အားပေးတဲ့ပရိသတ်တွေ သောင်းသောင်းဖျဖျ ကြိုဆိုကြတဲ့ တန်ခွန်ကျော် ရဲ့ အိမ်ပြန်ခရီး ဗီဒီယိုဖိုင်လေး

Myanmar Idol Season 4 ရဲ့ Country Music Week မှာ တန်ခွန်ကျော် ဟာ အေးမြဖြူ..အက်စတာတို့ နဲ့ အတူ ထိုင်ခုံ ၃ လုံးမှာ ထိုင်ခဲ့ရပြီး Vote အနည်းဆုံးသာ ရရှိခဲ့တာမို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်….တန်ခွန်ကျော်ဟာ Myanmar Idol က ထွက်ခွာခဲ့ရတဲ့ အတွက် ပရိသတ်ကြီးကို တောင်းပန်မှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်…

တန်ခွန်ကျော် တစ်ယောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလို့ သူ့ကို ချစ်တဲ့ ပရိသတ်တွေကလည်း ဝမ်းနည်းခဲ့ကြပါတယ်….. ခုချိန်မှာတော့ တန်ခွန်ကျော်ဟာ သူ့ရဲ့ အိမ်ရှိရာ ချင်းပြည်နယ်ကို ပြန်သွားခဲ့ပြီဖြစ်ပါတယ်….. တန်ခွန်ကျော် ခန္တီးလေဆိပ်ကို ရောက်ရောက်ချင်းမှာ အံ့အားသင့်စရာ နဲ့ ကြုံလိုက်ရပါတယ်… အဲတာကတော့ တန်ခွန်ကျော်ကို ချစ်တဲ့ ပရိသတ်တွေက ခန္တီးလေဆိပ်မှာ လာရောက်စောင့်ဆိုင်းနေကြတာဖြစ်ပြီး တန်ခွန်ကျော့်ကို ပန်းစည်းတွေပေး ပန်းကုံးတွေစွပ်နဲ့ အားရပါးရ ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်…

ရိုးသားပွင့်လင်းပြီး ခြေထောက်မှာ စတီးရိုးထည့်ထားတာတောင် ပရိသတ်တွေကို အနာခံဖျော်ဖြေခဲ့တဲ့ တန်ခွန်ကျော်ကို ခန္တီးက ကလေး လူငယ် လူကြီး အားလုံးက ခုလို စောင့်ဆိုင်းကြိုဆိုနေကြတာပဲ ဖြစ်ပါတယ်….. တန်ခွန်ကျော်ကို ပရိသတ်တွေ ကြိုဆိုနေကြတဲ့ ပုံလေးတွေကို ပရိသတ်ကြီးတို့လည်း ကြည့်ရှုနိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်…

Add a Comment

Your email address will not be published. Required fields are marked *