အတန်းပညာ ၇ တန်း ပဲအောင်တဲ့ လူငယ်လေး ဘဝကနေ မြန်မာပြည်ရဲ့ အချမ်းသာဆုံး သူတွေထဲက တစ်ယောက် ဖြစ်လာသူ

၇ တန်းေ အာင် လူငယ်ေ လး ဘဝကနေ မြန်မာပြည်ရဲ့ အချမ်းသာဆုံး သူတွေထဲက တစ်ယောက် ဖြစ်လာတဲ့ အထိကြိုးစားခဲ့ရတာ ဆော က်လုပ်ရေးရွှေခေတ်ကို မှီပြီး ကံကောင်းဖို့ ဆိုတာ လိုအပ်ပေမယ့် အဲဒီ ကံ တစ်ခုထဲ နဲ့ ဘယ်ဖြစ်လာပါ့မလဲနော့်။

လူငယ်လေး တစ်ယောက် ၇ တန်းပြီးတော့ ရွေးချယ်စရာ နည်းပါးတဲ့ခေတ်မှာ ရှမ်းပြည်ဖက်မှာ ကားဝပ်ရှော့ လုပ်ဖြစ်တယ်။နောက် ဓားပြတွေ ရန်ကြောက်လို့ ရန်ကုန်ကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တက်လာတယ်။ရန်ကုန်ရောက်တော့ ၃ ဘီး မောင်းတယ်။၃ ဘီး မောင်းနေရင်း လက်ဖက်ခြောက် ကုန်သည်နဲ့တွေ့လို့ အဲဒီအိမ်မှာ ဒရိုင်ဘာ လုပ်ရာကနေ အရောင်းအဝယ်ပညာ သင်ယူခဲ့တယ်။

အိမ်ထောင်ကျ ကလေးရပြီး အဆင်မပြေတော့ လမ်းဘေးမှာ ဈေးရောင်းတယ်။ ၄ နှစ်လောက် ရောင်းပြီး စုဆောင်းရငွေ နဲ့ လက်ဖက်ခြောက်တွေ မုန့်တွေ လက်ကားရောင်းတယ်။

အတန်းပညာ ၇ တန်း ပဲအောင်တဲ့ လူငယ်လေး ဘဝကနေ မြန်မာပြည်ရဲ့ အချမ်းသာဆုံး သူတွေထဲက တစ်ယောက် ဖြစ်လာသူ

နောက် border trade ပြောင်းလုပ်တယ်။ အဲ့လိုနဲ့ ၁၉၉၀ မှာ ကုမ္ပဏီ စထောင်တယ်။ ဘဏ်တွေ ထောင်တယ်။ ဆောက်လုပ်ရေး လုပ်တယ်။ နောက် ဘဏ်ကို ပိတ်ရတော့ shopping center တွေဖက်လှည့်တယ်။ ရဲရွာရေအားလျှပ်စစ် နဲ့ အမြန်လမ်းတွေ ဖောက်တယ်။အဲလိုနဲ့ ခု ရွှေတောင်ဖြစ်လာသတဲ့။

ပွဲက personal branding ဆန်ပေမယ့် သူ့အနေနဲ့ ၇ တန်းပဲ အောင်ပြီး အဆင့်မြင့်စီးပွားရေးပညာတွေ MBA တွေ သင်ခွင့် မရပေမယ့် သူ့ဘဝအကြောင်းပြောနေရင်း သူ့ အတွေ့အကြုံက လာတဲ့ ရိုးရှင်းပြီး နားလည်ရလွယ်တဲ့ စီးပွားရေး ပညာ တချို့ ကြားခွင့်ရခဲ့တယ်။ ဓားပြတွေရန်က အဝတ်တထည် ကိုယ်တစ်ခုနဲ့ပြေးလာရတဲ့ ကံဆိုးမှုတွေနောက်မှာ လက်ဦးဆရာဖြစ်လာမယ့် အရောင်းအဝယ် သင်ယူခွင့်ရမယ့် ကံကောင်းမှု ဖြစ်လာတယ်။

