အသ က် ကို ဉာဏ်ေ စာင့် ပါတယ် ဆိုတဲ့ ကိုဗစ် နဲ့ ပေးသော် လည်း မရတဲ့ အောက်ဆီဂျင်

အသက် ကို ဉာဏ်စောင့် ပါတယ်..

အောက်ဆီဂျင် ရှိပေ မဲ့ သွေးနီဥ မရှိလျှင် အောက် ဆီဂျင် မရ ။ သွေးနီဥ ရှိပေမဲ့ ဟီမိုဂလိုဘင် မရှိလျှင် အော က်ဆီဂျင် မရ ။ ဟီမိုဂလိုဘင် ရှိပေမဲ့ သွေးလှည့်ပတ် မှုမရှိလျှင် အောက်ဆီဂျင် မရ။ သွေးလှည့်ပ တ်မှုရှိပေ မဲ့ သွေးကြောပိတ် ဆို့လျှင် အောက် ဆီဂျင် မရ။ သွေးကြောပိတ်လို့ လမ်းသစ်ဖွင့်နိုင်အောင် ကိုယ်ခန္ဓာက ရုန်းကန်သည်ဆိုပေမဲ့ အချိန်မမီလျှင် အောက်ဆီဂျင် မရ။ အချိန်မီလောက်သော်လည်း ထိုအချိန်ကိုရဖို့ ကံမမီလျှင် အောက်ဆီဂျင် မရ ။ ကံမီပေမဲ့ ကံရှိနေသေးပေ မဲ့ သက်တမ်းစေ့နေသော် အောက်ဆီဂျင် မရ ။ ကံလည်းရှိ သက်တ မ်းလည်းရှိနေသေးပေ မဲ့ ကံဖြတ် ဥပစ္ဆေဒက ကံဝင်လာ လျှင် အောက်ဆီဂျင် မရ။ ကံကို ဉာဏ်ဖြင့်လွှမ်း မိုးခဲ့သော် အောက်ဆီဂျင်ရ၏။

အသ က် ကို ဉာဏ်ေ စာင့် ပါတယ် ဆိုတဲ့ ကိုဗစ် နဲ့ ပေးသော် လည်း မရတဲ့ အောက်ဆီဂျင်

၁။ သွေးနီဥ အားကောင်းအောင် အာဟာရ မှီဝဲပါ။

၂။ ဟီမိုဂလိုဘင်ပြည့်အောင် သံဓာတ်စသည် မှီဝဲပါ။

၃။ သွေးလှည်ပတ်မှုကောင်းအောင် နှလုံးနဲ့ သွေးကြောကျန်းမာရေး ကိုဂရုစိုက်ပါ။

၄။ သွေးကြောမပိတ်ဆို့အောင် လေ့ကျင့်ခန်း လုပ် ပါ။

၅။ အချိန်မီအောင် အချိန်မဖြုန်းတီး ပါနှင့်။ ၆။ ကံမီအောင် အကုသိုလ်ရှောင်ကုသိုလ်ဆောင်ပါ။

၇။ သက်တမ်းစေ့နေသော် ဆက်နေလိုလျှင် ဉာဏ်ကူ ၍ သက်တမ်း ဆက်ပါ။

၈။ ဥပစ္ဆေဒကကံ ဝင်လာချိန်မရအောင်သတိကို သတိချင်း ဆက်လျက် ဉာဏ်ဖြင့်ကောင်း မှု ကုသိုလ်များ အဆက်မပြတ်ပြုပါ။

အသ က် ကို ဉာဏ်ေ စာင့် ပါတယ် ဆိုတဲ့ ကိုဗစ် နဲ့ ပေးသော် လည်း မရတဲ့ အောက်ဆီဂျင်

ဉာဏ်က ဘယ်ကလာ မှာလဲ..

