သံယောဇဉ်တွေ ဖျက်ပြီး အကြီးဆုံး မိုင်းပေါ် ခုန်ချပလိုက်တယ်…“ငါသည်စစ်ခွေး”

ဒီနေ့မှာတော့ အရင်ကအရမ်းကြိုက်လို့ Save ထားတဲ့ အကြောင်း အရာလေးတစ်ခုကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။ အဲ့ဒီ့အကြောင်းအရာကတော့ ရှေ့တန်း စစ်မြေပြင်မှာ တပ်မတော် သားတွေလိုမျိုး အသက်ပေးပြီး ကာကွယ်ခဲ့ကြတဲ့ တပ်မတော်မှ သေချာသွန် သင်ပေးထား တဲ့ စစ်ခွေးအကြောင်းပဲ ဖြစ်ပါတယ်။

မူရင်းရေးသားသူက စကားပြောပုံနဲ့ရေးသားထားလို့ ဖတ်ရတာ အအကြောင်းအရာကို အထင်းသားပေါ်လွင်စေပြီး ရင်ထဲကိုထိတယ်ဗျာ။မူရင်းရေးသားသူအား လေးစားစွာဖြင့်..

မင်္ဂလာပါ ကျွန်တော် ကတော့ စစ်ခွေးပါ။ မွေးကတည်းက စစ်ခွေးအဖြစ် မွေးဖွားလာတာတော့ ဘယ်ဟုတ်ပါ့မလဲဗျ ကိုယ့်ဖာသာကိုယ် ဒီလိုပဲ ရပ်ကွက်ထဲမှာကစားနေတုန်း အဲဒီ့စစ်သားကြီးက လာပြီး မွေးဖို့ခေါ်သွားခဲ့တာဗျ ကျွန်တော်လည်း အူလည်လည်နဲ့ ဘာမှန်းမသိညာမှန်းမသိ ပါသွားခဲ့တယ်ပေါ့ ကျုပ်အရပ်ကနည်းနည်းပုတယ်လို့ ထင်ပြီးကိုယ့်ကိုယ်ကို စိတ်တိုင်းမကျဖြစ်နေတာဗျ။

၁ ပေမကျော်တဲ့ ကိုယ့် အရပ်အ မောင်းကိုပဲ အပြစ်တင်ရ မလိုလိုနဲ့ အဲ့.. နောက်တော့လဲ သိလာရတာတွေက ကိုယ့်ကိုယ်ကိုယ်တောင် မာန်တက်ချင်စရာဗျ ဟီးဟီး.. ရှေ့လက် ၂ ဖက် နောက်ခြေ ၂ ချောင်း သန်စွမ်းမှတဲ့ အော် အဲ့လိုလားပေါ့..

ငါသည်စစ်ခွေး

နောက် မျက်လုံးမက န်းယုံနဲ့ဘယ်ဟုတ်မလဲ မျက်ဝတ်ပါ မထွက်ရဘူးတဲ့ ဟင်း.. စည်းက မ်းချက်တွေက သေလို့တောင်ရတယ် တော်ရုံနဲ့တော့စစ်ခွေး ဖြစ်မယ်ထင်လို့လား ကိုယ့်ကိုမွေးဖို့ေ ခါ်လာတဲ့ စစ်သားကြီးက ကိုယ့်ကိုယ် အထုပ်ထဲ ကလည်း ထုတ်လိုက်ရော တွေ့လိုက်ရတာက အိုး .. မနည်းမနောပါလား..

ကိုယ့်လို ဘဝတူတွေ နယ်ပေါင်းစုံက စစ်ခွေးလောင်းတွေ အရပ်ထဲကနဲ့တော့ ဘယ်တူတော့မလဲ ကိုယ့်ဆရာတွေလိုပဲ ရှေ့ကြည့် သတိ ညာညှိ သက်သာ အေးစေတွေ လုပ်ရတော့တာပေါ့ ဆရာတွေချည်းပဲဆိုရင်တော့ တန်းစီရင် လက်တစ်ဆန့်အကွာ စီရတာလေကိုယ်တွေ ပါပါလာတော့လက်၂ ဖက်ဆန့်စီ စီရရော

