပါတယ်..။

မင်းသား စွမ်းဇာနည်ကတော့ လတ်တလောမှာ နေမကောင်းလို့ ပွဲမကနိုင်ဘဲ ဆေးရုံတက်နေ ရတယ်လို့ သိခဲ့ရပါတယ်..။ စွမ်းဇာနည်ကိုယ်တိုင် ပွဲငှားတဲ့သူတွေ ဆီကို သွားရောက်တောင်းပန်ပြီး လျော်ကြေးငွေ သိန်း(၃၀၀)နဲ့ ကျေအေးပေးခဲ့တယ် လို့သိရပါတယ်..။ ယခုမှာတော့ ပြသာနာတွေပြေငြိမ်းပြီး နေပြန်လည်ကောင်းမွန်ကာ ကျန်းမာ လာပြီဖြစ်ကြောင်းကို “အားလုံးရဲ့ ကိုကိုစွမ်းပြန်လာပြီ” ဆိုတဲ့ စာသားလေးနဲ့အတူ ပုံလေးတွေကို သူရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ပြသာနာတွေဖြစ်ပြီးနောက်ပိုင်း နောက်ဆုံး တင်ခဲ့တာကတော့ “ဘာဖြစ်ချင်လဲပြော အေးဆေး…” ဆိုတဲ့ ပိုစ့်နောက်ပိုင်း တင်ထားခဲ့တဲ့ ပိုစ့်တွေမရှိဘဲ ယနေ့ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ပြန်လည်တင်လာခဲ့တာပါ..။

မင်းသား စွမ်းဇာနည်ကြောင့် ဇာတ်သဘင်လောကမှာ ကမောက်ကမတွေဖြစ်ခဲ့ပေမယ့် မင်းသားစွမ်း ကိုတော့ ဇာတ်သဘင်လောကသားတွေက မမုန်းဘဲ ချစ်သောစိတ်ဖြစ်သာ ဝိုင်းဝန်း ကူညီဖြေရှင်းပေးခဲ့ကြတာပါ..။ ပရိသတ်ကြီးရေ မင်းသား စွမ်းဇာနည်ကတော့ သူပြန်လည်နေကောင်းကာ ပြန်လာပါပြီတဲ့နော်..။ နေပြန်ကောင်းပြီး လန်းဆန်းနေတဲ့ မင်းသားစွမ်းဇာနည်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်..။

Source:Swan Zarni

Add a Comment

Your email address will not be published. Required fields are marked *