အကြမ်းဖက်ခံရပီး အသက်ဆုံးခဲ့ရတဲ့ NLD အနိုင်ရ ကိုယ်စားလှယ် ဦးထိုက်ဇော်ကို ယနေ သင်္ဂြိုဟ်မည်

နိုဝင်ဘာ(၂၁)ရက် ညနေ ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)က အနိုင်ရရှိခဲ့တဲ့ အမျိုးသားလွှတ်ေ တာ်ကိုယ် စားလှယ်လောင်း ဦးထိုက်ဇော် ရဲ့ ရုပ်အလောင်းကို ဒီနေ့ နိုဝင်ဘာ(၂၂)ရက် မွန်းလွဲ(၂)နာရီမှာ သင်္ဂြိုဟ်သွားမယ်လို့ ကျောက်မဲမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက တာဝန်ရှိသူတ စ်ဦးကပြောပါတယ်။ ကျော က်မဲမြို့မှာရှိတဲ့ အေးချမ်းသာ သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မှာပါ။

ဦးထိုက်ဇော်ကို ယနေ သင်္ဂြိုဟ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)အမျိုးသား လွှတ်တော်‌နေရာအတွ က်အနိုင်ရထားတဲ့ ကိုယ် စားလှယ် ဦးထိုက်ဇော်၊ ကျောက်မဲမြို့နယ် နေအိမ်မှာ ပစ်သတ်ခံ ရတာဟာ နိုင်ငံရေးအကြမ်းဖ က်မှုဖြစ်ပြီး ဒီဖြစ်ရပ်ကိုရှုတ်ချကြောင်း စာထုတ်ပြန်သွားမယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က One News ကို ပြောပါတယ်။

ဦးထိုက်ဇော်ကို ယနေ သင်္ဂြိုဟ်မည်

” ဟုတ်ပါတယ်။ ဦးထိုက်ဇော် ဖြစ်ပါတယ်။ သူ့ဟာ သူ့ရဲ့ အိမ်ရှေ့မှာ ကွမ်းယာစားဖို့ ယာနေတုန်းမှာ ဆိုင်ကယ်နဲ့ လူတစ်ယောက် ရောက်လာပြီးတော့ သေနတ်နဲ့ ပစ်တဲ့အတွက် ညာဘက်ရင်အုံမှာ မှန်ပါတယ်။ ကျောက်မဲခရိုင်ဆေးရုံကို ပို့ရင်းနဲ့ ကွယ်လွန်သွားပါပြီ။ ဘယ်အဖွဲ့အစည်းဆိုတာကတော့ ခုလေးတင် ဖြစ်တဲ့အတွက် ဘာသတင်းမှ မရသေးပါဘူး။

သို့သော် ပြီးခဲ့တဲ့ ရက်ကလည်း ကျောက်မဲရွေးကောက်ပွဲ ကော်မရှင်ရုံးကို သေနတ်နဲ့ နှစ်ကြိမ်ပစ်ခံထားရတယ်လို့ သတင်းရှိပါတယ်။ ဒါ နိုင်ငံရေးမှာ အကြမ်းဖက်တဲ့ အနေနဲ့ ဆောင်ရွက်တယ်လို့ မြင်ပါတယ်။ အကြမ်းဖက်တဲ့ နိုင်ငံရေးကို ရှုတ်ချတဲ့ စာတစ်စောင်လည်း အဖွဲ့ချုပ်က မကြာခင် ထုတ်ပြန်ပါမယ် ” လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ဦးထိုက်ဇော်ကို ယနေ သင်္ဂြိုဟ်မည်

အခုလို အခြေအနေမျိုးမှာ နိုင်ငံရေးသတိနဲ့ သွားလာနေထိုင် စားသောက်တာ ဂရုစိုက်ကြဖို့ အနိုင်ရကိုယ်စားလှယ်တွေနဲ့ပါတီဝင်တွေကို တိုက်တွန်းတယ်လို့လည်း ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

