အစိုးရရုံးပေါင်းစုံဝင်း ထဲမှာ ထမင်းဆိုင်ဖွင့်ထားမိတဲ့ လင်မယားနှစ်ယောက် အဖြစ်
ဟုတ်ကဲ့ကျွန်တော် ထမင်းဆိုင်ပိုင်ရှင်ပါ …
ရုံးပေါင်းစုံရှိတဲ့ ဝင်းကြီးထဲထမင်းဆိုင် စ.ဖွင့်တော့ လူသိပ်မကျဘူးရယ်။မဒမ်က တော့်ဟာ ဟုတ်ပမလားမေးတော့မပိုင်ရင်ခြင်တောင်မရိုက်ဘူးကွ ပေါ့ခပ်တည်တည်ပြန်ငေါက်သေးတာရယ်။
ခြင်ထောင်ပြဲမှာစိုးတာလဲပါတာကိုး 😁😁လ.အနည်းငယ်ကြတော့မဒမ်ရဲ့လက်ရာကြောင့်စ.ပြီးလူစည်လာရော…။ဝန်ထမ်းအများစုလာစားကြတဲ့ဆိုင်ဆိုတော့သူတို့ စားပုံသောက်ပုံတွေကိုတဖြည်းဖြည်းနဲ့ သိလာတယ်။
ဘယ်သူက ဘယ်လိုစားတယ်ဘယ်သူကတော့ ဘယ်လိုဆွဲတယ် ပေါ့…သိလာရော….ခင်ဗျားတို့ သဘောပေါက်နားလည်အောင်ပြောပြရရင် …ဒီလို….
……….
စိုက်ပျိုးရေးအဖွဲ့တွေကလူကြီးပိုင်းပဲစားတာများတယ်။အငယ်တွေက သိပ်မစားရရှာဘူး။လူကြီးပိုင်းပဲစားတော့ရှယ်တွေရောင်းရတာပေါ့ ။တစ်ခါပြင်ကိုစိတ်မဝင်စားဘူး။ စိုက်ပျိုးရေးဆိုတာလူကြီးတွေပဲ စားတယ်ဆိုတာ သိလာရတယ်။😁
နောက် စည်ပင်ဝန်ထမ်းတွေ….အမယ် တို့တိတို့တိစားတာဗျာဟိုနားတို့တိတို့တိဒီနားတို့တိတို့တိနဲ့မပြီးနိုင်မစီးနိုင်စားတာကိုး🤣🤣..
လမ်းတံတားဆောက်လုပ်ရေးကဝန်ထမ်းတွေကျ ချွေတာရေးဗျိုးတစ်ခါပြင်ပဲစားတာကလားတစ်ခါပြင်လိုက် စားလိုက်တစ်ခါပြင်ခိုင်းလိုက် စားလိုက်နဲ့😁မဒမ်ခမျာ တစ်ခါပြင်ပွဲ ပြင်ပေးရတာကိုလက်မလည်ဘူးတစ်ခါပြင်ရင်း တစ်ခါစားရင်း…..ကိုး🤣🤣
လဝက ဝန်ထမ်းတွေကျ တစ်မျိုးဗျားပုံပြင်တစ်ပွဲအော်သံကြားလို့ကတော့သေချာပြီသူတို့ပဲပုံပြင်လိုက်စားလိုက်ပုံလေးပြင်လိုက် စားလိုက်ထမင်းပေါ်ဟင်းပုံပေးလိုက် ပြီးတာပဲ…..ချွေတာရေးလားငါ့ဆရာတို့လို့မေးတော့ ရယ်ကြတယ်ဗျ…ပုံပြင်ပြီးစားတတ်ဖို့တာ လွယ်မှတ်လို့ဗျာ တဲ့ပြန်ပြောတော့ ကျုပ်မှာ ရီရသေး…😁
နောက်ဝန်ထမ်းကြယာဉ်ထိန်းရဲတွေခင်ဗျ….ထူးဆန်းတာပြောရအုံးမယ်…တစ်နေကုန်နီးပါးစားတာဗျာ😁😁အားတာနဲ့ လာစားကြတာ….စားတော့လဲ တစ်ဝိုင်းထဲထိုင်မစားဘူးခင်ဗျ….သုံးယောက်လာရင် နှစ်ဝိုင်းထိုင်တယ်လေးယောက်လာရင် သုံးဝိုင်းထိုင်တယ်..နေရာခွဲ စားတာခင်ဗျဟိုနေရာေြ ပးချလိုက်ရဒီနေရာေြ ပးချလိုက်ရနဲ့ ဖတ်ဖတ်ေ မာတယ်အဟုတ်တစ်ေ နရာထဲစုစား ပါလားဗျာ လို့ ပြောတော့ငါတို့က တစ်နေကုန်ေ အာင်ထိုင်စားနေရ တာတစ်နေရာထဲဆို ညောင်းတ ယ်ကွ….တဲ့မဒမ် ကျုပ်ကိုနင်းပေးရ တဲ့ညဆိုသေချာတယ်အဲ့နေ့ ယာဉ်ထိန်းေ တွလာစားတဲ့နေ့ပဲ….
