အိန္ဒိယ တွင် ဗိုင်းရပ်စ် ကူးစက်သူ ၉-သန်းကျော်လာ

အိန္ဒိယ မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉-သန်းေ ကျာ်သွားပြီလို့ အစိုးရက သောကြာနေ့မှာ သတင်းထု တ်ပြန်ပါတယ်။ မြို့တော် နယူးဒေလီမှာတော့ တစ်ရက်တည်း နဲ့ ကူးစက်သူ ၇,၅၀၀ နီးပါး ရှိခဲ့ပါတယ်။

တနိုင်ငံလုံးအတိုင်း အတာအရ တချို့ေ နရာတွေမှာ ကူးစက်မှု အရေအတွက် ကျဆင်းပေမယ့် မြို့တော် နယူးဒေလီမှာတော့ ကူးစက်မှုရော သေဆုံးမှုပါ တိုးပွားလာပြီး၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေကဆိုရင် တစ်ရ က်ကို လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အိန္ဒိယ တွင် ဗိုင်းရပ်စ် ကူးစက်သူ ၉-သန်းကျော်လာ

ဒါကြောင့် နယူးဒေလီက အလောင်း မီးသင်္ဂြိုလ်ရုံမှာ အသုဘချဖို့စောင့်ဆိုင်းကြတဲ့ ဒါဇင်နဲ့ချီတဲ့ ကျန်းမာရေးအလုပ်သမားတွေနဲ့ သေဆုံးသူတွေရဲ့ အမျိုးတွေဟာ အဖြူရောင် PPE ဝတ်စုံတွေဝတ်ပြီး အကြာကြီးစောင့်ခဲ့ကြရပါတယ်။

အစိုးရကထုတ်ပြန်တဲ့ စာရင်းတွေအရ ဒေလီမှာ အသက်ရှူစက်ပါတဲ့ လူနာကုတင် ၉၀ ရာခိုင်နှုန်းနဲ့ စက်မပါတဲ့ လူနာကုတင်က ၈၆ ရာခိုင်နှုန်း ကြာသပတေးမှာ ကိုဗစ်လူနာတွေနဲ့ ပြည့်သွားပြီဖြစ်ပါတယ်။

အိန္ဒိယ တွင် ဗိုင်းရပ်စ် ကူးစက်သူ ၉-သန်းကျော်လာ

ဒါပေမယ့် ပြည်နယ် ဝန်ကြီးချုပ် Arvind Kejriwal ကတော့ ဆေးဘက်ဆိုင်ရာပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးလိုက်ပြီး ဒီကူးစက်မှုကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်လို့ ပြောပါတယ်။

“ကူးစက်လူနာများလွန်းပေမယ့် လူနာတွေဟာ လမ်းပေါ်မှာ ဒါမှမဟုတ် ဆေးရုံစင်္ကြန်တွေမှာ တန်းစီပြီး မနေရအောင် သူတို့လုပ်နိုင်ခဲ့ပါတယ်” လို့ ကြာသပတေးနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အိန္ဒိယ တွင် ဗိုင်းရပ်စ် ကူးစက်သူ ၉-သန်းကျော်လာ

ဒါကြောင့် နယူးဒေလီမှာ ကြီးကြီးမားမားလူစုလူဝေးဖြစ်မယ့် မင်္ဂလာပွဲတွေနဲ့ တခြား ပွဲလမ်းသဘင်တွေကို ကန့်သတ်ချက် ထပ်တိုးလိုက်ပြီး၊ လူထုသက်ဆိုင်တဲ့နေရာတွေမှာ နှာခေါင်းစည်းမတပ်ရင် အမေရိကန် ၂၆ ဒေါ်လာနဲ့ညီမျှတဲ့ ဒဏ်ငွေတပ်မယ်လို့ ကြေညာထားပါတယ်။