စစချင်းတော့ ဘယ်အကော င်ကမှ ငြိမ်ငြိ မ်မနေပါဘူးလေး သိတယ်မလား ကိုယ့်ကို ကြိုးတိုတိုနဲ့ ညာလက်ကနေဆွဲထားတဲ့ ကိုယ့်ဆရာတွေခြေရင်းကနေ တစ်ကောင်နဲ့တစ်ကောင် မာန်ဖီနေကြ တာပေါ့စိတ်မရှ ည်တဲ့ဆရာကတော့

သူ့အကောင်ကို ကန်ပါလေရော ဒါပေမယ့် နည်းြ ပကြီးက အဲဒီ့ကန် လိုက်တဲ့ ဆရာကို “ဟေ့ကောင် တန်းရှေ့ထွက်ခဲ့” လို့အော်ပြီး “ဒီခွေးဟာ တပ်မ တော်ရဲ့ခွေးကွ ဒီခွေးတစ်ကောင်ဟာ မင်းတို့ ရဲဘော်တွေရဲ့အသက်ကို ကယ်မှာ”

“ဒါ့ကြောင့် ရဲဘော်တွေအားလုံး ခွေးကိုမရိုက်ပါနဲ့” လို့ ပြောပါလေရော ခင်ဗျားတို့ စစ်ရေးပြနဲ့ ကျွန်တော်တို့ စစ်ရေးပြနဲ့ နဲနဲတော့ကွဲတယ် လက်ရော ခြေရော ၄ ချောင်းစလုံး စုံရပ်တာ ရှေ့ကြည့် ၊ သတိက လက်၂ချောင်း မြေထောက်ပြီး ဖင်ထိုင်ချတာ

သက်သာ အေးစေစသဖြင့်ပေါ့ဗျာ။ ရှေ့ကြည့် သတိကို လည်ကုပ်ကြိုး ဆောင့်ဆွဲပြီးသင်တယ် သက်သာ အေးစေကိုတော့ ဖင်ကိုလက်ဝါးနဲ့ ခပ်ဆတ်ဆတ် ရိုက်သင်တယ် မတတ်မချင်းသင်တာ နဂိုကတည်းကမှ ထွက်နေတဲ့လျှာ ပိုဆိုးတာပေါ့ဗျာ..

ငါသည်စစ်ခွေး

စစ်ပုံလည်းကျသွားရော အချင်းချင်း မာန်လည်းမဖီတော့ဘူး ဘဝတူ သင်တန်းသားအချင်းချင်းဆိုပြီး လျှာနဲ့လျက်ပေးနေကြတော့တာပဲ အမယ် ခင်ဗျားတို့လဲ အရပ်သားစိတ်ပျောက်အောင် ဘယ်လောက်ကြာကြာ လုပ်ခဲ့ရတယ်ဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးနော် လေးစားစမ်းပါ နောက်တစ်ဆင့်ကတော့ အနမ်းသင်ခန်းစာဗျ..အဲ အနမ်းဆိုလို့

ပေါက်ကရတွေ မတွေးစမ်းပါနဲ့ ယမ်းတို့ ကျည်ဆန်တို့ မိုင်းတို့ကို နမ်းရတာ ဗျ ဒီလိုအနမ်းမျိုး ခင်ဗျားတို့တောင် နမ်းဖူးမယ် မထင်ဘူး ဒီအနံ့တွေနဲ့ ယဉ်ပါးဖို့လိုတယ်လေ မနမ်းခင် အမြဲ အီကွေးမန့် ဝတ်ရတယ် ခင်ဗျားတို့မှ အီကွေးမန့် ရှိတာမဟုတ်ဘူးနော် လက်၂ ချောင်းကနေ စွပ်ပြီး ခါးမှာ ပတ်ပေးတာ အဲဒါပတ်ပြီဆိုတာနဲ့ ကျုပ်တို့က ရှာဖွေရေး တာဝန်ကျပြီဆိုတာ သိပြီးသား