၁။ ကိုဗစ်က ခန္ဓာကိုယ်ထဲဘ ယ်လို ဝင်ရောက်သလဲ

၂။ ဘယ်အစိတ်အပိုင်းတွေ ကို ဘယ်လို ဖျက်ဆီး သလဲ

၃။ ကိုယ်ခန္ဓာထဲ မဝင်ရောက်နိုင်အောင် ဘယ်လို ကာကွယ်မလဲ တားဆီးမလဲ

ကိုဗစ်က ဗိုင်းရပ်စ်ပါ ။ ဗိုင်းရပ်စ်တွေ ဆိုတာ အလွတ်မနေနိုင်ကြ ပါ။ သက်ရှိဆဲလ် ထဲကိုဝင်ပြီး သက်ရှိဆဲလ် ရဲ့ စက်ရုံ ကို ဗိုင်းရပ်စ်ဗီဇ နဲ့ ဗိုင်းရပ်စ်ပရိုတင်း ထုတ်ခိုင်းပြီးမှ ဗိုင်းရပ်စ်တွေ ပွားများလာတာပါ။မပွားနိုင်အောင် သီးသန့်ထားခြင်းသည် ကူးစက် မှုတားခြင်းပါပဲ ။ သီးသန့်ထားမှု isolation ကိုဘယ်အတိုင်းအတာထိ ဘယ်အချိန်အထိ ထားမလဲ ဆိုတာလည်းဉာဏ်နဲ့ အသိနဲ့ ချင့်တွက်ပြီးချင့်ချိန်ရမှာပါ။ Isolation နေဖို့က ပူးကပ်နေလို့မရ ။ ၆ ပေအတွင်း ဝင်လို့ မရ။ လူစုနေလို့ မရ။ လူစုလူဝေး ဖြစ်နေလို့ မရ။ Isolation နေနေနိုင်ဦးတော့ ကိုဗစ်ပိုးပါသော ဆဲလ်တို့ကို မမြင်နိုင်လို့ကိုင်မိလောက်ပြီထင်လျှင်တစ်ဆင့်သယ်ဆောင်ပေးတတ်သူ လက်ကိုရေ ဆပ်ပြာတို့ဖြင့် ဆေးကြောဖို့လည်း အလွန်အရေးကြီး ပါတယ်။

ကိုဗစ်ပိုးတောထဲကို သွားမည်ဆိုလျှင်တော့ ဖေ့ရှီးထက် goggle မျက်စိပတ်လည် အလုံပိတ်ပေး တဲ့ ပစ္စည်းရယ် ၊ ပါးစပ် နဲ့နှာခေါင်း အလုံကာပေးမည့် N 95 တို့က အဓိကပါ။ ဒါက ကိုဗစ်တောထဲကို သွားမှပါ ။ သာမန်ဆိုလျှင် ၆ ပေအတွင်း မကပ်နဲ့၊ Surgical Mask သေချာတပ်၊ လက်ဆေး ဆို လုံလောက်ပါတယ်။ ခက်နေတာက Mask ကို ခုအထိ မတပ်သူ၊ နှာခေါင်းဖော်သူ၊ ပါးစပ်ဖော်သူ၊ မေးချိတ်သူ၊ နားရွက်ချိတ်သူ ၊ေ ရှ့မျက်နှာကိုင်သူ ၊ ပြန်ပြန်သုံးသူတွေ ရှိနေဆဲ ပါ။ လက်လည်း မဆေးကြသူတွေ၊ သေချာမဆေးကြသူ တွေ၊ alcohol gel ပွတ်ရုံမျှပွတ်နေကြသူတွေ ယခုထိ ရှိနေဆဲပါ ။ ဉာဏ် နဲ့အသက်ဆက်နိုင်ဖို့

၁။ Isolation နေပါ။

၂။ လက်ဆေးပါ။

၃။ အာဟာရပြည့်စုံအောင်စားပါ ။

၄။ လှုပ်လှုပ်ရှားရှားပြုပေး ပါ။

၅။ Mask တပ်ပါ။ ဘယ်လောက်ကူးနေနေ ပိုးသက်တမ်းက ၄ ပတ်မှ မကျော်တာ..။ ဉာဏ်ကို လွှာသုံးတ တ်ဖို့တော့လိုပါလိမ့်မည် ။

( Dr Aung Soe Min )

အသက္ ကို ဉာဏ္ေစာင့္ ပါတယ္..

