အမေရိကန်မှာ ကိုဗစ် ကာကွယ်ဆေး အထိုးခံပြီး တဲ့ မြန်မာ ဆရာဝန်တဦး ပြောပြတဲ့ ကာကွယ်ဆေး အကြောင်း
ကာ ကွယ်ဆေး ဘယ်လောက်ေ ကာင်းလဲ။ ဘယ်သူေ တွ ထိုးနိုင်လဲ။ ဘာတွေ ပြင်ဆင် ထားသင့်လဲ ဆိုတာကို မြန်မာလို အတိုချုပ် ဘာသာပြန်ရေးသား လိုက်ပါတယ် ခင်ဗျာ။
(၁) ဆေးအာနိသင် ဘယ်လောက်ကောင်းလဲ?
Pfizer ကာကွယ်ေ ဆးက ကိုဗစ်−၁၉ ကို တားဆီးနိုင်စွမ်း ရှိပါတယ် လူ ၄၀,၀၀၀ (လေးသောင်း) ကျော်ပါဝင်တဲ့ ဆေးသိပ္ပံ စမ်းသပ်ချက်အရ ဆေးထိုးထားလျှင် ကိုဗစ်ရောဂါကို ၉၅ % တားဆီးနိုင်စွမ်း ရှိပါ တယ် (ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ ၇၀% ထက် များစွာပိုကောင်းပါတယ်.)
အမေရိကန်မှာ ကိုဗစ် ကာကွယ်ဆေး အထိုးခံပြီး တဲ့ မြန်မာ ဆရာဝန်တဦး ပြောပြတဲ့ ကာကွယ်ဆေး အကြောင်း
(၂) ဆေးထိုးသင့်သူများ
ကာကွယ်ဆေးကို ၁၆ နှစ်ြ ပည့်ပြီးသူ များတွင် ၂၁ ရက်ခြားပြီး ၂ ကြိမ်ထိုးနိုင်ပါတယ်။
(၃) ဆေး ‘မ’ ထိုးသင့်သူများ
အမေရိကန်မှာ ကိုဗစ် ကာကွယ်ဆေး အထိုးခံပြီး တဲ့ မြန်မာ ဆရာဝန်တဦး ပြောပြတဲ့ ကာကွယ်ဆေး အကြောင်း
Pfizer ကုမ္ပဏီ ထုတ် ကာကွယ်ေ ဆးများနဲ့ ဓါတ်မတည့်သူများ၊ ရက် ၉၀ အတွင်း ကိုဗစ် ဖြစ်ဖူးသူများ၊ ကိုဗစ် သံသယ လူနာများ၊ ကိုယ်ခံအားနည်း ရောဂါရှင်များ၊ သွေးကျဲဆေး သောက်ေ နသူများ၊ နို့တိုက်မိခင်များ ၊ ကိုယ်ဝန်ဆောင်များ မှတ်ချက်။ အထက်ပါအုပ်စုများမှာ ဆရာဝန်ထောက်ခံလျှင် ဆေးထိုးနိုင်ပါတယ်။
(၄) ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများ
ဆေးထိုးသည့်ေ နရာတွင် နာကျင် (သို့) အောင့် နေခြင်း၊ ဆေးထိုးသည့် နေရာတွင် ရောင်ရမ်းခြင်း၊ အဖျားငွေ့ငွေ့တက်ခြင်း၊ နွမ်းလျခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း။ ကျနော်ကိုယ်တိုင် ဆေးထိုးပြီးနောက် လက်မောင်းအောင့်သလို ခံစားရပြီး၊ နောက်ရက် ပြန်ကောင်းသွားပါတယ်။
အမေရိကန်မှာ ကိုဗစ် ကာကွယ်ဆေး အထိုးခံပြီး တဲ့ မြန်မာ ဆရာဝန်တဦး ပြောပြတဲ့ ကာကွယ်ဆေး အကြောင်း
(၅) ဆေးဓါတ် မတည့်ခြင်း (allergic reaction) ဖြစ်ရင်တော့ နီးစပ်ရာ ဆေးရုံကို အမြန် သွားသင့်ပါတယ်။
ကပ်ရောဂါကြီး နိဂုံးချုပ်ပြီး ပုံမှန် အနေအထားြ ပန်ရောက်ဖို့ မြန်မာနိုင်ငံကို ‘ဆေး’ အမြန်ဆုံးရောက်ရှိအောင် ဆုတောင်းနေပါတယ် ခင်ဗျာ
Dr. ကျော်ဇောဟိန်း, MD, PhD
(၂) ဆေးထိုးသင့်သူများ
(၃) ဆေး ‘မ’ ထိုးသင့်သူများ
ကပ်ရောဂါကြီး နိဂုံးချုပ်ပြီး ပုံမှန် အနေအထာြး ပန်ရောက်ဖို့ မြန်မာနိုင်ငံကို ‘ဆေး’ အမြန်ဆုံးရောက်ရှိအောင် ဆုတောင်းနေပါတယ် ခင်ဗျာ
Add a Comment
Your email address will not be published. Required fields are marked *