ဘဏ်တွေပိတ်လိုက်ရတော့ တခြားဖက်မှာ ပိုဖိလုပ်ဖြစ်တော့ ဆောက်လုပ်ရေး ရေအားလျှပ်စစ်တွေမှာ အာရုံစိုက်ဖြစ်ခဲ့တယ် ကံဆိုးမှုနောက်မှာ ကံကောင်းဖို့အတွက် အခွင့်အရေး ကပ်ပါလာလေ့ရှိသတဲ့။ မြင်အောင်ကြည့်တတ် ဖို့ပဲ လိုတာပေါ့လေ။ သူ့ရဲ့ ခုလက်ရှိ ချမ်းသာမှုက လက်ဦးဆရာ လက်ဖက်ခြောက်ကုန်သည်ကြီး ထက်သာနေပြီး ကုန်သည်ကြီး မရှိတော့ပေမယ့် သူ့မိသားစုဝင်တွေကို လေးလေးစားစားနဲ့ သူဌေးလို့ပဲခေါ်နေမိတုန်း။

အတန်းပညာ ၇ တန်း ပဲအောင်တဲ့ လူငယ်လေး ဘဝကနေ မြန်မာပြည်ရဲ့ အချမ်းသာဆုံး သူတွေထဲက တစ်ယောက် ဖြစ်လာသူ

တချိန်က သူမောင်းခဲ့ရတဲ့ ကုန်သည်ကြီးရဲ့ကားကို အမှတ်တရ ဝယ်ထားပြီး သိမ်းထားခဲ့တယ်။ ကျေးဇူးရှိတဲ့သူတွေကို ကျေးဇူးသိတယ် ။ ကျေးဇူးပြန်ဆပ်တယ်။ သူရဲ့ လက်အောက်က ဝန်ထမ်းတွေကို အရည်အချင်းအလိုက် လခတွေ နေရာတွေ ပေးခဲ့တယ်။ သင်တန်းတွေပေးတယ်။

လူတွေကို ယုံကြည်မှုထားတယ်။ မယုံရင် လုံးဝမခိုင်းနဲ့။ ခိုင်းပြီဆို ယုံထားလိုက်။ သင်တန်းပေးလိုက်ပြီး ကျွမ်းကျင်လို့ သူနေရာမပေးနိုင်လို့ ထွက်သွားလည်း တခြားနေရာမှာ ထူးချွန်ရင် သူနေရာပေးနိုင်တဲ့ တချိန်ပြန်လာမှာပဲ။ပြန်မလာလည်း နိုင်ငံအတွက်အကျိုး ရှိနေမှာပဲ။

အဲဒီတော့ သင်ပေးရမယ်။ လုပ်ခွင့်ပေးရမယ်။ မှားရင် ပြင်ပေးရမယ်နောက်ကိုယ့်အောင်က လူတွေကိုလည်း လေးလေးစားစား ဆက်ဆံရမယ်။တချိန်ထဲမှာ ကိုယ့်ကိုယ်ကို နှိမ့်ချမှုရှိရမယ်။ အဲဒါမှ ဝန်ထမ်းတွေက ကိုယ့်အပေါ်သစ္စာရှိမယ်။ လူတွေက အပြန်အလှန်လေးစားမယ်။ လုပ်ငန်းတစ်ခု စလုပ်မယ်ဆို line of business အရေးကြီးတယ်။

ကိုယ်လုပ်မယ့်အလုပ်က potential ဘယ်လောက်ရှိလဲ တွက်ဖို့လိုတယ်။ လမ်းဘေးမှာပဲ ဈေးဆက်ရောင်းမယ်။Border trade ပဲ ဆက်လုပ်နေရင် အတိုင်းအတာ တခုထိတော့ ချမ်းသာနိုင်ပေမယ့် ခုလောက်ထိ ချမ်းသာလာဖို့ မလွယ်ဖူး။

အဲဒီတော့ ခုကိုယ်လုပ်နေတဲ့အလုပ်က ဘယ်လောက် potential ရှိလဲ မရှိရင် မျက်စိဖွင့်နားစွင့်ထား။ အခွင့်အရေးရတာနဲ့ပြောင်းဖို့စဉ်းစား။ ရရင် နောက်ဆံမတင်းပဲ ချက်ချင်းပြောင်း။ စီးပွားရေးရဲ့ fluctuation ကိုအမြဲလေ့လာ သိနေရမယ်။ ဈေးကွက် ပြောင်းတော့မယ်ဆိုတာသိရင် ကြိုပြင်ဆင်ထား။

