“ဟယ္လို… ယောက်ားလား”…. “ဟုတ္ပါတယ် ဒကာမကြီး”…
“ဟယ်လို… ယောက်ျားလား”😂😂
“ဟုတ်ပါတယ် ဒကာမကြီး”😂😂
“အမ်… ခုပြောနေတာ ယောက်ျားလားလို့ ဘုန်းကြီးကျောင်းကလား”😁😁
“ဟုတ်တယ် ဒကာမကြီး … ဒုလ္လဘ ဆယ်ရက်ဝတ်နေရင်း ဝိပဿနာ အလုပ်တွေလုပ်ရအောင် ကျောင်းရောက်နေတယ်”😂😂😁 (ဒုက္ခပါပဲ… ပက်ပက်စက်စက် ဆိုမလို့ဟာကို ဘုန်းကြီးဝတ်နဲ့မှ လာတိုးရတယ်လို့)😠😠😖
“ဘာဖြစ်လို့လည်း ဒကာမကြီး”😁😁
“ဟိုလေ… ဘာလို့ပြုလို့ အိမ်မပြန်ခဲ့တာလည်း သိချင်လို့ပါ”😠😠
“ဒီလိုရှိပါတယ် ဒကာမကြီးရဲ့ …
ဟိုနေ့က အကြွေးတောင်းလို့ရခဲ့တဲ့ပိုက်ဆံကို KTV သွားရင်း ပြောင်သွား လေတော့ကား … တကာမကြီး အဲ့ငွေကို စွဲလမ်းပြီး အကုသိုလ်စိတ် မဖြစ်ပွားရလေအောင် ကျုပ်လဲ ကျောင်းသွားပြီး ဒုလ္လဘ ဝတ်လိုက်တယ်လေ။🙄🙄
“အိမ်း …တရားသဘောနဲ့ ပြန်လည်သုံးသပ်ရရင်ဖြင့် ကိုယ့်ဆီမှာ မရှိတော့တဲ့ ပိုက်ဆံကိုမိန်းမအပ်ချင်လို့ ရပါ့မလား”😁
“မရပါဘူးဘုရား”😒😒
“ဒါ… အမှန်ကိုသိခြင်းပဲ ဒကာမကြီး။သမ္မာဒိဌိလို့ ခေါ်တယ်ကွယ့်။ ပိုက်ဆံကို မိန်းမလက်ထဲ ထဲ့ပေးချင်တဲ့ စိတ်က စေတနာမဟုတ်လား”😊😊
“တင်ပါ့”😏😒
“အဲဒါ… ကာမာဝစရ ကုသိုလ်စိတ်ပေါ့ကွယ်။ ယောက်ျားအပ်တဲ့ ပိုက်ဆံကို လိုချင်တယ်မဟုတ်လား။😁😁
“မှန်ပါ့ဘုရား”😒😏
“အေး လိုချင်တဲ့စိတ်ကလေးက ဘာတုန်း”😁
“လောဘပါ ဘုရား”😒😏😬 လောဘနဲ့သေ ဘယ်လဲဟေ့😁 ပြိတ္တာပြည်ပါ ဘုရား😒
“လိုချင်တာဖြစ်မလာတော့ စိတ်ဆိုးတယ်မဟုတ်လား။ စိတ်ဆိုးတာက ဘာတဲ့”😁 “ဒေါသပါ ဘုရား” 😒 (ဟွန်း….ဟွန်း….ဟွန်း ဘုန်းကြီးဝတ်နဲ့ မို့နော် ဒင်းတော့)😠😬😬
“ဒေါသစိတ်နဲ့သာ သေသွားခဲ့ရင်သုဂတိကို ရောက်ပါဦးမလား” 😁
“မရောက်ပါဘူး … ဘုရာ့”😒ဒေါသနဲ့သေ ဘယ်လဲဟေ့ 😁ငရဲပြည်ပါ ဘုရား😒😤😠
“ကိုင်း… ဒါဖြင့် …လောဘတို့ ဒေါသတို့ဆိုတာမွေးထား ရမှာလား ပယ်သတ်ရမှာလား”😁”မမွေးရပါဘူး ဘုရား … ပယ်သတ်ရမှာပါဘုရား”😒(ဟူး… ဖုန်းဆက်မိတာမှားပြီ… ခုထိကို မပြီးသေးဘူး)😖
“အေး … အေး …အပ္ပမာဒေန – မမေ့မလျော့သော သတိတရားထားပြီး …သမ္ပါဒေထ – သည်းခံခြင်းနဲ့ ပြည့်စုံပါစေကွယ်…ကဲ… မေတ္တာပို့ပြီး ရေစက်ချကြစို့”😁
“ဟာ… မ… မ… မပို့တော့ပါဘူး။ဘေလည်း မရှိတော့ပါဘူး။ရေစက်လည်း မချတော့ပါဘူး။နောက်လည်း… ဘယ်တော့မှ အဲ့ဒီငွေကို မမေးတော့ပါဘူး ဒါပဲ ဘုရာ့”😖😖😖
အိမ်း ကြိုက်ပြီ ဒီလိုပဲဖြစ်ရမယ် လေ…သာဓု သာဓု သာဓု 😁😁😛😝
credit မျှဝေသူ CherryWhite😊
“ဟယ်လို… ယောက်ျားလား”😂😂
“ဟုတ်ပါတယ် ဒကာမကြီး”😂😂
“မရပါဘူးဘုရား”😒😒
“တင်ပါ့”😏😒
“မှန်ပါ့ဘုရား”😒😏
Add a Comment
Your email address will not be published. Required fields are marked *