ေအာက္ဆီဂ်င္ ရွိေပ မဲ့ ေသြးနီဥ မရွိလွ်င္ ေအာက္ ဆီဂ်င္ မရ ။ ေသြးနီဥ ရွိေပမဲ့ ဟီမိုဂလိုဘင္ မရွိလွ်င္ ေအာ က္ဆီဂ်င္ မရ ။ ဟီမိုဂလိုဘင္ ရွိေပမဲ့ ေသြးလွည့္ပတ္ မႈမရွိလွ်င္ ေအာက္ဆီဂ်င္ မရ။ ေသြးလွည့္ပ တ္မႈရွိေပ မဲ့ ေသြးေၾကာပိတ္ ဆို႔လွ်င္ ေအာက္ ဆီဂ်င္ မရ။ ေသြးေၾကာပိတ္လို႔ လမ္းသစ္ဖြင့္နိုင္ေအာင္ ကိုယ္ခႏၶာက ႐ုန္းကန္သည္ဆိုေပမဲ့ အခ်ိန္မမီလွ်င္ ေအာက္ဆီဂ်င္ မရ။ အခ်ိန္မီေလာက္ေသာ္လည္း ထိုအခ်ိန္ကိုရဖို႔ ကံမမီလွ်င္ ေအာက္ဆီဂ်င္ မရ ။ ကံမီေပမဲ့ ကံရွိေနေသးေပ မဲ့ သက္တမ္းေစ့ေနေသာ္ ေအာက္ဆီဂ်င္ မရ ။ ကံလည္းရွိ သက္တ မ္းလည္းရွိေနေသးေပ မဲ့ ကံျဖတ္ ဥပေစၦဒက ကံဝင္လာ လွ်င္ ေအာက္ဆီဂ်င္ မရ။ ကံကို ဉာဏ္ျဖင့္လႊမ္း မိုးခဲ့ေသာ္ ေအာက္ဆီဂ်င္ရ၏။

၁။ ေသြးနီဥ အားေကာင္းေအာင္ အာဟာရ မွီဝဲပါ။

၂။ ဟီမိုဂလိုဘင္ျပည့္ေအာင္ သံဓာတ္စသည္ မွီဝဲပါ။

၃။ ေသြးလွည္ပတ္မႈေကာင္းေအာင္ ႏွလုံးနဲ႕ ေသြးေၾကာက်န္းမာေရး ကိုဂ႐ုစိုက္ပါ။

၄။ ေသြးေၾကာမပိတ္ဆို႔ေအာင္ ေလ့က်င့္ခန္း လုပ္ ပါ။

၅။ အခ်ိန္မီေအာင္ အခ်ိန္မျဖဳန္းတီး ပါႏွင့္။ ၆။ ကံမီေအာင္ အကုသိုလ္ေရွာင္ကုသိုလ္ေဆာင္ပါ။

၇။ သက္တမ္းေစ့ေနေသာ္ ဆက္ေနလိုလွ်င္ ဉာဏ္ကူ ၍ သက္တမ္း ဆက္ပါ။

၈။ ဥပေစၦဒကကံ ဝင္လာခ်ိန္မရေအာင္သတိကို သတိခ်င္း ဆက္လ်က္ ဉာဏ္ျဖင့္ေကာင္း မႈ ကုသိုလ္မ်ား အဆက္မျပတ္ျပဳပါ။

ဉာဏ္က ဘယ္ကလာ မွာလဲ..