ဈေးကွက်ကတော့ ကိုယ့်ကိုစောင့်နေမှာ မဟုတ်ဖူး။ မပြင်မဆင်ထားရင် ကိုယ်ကျန်ခဲ့မှာပဲ။ ရဲရဲသာလုပ်။ ကိုယ်လုပ်တာအတွက် ကိုယ်တာဝန်ယူရမယ်။ ကိုယ့်လုပ်ငန်းကို ဝံပုလွေ အုပ်လို ဖြစ်အောင် လေ့ကျင့်ထား။ ကြောစိတ်မဝင်အောင် support ပေး။ ရှေ့ကနေ ခေါင်းဆောင်လုပ်။ ကိုယ့်လုပ်ငန်းရဲ့ ကွာလတီကို ကိုယ်သတ်မှတ်။

သူများရဲ့ ၁၀၀ တန်ပစ္စည်းကို ကိုယ်က ၂၀၀ ရောင်းလို့ ကျေကျေနပ်နပ် ပေးဝယ်ရင် အဲဒါ ကွာလတီပဲ။ အဲလိုရဖို့ SOP တွေ work flow တွေ သေချာဆွဲထား။ လုပ်ငန်းကို တဆင့်ချင်း ဆွဲထားတဲ့ အတိုင်း တည်ဆောက်။လူတွေ ပစ္စည်းတွေ ငွေတွေကို သူ့နေရာနဲ့သူ အချိန်အခါလိုက်မှန်အောင်နေရာချ ပြီး စီမံရမယ်။

ပြီးရင် rules and regulations တွေ သေချာချပြီး ကိုယ်တိုင်လိုက်နာ။ဖောက်ရင် ချက်ချင်း ဒဏ်ပေး မဖမ်းသရွေ့ ကားကို ရပ်ချင်တဲ့နေရာရပ်မှာပဲ လုပ်ငန်း တိုးတက် ဖို့ အတွက် နိုင်ငံခြားက ဂေါ်ဇီလာတွေနဲ့ ပြိုင်နိုင်ဖို့ creative တွေ လုပ်။

ကိုယ်တိုင်မလုပ်နိုင်ရင် လုပ်နိုင်တဲ့ နိုင်ငံခြားသား ပညာရှင် consultant တွေငှား။ သူတို့ဆီက နည်းပညာကို သင်ယူ။ တခါငှားပြီး ကိုယ့်လူတွေကို လေ့ကျင့်ပေးနိုင်ရင် နောက် ကိုယ့်အားကိုယ်ကိုးလို့ရပြီ။ နိုင်ငံခြား သား consultant ဆိုတိုင်း မယုံနဲ့။

အထင်မကြီးနဲ့ တလွဲတွေလည်း လာတတ်တယ်။ နိုင်ငံခြား သွားရင်အကုန်ကြည့်ခဲ့ ဒီမှာ ဘာပြန်သုံးလို့ လုပ်လို့ရမလဲ စဉ်းစား။ ပြိုင်လုပ်လို့မရရင် ပေါင်းလုပ်ဖို့ ကြိုစဉ်းစားထား။

ပြိုင်လို့လည်းမရ။ ပေါင်းလို့လည်း မရရင်တော့ ပြေးဖို့ နည်းလမ်းရှာထား။အသေခံတော့ မတိုက်နဲ့။ကိုယ်ရဲ့ customer တွေ partner သူတွေ supplier တွေ ရဲ့ ယုံကြည်မှုကို တည်ဆောက်။

အောင်မြင်မှုရအောင်လုပ်။

အောင်မြင်မှုရလာရင် ထိန်းထားနိုင်ဖို့ကြိုးစား။အောင်ပွဲခံပြီး သာယာမနေနဲ့။ ကိုယ့်ကိုယ်ကို ချဲလင့် ခေါ်နိုင်ဖို့ ချဲလင့်အတိုင်း ကြိုးစားဖို့ ပြင်ဆင်ထားရမယ်။ အမြဲသင်ယူဖို့ အသင့်ဖြစ်နေရမယ်။ဘာသာစကားတွေ သင်ယူနိုင်ဖို့ကြိုးစား။ အင်္ဂလိပ်စာ တရုတ်စာ အဓိကထားသင်။

