ဒေါသ ဆိုတာက လှေ အလွတ်တစ်စီး သက်သက်ပါ….

ရဟန်းတစ်ပါးဟာ ကျောင်းနဲ့ဝေးတဲ့အရပ်မှာ တစ်ပါးတည်း တရားအားထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး လှေနဲ့ ထွက်လာခဲ့တယ်။ ကန်အလယ်ရောက်တော့ မျက်လုံးမှိတ်ပြီး တရားစထိုင်လိုက်တယ်။

တိတ်တိတ်ဆိတ်ဆိတ် စိတ်အနှောက်အယှက်ကင်းကင်းနဲ့ နာရီတော်တော်ကြာ အားထုတ်ပြီးချိန်မှာတော့ အခြားလှေတစ်စီးက သူ့လှေကို လာတိုက်လိုက်တာကို ရုတ်တရက် ခံစားလိုက်ရတယ်။

မျက်စိမှိတ်ထားလျက်နဲ့ပဲ သူ့ဒေါသတွေ မြင့်တက်လာတာကို သိနေခဲ့တယ်။ သူမျက်လုံးဖွင့်လိုက်ချိန်မှာတော့ သူတရားအားထုတ်နေတာကို လာနှောက်ယှက်ရဲတဲ့ လှေသမားကို အော်ဟစ်ကြိမ်းမောင်းလိုက်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တယ်။

ဒါပေမယ့် သူမျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာတော့ မြင်လိုက်ရတာက လူမပါဘဲ၊ ကြိုးမချည်ထားတဲ့ ရေလယ်မှာ ဒီအတိုင်း မြောနေတဲ့ လှေလွတ်တစ်စီးပဲ ဖြစ်နေတယ်။ အဲဒီအခိုက်အတန့်မှာပဲ ရဟန်းဟာ ကိုယ့်ဟာကို အမှန်အတိုင်း သိမြင် သွားတော့တယ်။ ဒေါသဆိုတာ သူ့ကိုယ်ထဲမှာပဲ ရှိနေတာပါလားလို့ သဘောပေါက်သွားတော့ တယ်။

“ဒေါသ ဆိုတာဟာ သူဖြစ်ပေါ်ဖို့အတွက် ပြင်ပဝတ္ထုအာရုံ တစ်ခုနဲ့ ထိတိုက်လိုက်ဖို့ လိုအပ်တယ်။”

အဲဒီအချိန်ကနေစလို့ သူဟာ တစ်စုံတစ်ယောက်က သူ့ကို စိတ်အနှောက်အယှက်ပေးတာဖြစ်ဖြစ်၊ သူ့ဒေါသကို ဆွတာပဲ ဖြစ်ဖြစ် ကြုံဆုံလာတဲ့အခါတိုင်း “တစ်ဘက်လူဟာ လှေလွတ်တစ်စီး မျှသာဖြစ်တယ်။ ဒေါသက ငါ့ကိုယ်ထဲမှာ ဖြစ်နေတယ်။” ဆိုတာကို အမှတ်ရနေလိုက်တော့တယ်။

Credit …

ရဟန္းတစ္ပါးဟာ ေက်ာင္းနဲ႕ေဝးတဲ့အရပ္မွာ တစ္ပါးတည္း တရားအားထုတ္ဖို႔ ဆုံးျဖတ္လိုက္ၿပီး ေလွနဲ႕ ထြက္လာခဲ့တယ္။ ကန္အလယ္ေရာက္ေတာ့ မ်က္လုံးမွိတ္ၿပီး တရားစထိုင္လိုက္တယ္။

တိတ္တိတ္ဆိတ္ဆိတ္ စိတ္အေႏွာက္အယွက္ကင္းကင္းနဲ႕ နာရီေတာ္ေတာ္ၾကာ အားထုတ္ၿပီးခ်ိန္မွာေတာ့ အျခားေလွတစ္စီးက သူ႕ေလွကို လာတိုက္လိုက္တာကို ႐ုတ္တရက္ ခံစားလိုက္ရတယ္။

မ်က္စိမွိတ္ထားလ်က္နဲ႕ပဲ သူ႕ေဒါသေတြ ျမင့္တက္လာတာကို သိေနခဲ့တယ္။ သူမ်က္လုံးဖြင့္လိုက္ခ်ိန္မွာေတာ့ သူတရားအားထုတ္ေနတာကို လာေႏွာက္ယွက္ရဲတဲ့ ေလွသမားကို ေအာ္ဟစ္ႀကိမ္းေမာင္းလိုက္ဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္တယ္။

ဒါေပမယ့္ သူမ်က္လုံးဖြင့္ၾကည့္လိုက္ခ်ိန္မွာေတာ့ ျမင္လိုက္ရတာက လူမပါဘဲ၊ ႀကိဳးမခ်ည္ထားတဲ့ ေရလယ္မွာ ဒီအတိုင္း ေျမာေနတဲ့ ေလွလြတ္တစ္စီးပဲ ျဖစ္ေနတယ္။ အဲဒီအခိုက္အတန့္မွာပဲ ရဟန္းဟာ ကိုယ့္ဟာကို အမွန္အတိုင္း သိျမင္ သြားေတာ့တယ္။ ေဒါသဆိုတာ သူ႕ကိုယ္ထဲမွာပဲ ရွိေနတာပါလားလို႔ သေဘာေပါက္သြားေတာ့ တယ္။

“ေဒါသ ဆိုတာဟာ သူျဖစ္ေပၚဖို႔အတြက္ ျပင္ပဝတၳဳအာ႐ုံ တစ္ခုနဲ႕ ထိတိုက္လိုက္ဖို႔ လိုအပ္တယ္။”

အဲဒီအခ်ိန္ကေနစလို႔ သူဟာ တစ္စုံတစ္ေယာက္က သူ႕ကို စိတ္အေႏွာက္အယွက္ေပးတာျဖစ္ျဖစ္၊ သူ႕ေဒါသကို ဆြတာပဲ ျဖစ္ျဖစ္ ႀကဳံဆုံလာတဲ့အခါတိုင္း “တစ္ဘက္လူဟာ ေလွလြတ္တစ္စီး မွ်သာျဖစ္တယ္။ ေဒါသက ငါ့ကိုယ္ထဲမွာ ျဖစ္ေနတယ္။” ဆိုတာကို အမွတ္ရေနလိုက္ေတာ့တယ္။

Credit …

Add a Comment

Your email address will not be published. Required fields are marked *