သူတို့နဲ့ဆန့်ကျင်ဖက်က တရားရေးကဝ န်ထမ်းတွေ ဗျားတစ်ထိုင်တည်း အပီအပြင်စား တာကလား🤣🤣ရှိတာအကုန်ချကွာ ဆိုလို့ကတော့မဒမ်တို့ ပြုံးပြီဝက် ကြက် အမဲ အကုန်ချ တစ်ချီထဲအဝစားြ ကတာ ဆိုတော့တွက်ချေကိုက်ရုံတင်မဟုတ်ဖူးလျှံတောင်လျှံနေသေး…တစ်ထိုင်တည်းအဝစားကြတာဆိုတော့😁😁အဲ့ည မဒမ်တို့ မြူးတဲ့ညပေါ့ဗျာ…..
ဆရာဝန်တွေကျ တစ်မျိုး…ကျုပ်ဆိုင်ကို သိပ်လှည့်မကြည့်ကြဘူးဘေး နားကပ်လျက် ကအအေးခန်းဆိုင် မှာထိုင်ကြတာများ တယ်ဗျပရိုက် ဗိတ်ဆိုင်က ပိုမိုက်တယ် ဆိုပဲ😁နားကြပ်ကြီးေ တွတကားတး ကားနဲ့ဝင်သွားရင် အဲ့အအေးခန်းဆိုင် ကပြာပြာသလဲကြို ကြသကိုး ….ခက်ပကျုပ်ဆိုင်လဲ သန့်ပါတယ်ဗျာလို့ ဆရာဝန်ပေါက်စလေး တစ်ယောက်ကို ရင်ဖွင့်မိတော့…ဆေးရုံနဲ့ဆေးခန်းကွာသ လိုပေါ့ဗျာ တဲ့သိပ်တော့နားမလ ည်ပေမယ့်အ င်းဟုတ်ပါတယ်လေ လို့ပဲ တွေးလိုက်ပါတယ်🤣🤣🤣……
မြေစာရင်းကဝန်ထမ်းတွေလဲစားပုံထူးသဗျ…သူတို့အတွက်စာအုပ်လုပ်ပေးထားရတာရယ်….စားကာနီး လက်မှတ်ထိုးကြတာဗျ…😁သူတို့အပြောက လ.ကုန်ရှင်း တဲ့လက်မှတ်ထိုးပြီး စားလိုက်စားကာနီးလက်မှတ်ထိုးကြနဲ့လကုန်ရှင်းစနစ်ကိုး…..🤣မှန်တော့မှန်တယ်ဗျ….လက်မှတ်ထိုးပြီးစားသမျှ လကုန်ကျအကြေရှင်းပေးတာဗျားလူမှန်တွေရယ်… အံ့ချက် အဟုတ်….