တခြားဘာသာတွေလည်း ဖြစ်နိုင်ရင် ထမင်းစားရေသောက် နည်းနည်းပါးပါး နားလည်အောင်ကြိုးစား။စကားပြောဖို့ မပီမှာ မှားမှာမကြောက်ပဲ ရဲရဲသာပြောပါ။ လုပ်ငန်းအတွက် အတိအကျ လိုအပ်ရင် စကားပြန် သုံးပေမယ့် ဒင်နာတွေ ဆိုရှယ်တွေမှာ ကိုယ်တိုင်ပြော။အောင်မြင်ဖို့ မျှော်မှန်းထားပေမယ့် ဆုံးရှုံးနိုင်ချေ

အမြဲစဉ်းစားထားပြီး ပြင်ဆင်ထားရမယ်။နောက်ဆုံး စကား လက်ဆောင်ကတော့ အမြဲ မျက်စိဖွင့် နားစွင့်ထားပြီး ကောင်းတာတွေ့ရင်ယူ။ အများယုံကြည်မှုရအောင် ကျင့်ဝတ်သိက္ခာရှိရှိ ကိုယ့်ကိုယ်ကို တည်ဆောက် ပြင်ဆင်ထားပါ။ဒီလို ပြင်ဆင်ကြိုးစားရင်း ဆုံးရှုံးမှုတွေ။

ရှုံးနိမ့်မှုတွေ ကြုံလာတိုင်း ဒါတွေက ခဏတာ ယာယီပါလို့ နှလုံးသွင်းရင်း ဘဝကိုပျော်ပျော် ရွင်ရွင် ဖြတ်သန်းပါ။နောက်ဆုံးမှာတော့ အခွင့်အရေးဆိုတာ ကိုယ့်ဆီရောက်လာမှာ အသေအချာပါ။

Credit To :Original Writer

၇ တန္းေ အာင္ လူငယ္ေ လး ဘဝကေန ျမန္မာျပည္ရဲ႕ အခ်မ္းသာဆုံး သူေတြထဲက တစ္ေယာက္ ျဖစ္လာတဲ့ အထိႀကိဳးစားခဲ့ရတာ ေဆာ က္လုပ္ေရးေ႐ႊေခတ္ကို မွီၿပီး ကံေကာင္းဖို႔ ဆိုတာ လိုအပ္ေပမယ့္ အဲဒီ ကံ တစ္ခုထဲ နဲ႕ ဘယ္ျဖစ္လာပါ့မလဲေနာ့္။

လူငယ္ေလး တစ္ေယာက္ ၇ တန္းၿပီးေတာ့ ေ႐ြးခ်ယ္စရာ နည္းပါးတဲ့ေခတ္မွာ ရွမ္းျပည္ဖက္မွာ ကားဝပ္ေရွာ့ လုပ္ျဖစ္တယ္။ေနာက္ ဓားျပေတြ ရန္ေၾကာက္လို႔ ရန္ကုန္ကို အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႕ တက္လာတယ္။ရန္ကုန္ေရာက္ေတာ့ ၃ ဘီး ေမာင္းတယ္။၃ ဘီး ေမာင္းေနရင္း လက္ဖက္ေျခာက္ ကုန္သည္နဲ႕ေတြ႕လို႔ အဲဒီအိမ္မွာ ဒရိုင္ဘာ လုပ္ရာကေန အေရာင္းအဝယ္ပညာ သင္ယူခဲ့တယ္။

အိမ္ေထာင္က် ကေလးရၿပီး အဆင္မေျပေတာ့ လမ္းေဘးမွာ ေဈးေရာင္းတယ္။ ၄ ႏွစ္ေလာက္ ေရာင္းၿပီး စုေဆာင္းရေငြ နဲ႕ လက္ဖက္ေျခာက္ေတြ မုန့္ေတြ လက္ကားေရာင္းတယ္။