ကူးစက်မှု ရောဂါရှိ-မရှိ တအိမ်တက်ဆင်း စမ်းသပ်နိုင်ရေး အစိုးရက လုပ်ပေးသင့်တယ်လို့ အချို့က အကြံပြုပါတယ်။ အချို့က စမ်းသပ်ပေးတဲ့နေရာတွေဆီ သွားရောက် မစစ်ချင်ကြပါဘူး။ အိမ်မှာလာပြီး စမ်းသပ်ပေးရင်တော့ ကူးစက်မှုအတွက် ကြောက်စရာမလိုပဲ ပိုပြီး စိတ်ချလုံခြုံတယ်လို့ သူတို့က ဆိုပါတယ်။

အိန္ဒိယ တွင် ဗိုင်းရပ်စ် ကူးစက်သူ ၉-သန်းကျော်လာ

အိန္ဒိယရဲ့ ဗိုင်းရပ်ကူးစက်မှုနှုန်းဟာ နည်းနည်းတော့ နှေးသွားတယ်လို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကူးစက်သူ ၅ သန်းကနေ ၆ သန်းဖြစ်ဖို့ ၁၂ ရက်ကြာပါတယ်။ ၆ သန်းကနေ ၇ သန်းဖြစ်ဖို့ ၁၃ ရက်၊ ၇ သန်းကနေ ၈ သန်းဖြစ်ဖို့ ၁၈ ရက်၊ ၈ သန်းကနေ ၉ သန်းဖြစ်ဖို့ ၂၂ ရက်ကြာတယ်လို့ စာရင်းတွေမှာ ဖေါ်ပြထားလို့ဖြစ်ပါတယ်။

အိန္ဒိယ တွင် ဗိုင်းရပ်စ် ကူးစက်သူ ၉-သန်းကျော်လာ

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ ကူးစက်သူ ၉-သန်းကျော် (9,047,936)၊ သေဆုံးသူက တသိန်းကျော် (132,732) ရှိနေပြီး အမေရိကန်ပြည်ထောင်စုပြီးရင် ကမ္ဘာမှာ ဒုတိယ ကူးစက်သူ အများဆုံးဖြစ်နေပါတယ်။

Source: AP

အိႏၵိယ မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္သူ ၉-သန္းေ က်ာ္သြားၿပီလို႔ အစိုးရက ေသာၾကာေန႕မွာ သတင္းထု တ္ျပန္ပါတယ္။ ၿမိဳ႕ေတာ္ နယူးေဒလီမွာေတာ့ တစ္ရက္တည္း နဲ႕ ကူးစက္သူ ၇,၅၀၀ နီးပါး ရွိခဲ့ပါတယ္။

တနိုင္ငံလုံးအတိုင္း အတာအရ တခ်ိဳ႕ေ နရာေတြမွာ ကူးစက္မႈ အေရအတြက္ က်ဆင္းေပမယ့္ ၿမိဳ႕ေတာ္ နယူးေဒလီမွာေတာ့ ကူးစက္မႈေရာ ေသဆုံးမႈပါ တိုးပြားလာၿပီး၊ ၿပီးခဲ့တဲ့ ဗုဒၶဟူးနဲ႕ ၾကာသပေတးေန ႕ေတြကဆိုရင္ တစ္ရ က္ကို လူ ၂၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။

ဒါေၾကာင့္ နယူးေဒလီက အေလာင္း မီးသျဂၤိုလ္႐ုံမွာ အသုဘခ်ဖိဳ႕ေစာင့္ဆိုင္းၾကတဲ့ ဒါဇင္နဲ႕ခ်ီတဲ့ က်န္းမာေရးအလုပ္သမားေတြနဲ႕ ေသဆုံးသူေတြရဲ႕ အမ်ိဳးေတြဟာ အျဖဴေရာင္ PPE ဝတ္စုံေတြဝတ္ၿပီး အၾကာႀကီးေစာင့္ခဲ့ၾကရပါတယ္။

အစိုးရကထုတ္ျပန္တဲ့ စာရင္းေတြအရ ေဒလီမွာ အသက္ရႉစက္ပါတဲ့ လူနာကုတင္ ၉၀ ရာခိုင္ႏႈန္းနဲ႕ စက္မပါတဲ့ လူနာကုတင္က ၈၆ ရာခိုင္ႏႈန္း ၾကာသပေတးမွာ ကိုဗစ္လူနာေတြနဲ႕ ျပည့္သြားၿပီျဖစ္ပါတယ္။