အခွန်က လူတွေကျတော့အခန်းထဲအရောက်ပို့ပေးမှ စားတာဗျ😁😁
ထွေအုပ်ဝန်ထမ်းတွေအကြောင်းလဲပြောရအုံးမယ်…ဘာဟင်းချ ဘာအသားချ လို့ ပြောတာရိုးရိုးမပြောဘူးငေါက် တာ ခင်ဗျ…..ငေါက်ပြီး ချခိုင်းတာ…..😏😏ဟင်းက ချေးများသေးဘာမရှိဘူးလား ဘာအသားဟင်းစားချင်တာ….ဂျီးတွေများချက်ဗျာ..ဒီကြားထဲ ဘယ်ဝိုင်းက ဘာပိုနေလဲအဲ့ဒါပါချ လုပ်သေးတာရယ်စိုက်ပျိုးရေးဝိုင်းကပိုနေသလား…လဝကဝိုင်းက ပိုနေသလားမြေစာရင်းဝိုင်းက ပိုနေလားပိုတာ အကုန်ချ စားမယ်ဆိုတာချည့်ပဲ…..😁
အကုန်စားတာရယ်…..😁😁သူတို့ဆိုင်ထဲဝင်လာရင်…မဒမ်ကို အော်ပြောရတယ်….ဝေသာလီပြည် ဘီလူးစီးမယ်မိန်းမရေ….လို့🤣🤣🤣
ဟူး….သတိများပေးလိုက်ပါရဲ့ခင်ဗျားတို့ အစိုးရရုံးပေါင်းစုံဝင်းထဲမှာဘယ်တော့မှ ထမင်းဆိုင် သွားမဖွင့်မိစေနဲ့မောတယ်….. အဟုတ်…။။🤣🤣🤣🤣 ဒါတောင် စားနေသမျှ ဌာနဆိုင်ရာ အကုန်မပါသေးဘူးရယ်😁😁😁
Credit;AL
……….
နောက်ဝန်ထမ်းကြယာဉ်ထိန်းရဲတွေခင်ဗျ….ထူးဆန်းတာပြောရအုံးမယ်…တစ်နေကုန်နီးပါးစားတာဗျာ😁😁အားတာနဲ့ လာစားကြတာ….စားတော့လဲ တစ်ဝိုင်းထဲထိုင်မစားဘူးခင်ဗျ….သုံးယောက်လာရင် နှစ်ဝိုင်းထိုင်တယ်လေးယောက်လာရင် သုံးဝိုင်းထိုင်တယ်..နေရာခွဲ စားတာခင်ဗျဟိုနေရြာေ ပးချလိုက်ရဒီနေရြာေ ပးချလိုက်ရနဲ့ ဖတ်ဖတ်ေ မာတယ်အဟုတ်တစ်ေ နရာထဲစုစား ပါလားဗျာ လို့ ပြောတော့ငါတို့က တစ်နေကုန်ေ အာင်ထိုင်စားနေရ တာတစ်နေရာထဲဆို ညောင်းတ ယ်ကွ….တဲ့မဒမ် ကျုပ်ကိုနင်းပေးရ တဲ့ညဆိုသေချာတယ်အဲ့နေ့ ယာဉ်ထိန်းေ တွလာစားတဲ့နေ့ပဲ….
သူတို့နဲ့ဆန့်ကျင်ဖက်က တရားရေးကဝ န်ထမ်းတွေ ဗျားတစ်ထိုင်တည်း အပီအပြင်စား တာကလား🤣🤣ရှိတာအကုန်ချကွာ ဆိုလို့ကတော့မဒမ်တို့ ပြုံးပြီဝက် ကြက် အမဲ အကုန်ချ တစ်ချီထဲအဝစာြး ကတာ ဆိုတော့တွက်ချေကိုက်ရုံတင်မဟုတ်ဖူးလျှံတောင်လျှံနေသေး…တစ်ထိုင်တည်းအဝစားကြတာဆိုတော့😁😁အဲ့ည မဒမ်တို့ မြူးတဲ့ညပေါ့ဗျာ…..
Credit;AL
Add a Comment
Your email address will not be published. Required fields are marked *