ေနာက္ border trade ေျပာင္းလုပ္တယ္။ အဲ့လိုနဲ႕ ၁၉၉၀ မွာ ကုမၸဏီ စေထာင္တယ္။ ဘဏ္ေတြ ေထာင္တယ္။ ေဆာက္လုပ္ေရး လုပ္တယ္။ ေနာက္ ဘဏ္ကို ပိတ္ရေတာ့ shopping center ေတြဖက္လွည့္တယ္။ ရဲ႐ြာေရအားလွ်ပ္စစ္ နဲ႕ အျမန္လမ္းေတြ ေဖာက္တယ္။အဲလိုနဲ႕ ခု ေ႐ႊေတာင္ျဖစ္လာသတဲ့။

ပြဲက personal branding ဆန္ေပမယ့္ သူ႕အေနနဲ႕ ၇ တန္းပဲ ေအာင္ၿပီး အဆင့္ျမင့္စီးပြားေရးပညာေတြ MBA ေတြ သင္ခြင့္ မရေပမယ့္ သူ႕ဘဝအေၾကာင္းေျပာေနရင္း သူ႕ အေတြ႕အႀကဳံက လာတဲ့ ရိုးရွင္းၿပီး နားလည္ရလြယ္တဲ့ စီးပြားေရး ပညာ တခ်ိဳ႕ ၾကားခြင့္ရခဲ့တယ္။ ဓားျပေတြရန္က အဝတ္တထည္ ကိုယ္တစ္ခုနဲ႕ေျပးလာရတဲ့ ကံဆိုးမႈေတြေနာက္မွာ လက္ဦးဆရာျဖစ္လာမယ့္ အေရာင္းအဝယ္ သင္ယူခြင့္ရမယ့္ ကံေကာင္းမႈ ျဖစ္လာတယ္။

ဘဏ္ေတြပိတ္လိုက္ရေတာ့ တျခားဖက္မွာ ပိုဖိလုပ္ျဖစ္ေတာ့ ေဆာက္လုပ္ေရး ေရအားလွ်ပ္စစ္ေတြမွာ အာ႐ုံစိုက္ျဖစ္ခဲ့တယ္ ကံဆိုးမႈေနာက္မွာ ကံေကာင္းဖို႔အတြက္ အခြင့္အေရး ကပ္ပါလာေလ့ရွိသတဲ့။ ျမင္ေအာင္ၾကည့္တတ္ ဖို႔ပဲ လိုတာေပါ့ေလ။ သူ႕ရဲ႕ ခုလက္ရွိ ခ်မ္းသာမႈက လက္ဦးဆရာ လက္ဖက္ေျခာက္ကုန္သည္ႀကီး ထက္သာေနၿပီး ကုန္သည္ႀကီး မရွိေတာ့ေပမယ့္ သူ႕မိသားစုဝင္ေတြကို ေလးေလးစားစားနဲ႕ သူေဌးလို႔ပဲေခၚေနမိတုန္း။

တခ်ိန္က သူေမာင္းခဲ့ရတဲ့ ကုန္သည္ႀကီးရဲ႕ကားကို အမွတ္တရ ဝယ္ထားၿပီး သိမ္းထားခဲ့တယ္။ ေက်းဇူးရွိတဲ့သူေတြကို ေက်းဇူးသိတယ္ ။ ေက်းဇူးျပန္ဆပ္တယ္။ သူရဲ႕ လက္ေအာက္က ဝန္ထမ္းေတြကို အရည္အခ်င္းအလိုက္ လခေတြ ေနရာေတြ ေပးခဲ့တယ္။ သင္တန္းေတြေပးတယ္။

လူေတြကို ယုံၾကည္မႈထားတယ္။ မယုံရင္ လုံးဝမခိုင္းနဲ႕။ ခိုင္းၿပီဆို ယုံထားလိုက္။ သင္တန္းေပးလိုက္ၿပီး ကြၽမ္းက်င္လို႔ သူေနရာမေပးနိုင္လို႔ ထြက္သြားလည္း တျခားေနရာမွာ ထူးခြၽန္ရင္ သူေနရာေပးနိုင္တဲ့ တခ်ိန္ျပန္လာမွာပဲ။ျပန္မလာလည္း နိုင္ငံအတြက္အက်ိဳး ရွိေနမွာပဲ။

