အနံ့ပျောက် လူနာများ သိရှိရန်…

အနံ့ေ ပျာက် လူနာ များ ဆေးရုံ သို့ လာ စရာ မလိုေ တာ့ပါဘူး၊ အနံ့ပျောက်စင် တာတွေ ဖွင့် ပါပြီ အနံ့ပျောက်ခြင်း တခု ထဲအတွက် ဆေးရုံ လာဖို့မလိုပါ။ Call center 2019 ကို ဆက်သွယ်၍ မိမိ နေထိုင်သည့်မြို့နယ်ကို ပြောကြားသတင်းပို့ရန်။ မြို့နယ်ဆရာဝန်ထံသို့လဲ ဆက်သွယ်နိုင်သည်။

အနံ့ပျောက် လူနာများ သိရှိရန်…

ထို့နောက် ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာမြို့နယ်အလိုက် အနံ့ပျောက်စင်တာတွင် နေထိုင်ရန်။ ထိုနေရာတွင်ပင် Swab ယူ၍ စစ်ဆေးပေးမည် ဖြစ်သည်။ရန်ကုန်တိုင်းတွင် အနံ့ပျောက်စင်တာ ၈၂ ခု ပြင်ဆင်ထားပီးဖြစ်သည်။ ဆေးရုံများကလဲ အနံ့ပျောက်လူနာများကို စင်တာများသို့ လွှဲပေးမည်ဖြစ်သည်။ ထိုသို့ဖြင့် မိမိ အိမ်သူအိမ်သားများကို ထပ်မံကူးစက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

“သတင်းအပြည်အစုံ”

ဖျားနာခြင်း မရှိဘဲ အနံ့ပျော က်ရုံသက်သက် လူနာေ တွအနေနဲ့ ဆေးရုံတွေ မှာစုပြုံတိုးနေ တာမျိုးမလုပ်ဘဲ Call Center2019 ကိုဆ က်သွယ်ပြီး မြို့နယ်အ လိုက် အနံ့ပျောက်စင် တာတွေမှာကန့်သတ်မှု နဲ့ကုသမှုခံယူြ ကရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျ န်းမာရေးနှင့် ကုသမှုဦးစီးဌာနမှူး၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် ကပြောပါတယ်။ အနံ့ပျောက်သွားသူတွေမှာ ရောဂါ အခံမရှိသူတွေ၊ သက်ကြီးရွယ်အိုမဟု တ်သူတွေနဲ့ ဖျားနာခြင်းစ တဲ့ရောဂါ လက္ခဏာမပြဘဲ အနံ့ပျောက်ရုံသ က်သက်လူနာေ တွအနေနဲ့ အနံပျောက်စ င်တာတွေကိုသွားေ ရာက်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

“ဆေးရုံတွေမှာ အနံ့ပျောက်တဲ့ လူနာတွေသွားပြကြတယ်။ ဆေးရုံတွေက လည်းလ က်ခံနိုင်တဲ့ Capacity မရှိဘူး။ Capacity မရှိတော့အိမ်ကို ကျွန်တော်တို့ကပြန်လွှတ်လိုက်ရတယ်။ကျွန်တော်တို့က ဒီကိစ္စတွေမှာလည်းအလွန်ပဲ စိုးရိမ်ပါတယ်။ အနံ့ပျောက်တဲ့သူတွေကိုအကြံပြုချင်ပါတယ်။ အနံ့ပျောက်သွားရင်ဘယ်မှမသွားနဲ့ အိမ်မှာပဲနေ။ အိမ်မှာလည်းပဲ SocialDistancing နဲ့နေရမှာပေါ့။ Maskတပ်ထား။ နေပြီးရင် ကျွန်တော်တို့ရဲ့ Call Center နံပါတ် 2019 ကိုဆက်။ အဲဒီကနေပြီးတော့ အနံ့ပျောက်တဲ့သူရှိတဲ့မြို့နယ်ပဲဖြစ်ဖြစ်၊

အနံ့ပျောက် လူနာများ သိရှိရန်…

စင်တာတွေရှိ တဲ့အပေါ်မှာပဲဖြစ်ဖြစ် မူတည်ပြီးတော့ Call Center ကကျွန်တော်တို့ကျန်း မာရေးဦးစီး ဌာနကိုဆက် သွယ်တယ်။ အဲလို ဆက်သွယ်တဲ့ အခါမှာ အနံပျောက်စ င်တာတွေမှာ သွားရော က်ပြီးတော့ ကန့်သတ်မှု ကိုခံယူလိုက်မယ်။ ဒီလို ခံယူ လိုက်မယ်ဆိုရင် ကိုယ့်မိသားစုကိုလည်းမကူးတော့ဘူး။ကိုယ်တိုင်လည်းပဲစောင့်ကြည့်ပြီးစောင့်ရှောက်မှုပေးတဲ့နေရာရောက် သွားတဲ့ အတွက်အဆင်ပြေတယ်။ အဲဒီ့နေရာမှာလည်း ဓာတ်ခွဲအဖြေယူြ ပီးစစ်ဆေးပေးနိုင်ဖို့ ကျွန်တော်တို့က စီစဉ်ပြီးသွားပြီ”့ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

ဆေးရုံတွေကိုသွားတဲ့အနံ့ပျောက်နေသူတွေကိုလည်း အိမ်ပြန်မလွှတ်ဘဲ အနံ့ပျောက်စင်တာကိုလွှဲပေးဖို့ မှာကြား ထားပြီးဖြစ်တယ်လို့ဆိုပါတယ်လတ်တလောမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့အရှေ့ပိုင်းခရိုင်မှာအနံ့ပျောက်စင်တာ (၂၉) နေရာ၊ အနောက်ပိုင်း ခရိုင်မှာ (၁၅) နေရာ၊ တောင်ပိုင်းခရိုင်မှာ (၂၁) နေရာ၊မြောက်ပိုင်းခရိုင်မှာ (၁၇) နေရာရှိပြီးစုစုပေါင်း( ၈၂) နေရာ မှာ လူနာ တစ်ထောင်ကျော်ထားရှိထားပြီး အနံ့ပျောက်နေသူတွေ စောစောစီးစီးကုသမှု ခံယူနိုင်ဖို့ နဲ့ အနံ့ပျောက် စင်တာတွေမှာ သွားရောက်ပြီးကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ဖို့ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့သိရပါတယ်။

အနံ့ပျောက် လူနာများ သိရှိရန်…

Credit;ygnnews

Add a Comment

Your email address will not be published. Required fields are marked *