ဒါေပမယ့္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ Arvind Kejriwal ကေတာ့ ေဆးဘက္ဆိုင္ရာပညာရွင္ေတြရဲ႕ ႀကိဳးစားအားထုတ္မႈကို ခ်ီးက်ဴးလိုက္ၿပီး ဒီကူးစက္မႈကို ေကာင္းေကာင္း ကိုင္တြယ္နိုင္တယ္လို႔ ေျပာပါတယ္။

“ကူးစက္လူနာမ်ားလြန္းေပမယ့္ လူနာေတြဟာ လမ္းေပၚမွာ ဒါမွမဟုတ္ ေဆး႐ုံစၾကၤန္ေတြမွာ တန္းစီၿပီး မေနရေအာင္ သူတို႔လုပ္နိုင္ခဲ့ပါတယ္” လို႔ ၾကာသပေတးေန႕က ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။

ဒါေၾကာင့္ နယူးေဒလီမွာ ႀကီးႀကီးမားမားလူစုလူေဝးျဖစ္မယ့္ မဂၤလာပြဲေတြနဲ႕ တျခား ပြဲလမ္းသဘင္ေတြကို ကန႔္သတ္ခ်က္ ထပ္တိုးလိုက္ၿပီး၊ လူထုသက္ဆိုင္တဲ့ေနရာေတြမွာ ႏွာေခါင္းစည္းမတပ္ရင္ အေမရိကန္ ၂၆ ေဒၚလာနဲ႕ညီမွ်တဲ့ ဒဏ္ေငြတပ္မယ္လို႔ ေၾကညာထားပါတယ္။

ကူးစက္မႈ ေရာဂါရွိ-မရွိ တအိမ္တက္ဆင္း စမ္းသပ္နိုင္ေရး အစိုးရက လုပ္ေပးသင့္တယ္လို႔ အခ်ိဳ႕က အႀကံျပဳပါတယ္။ အခ်ိဳ႕က စမ္းသပ္ေပးတဲ့ေနရာေတြဆီ သြားေရာက္ မစစ္ခ်င္ၾကပါဘူး။ အိမ္မွာလာၿပီး စမ္းသပ္ေပးရင္ေတာ့ ကူးစက္မႈအတြက္ ေၾကာက္စရာမလိုပဲ ပိုၿပီး စိတ္ခ်လဳံၿခဳံတယ္လို႔ သူတို႔က ဆိုပါတယ္။

အိႏၵိယရဲ႕ ဗိုင္းရပ္ကူးစက္မႈႏႈန္းဟာ နည္းနည္းေတာ့ ေႏွးသြားတယ္လို႔ဆိုနိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ကူးစက္သူ ၅ သန္းကေန ၆ သန္းျဖစ္ဖို႔ ၁၂ ရက္ၾကာပါတယ္။ ၆ သန္းကေန ၇ သန္းျဖစ္ဖို႔ ၁၃ ရက္၊ ၇ သန္းကေန ၈ သန္းျဖစ္ဖို႔ ၁၈ ရက္၊ ၈ သန္းကေန ၉ သန္းျဖစ္ဖို႔ ၂၂ ရက္ၾကာတယ္လို႔ စာရင္းေတြမွာ ေဖၚျပထားလို႔ျဖစ္ပါတယ္။

လူဦးေရ ၁.၃ ဘီလီယံရွိတဲ့ အိႏၵိယမွာ ကူးစက္သူ ၉-သန္းေက်ာ္ (9,047,936)၊ ေသဆုံးသူက တသိန္းေက်ာ္ (132,732) ရွိေနၿပီး အေမရိကန္ျပည္ေထာင္စုၿပီးရင္ ကမာၻမွာ ဒုတိယ ကူးစက္သူ အမ်ားဆုံးျဖစ္ေနပါတယ္။

Source: AP

Add a Comment

Your email address will not be published. Required fields are marked *