အဲဒီေတာ့ သင္ေပးရမယ္။ လုပ္ခြင့္ေပးရမယ္။ မွားရင္ ျပင္ေပးရမယ္ေနာက္ကိုယ့္ေအာင္က လူေတြကိုလည္း ေလးေလးစားစား ဆက္ဆံရမယ္။တခ်ိန္ထဲမွာ ကိုယ့္ကိုယ္ကို ႏွိမ့္ခ်မႈရွိရမယ္။ အဲဒါမွ ဝန္ထမ္းေတြက ကိုယ့္အေပၚသစၥာရွိမယ္။ လူေတြက အျပန္အလွန္ေလးစားမယ္။ လုပ္ငန္းတစ္ခု စလုပ္မယ္ဆို line of business အေရးႀကီးတယ္။

ကိုယ္လုပ္မယ့္အလုပ္က potential ဘယ္ေလာက္ရွိလဲ တြက္ဖို႔လိုတယ္။ လမ္းေဘးမွာပဲ ေဈးဆက္ေရာင္းမယ္။Border trade ပဲ ဆက္လုပ္ေနရင္ အတိုင္းအတာ တခုထိေတာ့ ခ်မ္းသာနိုင္ေပမယ့္ ခုေလာက္ထိ ခ်မ္းသာလာဖို႔ မလြယ္ဖူး။

အဲဒီေတာ့ ခုကိုယ္လုပ္ေနတဲ့အလုပ္က ဘယ္ေလာက္ potential ရွိလဲ မရွိရင္ မ်က္စိဖြင့္နားစြင့္ထား။ အခြင့္အေရးရတာနဲ႕ေျပာင္းဖို႔စဥ္းစား။ ရရင္ ေနာက္ဆံမတင္းပဲ ခ်က္ခ်င္းေျပာင္း။ စီးပြားေရးရဲ႕ fluctuation ကိုအၿမဲေလ့လာ သိေနရမယ္။ ေဈးကြက္ ေျပာင္းေတာ့မယ္ဆိုတာသိရင္ ႀကိဳျပင္ဆင္ထား။

ေဈးကြက္ကေတာ့ ကိုယ့္ကိုေစာင့္ေနမွာ မဟုတ္ဖူး။ မျပင္မဆင္ထားရင္ ကိုယ္က်န္ခဲ့မွာပဲ။ ရဲရဲသာလုပ္။ ကိုယ္လုပ္တာအတြက္ ကိုယ္တာဝန္ယူရမယ္။ ကိုယ့္လုပ္ငန္းကို ဝံပုေလြ အုပ္လို ျဖစ္ေအာင္ ေလ့က်င့္ထား။ ေၾကာစိတ္မဝင္ေအာင္ support ေပး။ ေရွ႕ကေန ေခါင္းေဆာင္လုပ္။ ကိုယ့္လုပ္ငန္းရဲ႕ ကြာလတီကို ကိုယ္သတ္မွတ္။

သူမ်ားရဲ႕ ၁၀၀ တန္ပစၥည္းကို ကိုယ္က ၂၀၀ ေရာင္းလို႔ ေက်ေက်နပ္နပ္ ေပးဝယ္ရင္ အဲဒါ ကြာလတီပဲ။ အဲလိုရဖို႔ SOP ေတြ work flow ေတြ ေသခ်ာဆြဲထား။ လုပ္ငန္းကို တဆင့္ခ်င္း ဆြဲထားတဲ့ အတိုင္း တည္ေဆာက္။လူေတြ ပစၥည္းေတြ ေငြေတြကို သူ႕ေနရာနဲ႕သူ အခ်ိန္အခါလိုက္မွန္ေအာင္ေနရာခ် ၿပီး စီမံရမယ္။

ၿပီးရင္ rules and regulations ေတြ ေသခ်ာခ်ၿပီး ကိုယ္တိုင္လိုက္နာ။ေဖာက္ရင္ ခ်က္ခ်င္း ဒဏ္ေပး မဖမ္းသေ႐ြ႕ ကားကို ရပ္ခ်င္တဲ့ေနရာရပ္မွာပဲ လုပ္ငန္း တိုးတက္ ဖို႔ အတြက္ နိုင္ငံျခားက ေဂၚဇီလာေတြနဲ႕ ၿပိဳင္နိုင္ဖို႔ creative ေတြ လုပ္။