၁။ ကိုဗစ္က ခႏၶာကိုယ္ထဲဘ ယ္လို ဝင္ေရာက္သလဲ

၂။ ဘယ္အစိတ္အပိုင္းေတြ ကို ဘယ္လို ဖ်က္ဆီး သလဲ

၃။ ကိုယ္ခႏၶာထဲ မဝင္ေရာက္နိုင္ေအာင္ ဘယ္လို ကာကြယ္မလဲ တားဆီးမလဲ

ကိုဗစ္က ဗိုင္းရပ္စ္ပါ ။ ဗိုင္းရပ္စ္ေတြ ဆိုတာ အလြတ္မေနနိုင္ၾက ပါ။ သက္ရွိဆဲလ္ ထဲကိုဝင္ၿပီး သက္ရွိဆဲလ္ ရဲ႕ စက္႐ုံ ကို ဗိုင္းရပ္စ္ဗီဇ နဲ႕ ဗိုင္းရပ္စ္ပရိုတင္း ထုတ္ခိုင္းၿပီးမွ ဗိုင္းရပ္စ္ေတြ ပြားမ်ားလာတာပါ။မပြားနိုင္ေအာင္ သီးသန႔္ထားျခင္းသည္ ကူးစက္ မႈတားျခင္းပါပဲ ။ သီးသန႔္ထားမႈ isolation ကိုဘယ္အတိုင္းအတာထိ ဘယ္အခ်ိန္အထိ ထားမလဲ ဆိုတာလည္းဉာဏ္နဲ႕ အသိနဲ႕ ခ်င့္တြက္ၿပီးခ်င့္ခ်ိန္ရမွာပါ။ Isolation ေနဖို႔က ပူးကပ္ေနလို႔မရ ။ ၆ ေပအတြင္း ဝင္လို႔ မရ။ လူစုေနလို႔ မရ။ လူစုလူေဝး ျဖစ္ေနလို႔ မရ။ Isolation ေနေနနိုင္ဦးေတာ့ ကိုဗစ္ပိုးပါေသာ ဆဲလ္တို႔ကို မျမင္နိုင္လို႔ကိုင္မိေလာက္ၿပီထင္လွ်င္တစ္ဆင့္သယ္ေဆာင္ေပးတတ္သူ လက္ကိုေရ ဆပ္ျပာတို႔ျဖင့္ ေဆးေၾကာဖို႔လည္း အလြန္အေရးႀကီး ပါတယ္။

ကိုဗစ္ပိုးေတာထဲကို သြားမည္ဆိုလွ်င္ေတာ့ ေဖ့ရွီးထက္ goggle မ်က္စိပတ္လည္ အလုံပိတ္ေပး တဲ့ ပစၥည္းရယ္ ၊ ပါးစပ္ နဲ႕ႏွာေခါင္း အလုံကာေပးမည့္ N 95 တို႔က အဓိကပါ။ ဒါက ကိုဗစ္ေတာထဲကို သြားမွပါ ။ သာမန္ဆိုလွ်င္ ၆ ေပအတြင္း မကပ္နဲ႕၊ Surgical Mask ေသခ်ာတပ္၊ လက္ေဆး ဆို လုံေလာက္ပါတယ္။ ခက္ေနတာက Mask ကို ခုအထိ မတပ္သူ၊ ႏွာေခါင္းေဖာ္သူ၊ ပါးစပ္ေဖာ္သူ၊ ေမးခ်ိတ္သူ၊ နား႐ြက္ခ်ိတ္သူ ၊ေ ရွ႕မ်က္ႏွာကိုင္သူ ၊ ျပန္ျပန္သုံးသူေတြ ရွိေနဆဲ ပါ။ လက္လည္း မေဆးၾကသူေတြ၊ ေသခ်ာမေဆးၾကသူ ေတြ၊ alcohol gel ပြတ္႐ုံမွ်ပြတ္ေနၾကသူေတြ ယခုထိ ရွိေနဆဲပါ ။ ဉာဏ္ နဲ႕အသက္ဆက္နိုင္ဖို႔

၁။ Isolation ေနပါ။

၂။ လက္ေဆးပါ။

၃။ အာဟာရျပည့္စုံေအာင္စားပါ ။

၄။ လႈပ္လႈပ္ရွားရွားျပဳေပး ပါ။

၅။ Mask တပ္ပါ။ ဘယ္ေလာက္ကူးေနေန ပိုးသက္တမ္းက ၄ ပတ္မွ မေက်ာ္တာ..။ ဉာဏ္ကို လႊာသုံးတ တ္ဖို႔ေတာ့လိုပါလိမ့္မည္ ။

( Dr Aung Soe Min )

Add a Comment

Your email address will not be published. Required fields are marked *