အောင်လအန်ဆန် ရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲ ကို အောက်တိုဘာ (၃၀)ရက်နေ့တွင် ကျင်းပမည် ဟုဆို
|ONE ဝိတ်တန်းနှစ် ခု ချန်ပီယံ မြန်မာ MMA ကစားသ မား အောင်လအန်ဆန်၏ မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို အောက် တိုဘာ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အောင်လအန် ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာ ကွယ်ပွဲအဖြစ် နယ်သာလ န်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုး သတ်ရမည်ဖြစ်သည်။ ONE Championship သည် အောက်တို ဘာ ၃၀ ရက်တွင် Inside The Matrix အမည်ဖြင့် ကျင်းပမည့်ပြိုင်ပွဲတွင် ပါဝင်မည့် ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ လေးပွဲကို ထုတ်ပြန်ခဲ့ရာ အောင်လ အန်ဆန်၏ တွဲဆို င်းလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့နိုင်ငံများ တွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါအခြေ အနေကြောင့် အောင်လအန် ဆန်အနေဖြင့် ယခုနှစ်အတွင်း ပထမ ဆုံးပွဲကို အောက်တိုဘာမှ ယှဉ်ပြိုင်ထိုးသတ် ရခြင်းဖြစ်သည်။ အောင်လအန် ဆန်သည် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ၂၀၁၉ ခုနှစ် မတ်လက နောက်ဆုံးထိုး သတ်ခဲ့ပြီး တစ်နှစ် ခွဲကျော် အကြာမှ ပြန်လည်ထိုးသတ်ရခြင်း ဖြစ်သည်။

အောင်လအန်ဆန် သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲ လေးပွဲမြောက် အဖြစ် ဒီရစ်ဒါနှင့် ထိုးသတ်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့်သုံးပွဲစလုံး အနိုင် ရထားသည်။ အောင်လ အန်ဆန်သည် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့် နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီနှင့် တစ်ပွဲထိုးသတ်ထားရာ သုံးပွဲစလုံး အနိုင်ရပြီး ချန်ပီယံဆုကာ ကွယ်ထားသည်။

ဒီရစ်ဒါသည် ၁၂ ပွဲ စလုံး အနိုင်ရကာ မှတ်တမ်းေ ကာင်းပိုင်ဆို င်ထားပြီး မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန် ပီယံဆုကို ကာကွယ် ခွင့်ရခဲ့ခြင်း ဖြစ်သည်။ အောင်လ အန်ဆန်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာက နောက်ဆုံးထိုးသတ်ခဲ့သည့် လိုက်ဟဲ ဗီးဝိတ်တန်း ကမ္ဘာ့ချန် ပီယံကာ ကွယ်ပွဲတွင်လည်း ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို အနိုင်ရ ထားသည်။ အောင်လအန်ဆန်သည် ONE Championship ၏ မစ်ဒယ်ဝိ တ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံြ ဖစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲသုံးပွဲ၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံကာကွယ်ပွဲ တစ်ပွဲ ထိုးသတ် ထားရာ ပွဲတိုင်းအနိုင်ရထားသည်။
သတင်း-ညီမြတ်သော်တာ/MDN