ကိုယ္တိုင္မလုပ္နိုင္ရင္ လုပ္နိုင္တဲ့ နိုင္ငံျခားသား ပညာရွင္ consultant ေတြငွား။ သူတို႔ဆီက နည္းပညာကို သင္ယူ။ တခါငွားၿပီး ကိုယ့္လူေတြကို ေလ့က်င့္ေပးနိုင္ရင္ ေနာက္ ကိုယ့္အားကိုယ္ကိုးလို႔ရၿပီ။ နိုင္ငံျခား သား consultant ဆိုတိုင္း မယုံနဲ႕။

အထင္မႀကီးနဲ႕ တလြဲေတြလည္း လာတတ္တယ္။ နိုင္ငံျခား သြားရင္အကုန္ၾကည့္ခဲ့ ဒီမွာ ဘာျပန္သုံးလို႔ လုပ္လို႔ရမလဲ စဥ္းစား။ ၿပိဳင္လုပ္လို႔မရရင္ ေပါင္းလုပ္ဖို႔ ႀကိဳစဥ္းစားထား။

ၿပိဳင္လို႔လည္းမရ။ ေပါင္းလို႔လည္း မရရင္ေတာ့ ေျပးဖို႔ နည္းလမ္းရွာထား။အေသခံေတာ့ မတိုက္နဲ႕။ကိုယ္ရဲ႕ customer ေတြ partner သူေတြ supplier ေတြ ရဲ႕ ယုံၾကည္မႈကို တည္ေဆာက္။

ေအာင္ျမင္မႈရေအာင္လုပ္။

ေအာင္ျမင္မႈရလာရင္ ထိန္းထားနိုင္ဖို႔ႀကိဳးစား။ေအာင္ပြဲခံၿပီး သာယာမေနနဲ႕။ ကိုယ့္ကိုယ္ကို ခ်ဲလင့္ ေခၚနိုင္ဖို႔ ခ်ဲလင့္အတိုင္း ႀကိဳးစားဖို႔ ျပင္ဆင္ထားရမယ္။ အၿမဲသင္ယူဖို႔ အသင့္ျဖစ္ေနရမယ္။ဘာသာစကားေတြ သင္ယူနိုင္ဖို႔ႀကိဳးစား။ အဂၤလိပ္စာ တ႐ုတ္စာ အဓိကထားသင္။

တျခားဘာသာေတြလည္း ျဖစ္နိုင္ရင္ ထမင္းစားေရေသာက္ နည္းနည္းပါးပါး နားလည္ေအာင္ႀကိဳးစား။စကားေျပာဖို႔ မပီမွာ မွားမွာမေၾကာက္ပဲ ရဲရဲသာေျပာပါ။ လုပ္ငန္းအတြက္ အတိအက် လိုအပ္ရင္ စကားျပန္ သုံးေပမယ့္ ဒင္နာေတြ ဆိုရွယ္ေတြမွာ ကိုယ္တိုင္ေျပာ။ေအာင္ျမင္ဖို႔ ေမွ်ာ္မွန္းထားေပမယ့္ ဆုံးရႈံးနိုင္ေခ်

အၿမဲစဥ္းစားထားၿပီး ျပင္ဆင္ထားရမယ္။ေနာက္ဆုံး စကား လက္ေဆာင္ကေတာ့ အၿမဲ မ်က္စိဖြင့္ နားစြင့္ထားၿပီး ေကာင္းတာေတြ႕ရင္ယူ။ အမ်ားယုံၾကည္မႈရေအာင္ က်င့္ဝတ္သိကၡာရွိရွိ ကိုယ့္ကိုယ္ကို တည္ေဆာက္ ျပင္ဆင္ထားပါ။ဒီလို ျပင္ဆင္ႀကိဳးစားရင္း ဆုံးရႈံးမႈေတြ။

ရႈံးနိမ့္မႈေတြ ႀကဳံလာတိုင္း ဒါေတြက ခဏတာ ယာယီပါလို႔ ႏွလုံးသြင္းရင္း ဘဝကိုေပ်ာ္ေပ်ာ္ ႐ြင္႐ြင္ ျဖတ္သန္းပါ။ေနာက္ဆုံးမွာေတာ့ အခြင့္အေရးဆိုတာ ကိုယ့္ဆီေရာက္လာမွာ အေသအခ်ာပါ။

Credit To :Original Writer

Add a Comment

Your email address will not be published. Required fields are marked *