Source;onenews

နိုဝင္ဘာ(၂၁)ရက္ ညေန ပိုင္းက ေသနတ္နဲ ႕ပစ္ခတ္ခံရၿပီး ေသဆုံးသြားတဲ့ အမ်ိဳးသားဒီမို ကေရစီအဖြဲ႕ခ်ဳပ္ ရွမ္းျပည္နယ္ မဲဆႏၵနယ္အမွတ္(၁)က အနိုင္ရရွိခဲ့တဲ့ အမ်ိဳးသားလႊတ္ေ တာ္ကိုယ္ စားလွယ္ေလာင္း ဦးထိုက္ေဇာ္ ရဲ႕ ႐ုပ္အေလာင္းကို ဒီေန႕ နိုဝင္ဘာ(၂၂)ရက္ မြန္းလြဲ(၂)နာရီမွာ သျဂၤိုဟ္သြားမယ္လို႔ ေက်ာက္မဲၿမိဳ႕ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီက တာဝန္ရွိသူတ စ္ဦးကေျပာပါတယ္။ ေက်ာ က္မဲၿမိဳ႕မွာရွိတဲ့ ေအးခ်မ္းသာ သုသာန္ကို ပို႔ေဆာင္သျဂၤိုဟ္မွာပါ။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီရဲ႕ ရွမ္းျပည္နယ္ မဲဆႏၵနယ္အမွတ္(၁)အမ်ိဳးသား လႊတ္ေတာ္‌ေနရာအတြ က္အနိုင္ရထားတဲ့ ကိုယ္ စားလွယ္ ဦးထိုက္ေဇာ္၊ ေက်ာက္မဲၿမိဳ႕နယ္ ေနအိမ္မွာ ပစ္သတ္ခံ ရတာဟာ နိုင္ငံေရးအၾကမ္းဖ က္မႈျဖစ္ၿပီး ဒီျဖစ္ရပ္ကိုရႈတ္ခ်ေၾကာင္း စာထုတ္ျပန္သြားမယ္လို႔ ပါတီရဲ႕ ဗဟိုအလုပ္အ မႈေဆာင္အဖြဲ႕ဝင္ ေဒါက္တာ မ်ိဳးၫြန့္က One News ကို ေျပာပါတယ္။

” ဟုတ္ပါတယ္။ ဦးထိုက္ေဇာ္ ျဖစ္ပါတယ္။ သူ႕ဟာ သူ႕ရဲ႕ အိမ္ေရွ႕မွာ ကြမ္းယာစားဖို႔ ယာေနတုန္းမွာ ဆိုင္ကယ္နဲ႕ လူတစ္ေယာက္ ေရာက္လာၿပီးေတာ့ ေသနတ္နဲ႕ ပစ္တဲ့အတြက္ ညာဘက္ရင္အုံမွာ မွန္ပါတယ္။ ေက်ာက္မဲခရိုင္ေဆး႐ုံကို ပို႔ရင္းနဲ႕ ကြယ္လြန္သြားပါၿပီ။ ဘယ္အဖြဲ႕အစည္းဆိုတာကေတာ့ ခုေလးတင္ ျဖစ္တဲ့အတြက္ ဘာသတင္းမွ မရေသးပါဘူး။

သို႔ေသာ္ ၿပီးခဲ့တဲ့ ရက္ကလည္း ေက်ာက္မဲေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးကို ေသနတ္နဲ႕ ႏွစ္ႀကိမ္ပစ္ခံထားရတယ္လို႔ သတင္းရွိပါတယ္။ ဒါ နိုင္ငံေရးမွာ အၾကမ္းဖက္တဲ့ အေနနဲ႕ ေဆာင္႐ြက္တယ္လို႔ ျမင္ပါတယ္။ အၾကမ္းဖက္တဲ့ နိုင္ငံေရးကို ရႈတ္ခ်တဲ့ စာတစ္ေစာင္လည္း အဖြဲ႕ခ်ဳပ္က မၾကာခင္ ထုတ္ျပန္ပါမယ္ ” လို႔ ေဒါက္တာ မ်ိဳးၫြန့္က ေျပာပါတယ္။

အခုလို အေျခအေနမ်ိဳးမွာ နိုင္ငံေရးသတိနဲ႕ သြားလာေနထိုင္ စားေသာက္တာ ဂ႐ုစိုက္ၾကဖို႔ အနိုင္ရကိုယ္စားလွယ္ေတြနဲ႕ပါတီဝင္ေတြကို တိုက္တြန္းတယ္လို႔လည္း ေဒါက္တာ မ်ိဳးၫြန့္က ေျပာပါတယ္။

Source;onenews

Add a Comment

Your email address will not be published. Required fields are marked *