အဲ့လိုရှာဖွေလို့ ရှာတွေ့ပြီဆိုတာနဲ့အဲဒီ ပေါက်ကွဲပစ္စည်းနားမှာ အေးစေ အနေအထား နဲ့ သခင်ကို မျှော် ဒီလိုရှာဖွေနည်းတွေတင် ဘယ်ကပါ့မလဲ စစ်ခွေးတို့ တတ်အပ်တဲ့ ပညာတွေဖြစ်တဲ့ မီးကွင်းဖြတ်ကျော်ခုန်ဝင်ခြင်း လူးလှိမ့်သွားခြင်း တွားသွားခြင်း ကျည် အစစ်နဲ့ ပစ်ခတ်နေစဉ် မျောက်ခုန် သွားခြင်း ဒါတွေလည်းသင်ရတာသေးတာ

ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ ခွေးပါ ဆိုနေမှ မျောက်လို ခုန်ခိုင်းမှတော့ထားပါ ခင်ဗျားတို့အတွက် မဖြစ်ဖြစ်အောင်တော့ လုပ်ရတာပေါ့ သင်တန်းဆင်းပြီးတဲ့အခါမှာတော့ ရပ်ထဲရွာထဲက ဆန်ကုန်မြေလေးခွေးတွေနဲ့ ကွာသွားပြီလေ ဟဲဟဲ…ကိုယ့်ဆရာနဲ့ ညနေလမ်းလျှောက်ထွက်ရင် ဝိုင်းကြည့်နေကြတဲ့ ခွေးပျိုမေလေးတွေကြားမှာ ကိုယ်ဟာ စော်ကြည်ခွေးလေးပေါ့ အဲ့လယ့်

စစ်ဆင်ရေးထွက်တော့လည်း ရထား တန် ရထား၊ ကား တန် ကား၊ တပ်ရင်းတစ်ရင်းလုံးနဲ့အတူ ရှေ့တန်းရောက်တော့လည်း ပွိုင့်ဆို ကိုယ်ပဲ ကိုယ့်ဆရာနဲ့ ကိုယ်ရှာရသမျှ မိုင်းတွေကို ကိုယ့်ဆရာက ဖြုတ် တစ်ခါမှ လွဲချော်တာမရှိတော့ ကိုယ့်ဆို တစ်ရင်းလုံးက ချစ်ကြတာ၊ တိုက်ပွဲ ဖြစ်ပြီဆိုရင်လည်း ကိုယ့်ဆရာအပါအဝင် ရဲဘော်တွေက သူတို့ ကတုတ်ကျင်းထက် ကိုယ့်ကိုအရင် ကျင်းတူးပေးကြတယ်

ငါသည်စစ်ခွေး

ကျည်ကွယ် ရတာနဲ့ ခေါင်းနဲ့မြေ ပြားနေအောင်ဝပ်ဖို့ ကျောင်းမှာကတည်းက သင်ပေးထားတယ်လေ ကျည် နဲနဲရှင်းတာနဲ့ ကျင်းပေါ်လက်တင်ပြီး ကိုယ့်ဘော်ဘော်တွေရော အန္တရာယ်ကင်းရဲ့လားလို့ ကြည့်လိုက်ရတာလဲ အမောပဲ ပြသနာက တပ်ရင်းမှူးကြီး သူက ကိုယ့်ကိုယ်ချစ်တော့ သူ့အနားပဲ ခေါ်ထားချင်တာ သူ့နားမှာ သေချာခင်းကျင်းပြီး သိပ်တာ

သေသေချာချာလည်း ကျွေးပါတယ် ဒါပေမယ့်ဗျာ ခင်ဗျားတို့သာ လူကြီးနားနေချင်စိတ်ရှိရင်ရှိမယ် ကျုပ်က မနေချင်ဘူးဗျ တပ်ခွဲမှာ တပ်စုမှာပဲ ဘော်ဘော်တွေနဲ့ နေချင်တာ ဘော်ဘော်တွေကမှ ရွာထဲ ခဏခဏသွားရတာ ကျုပ်လည်း လိုက်သွားရင်းနဲ့ မျက်စိ အစာလေး ဘာလေး ကျွေးပေါ့ ဒါတွေ ခင်ဗျားတို့သိပါတယ်ဗျာ ဒီလိုနဲ့ စစ်သက်၂နှစ်လောက်အကြာ စစ်ဆင်ရေးကြီးတစ်ခုမှာ ရန်သူ့အခိုင်အမာ စခန်းတစ်ခုကို ကိုယ်တွေတပ်ရင်းက သိမ်းပိုက်ဖို့ တာဝန်ကျလာတယ်ဆိုပြီး ကျုပ်သိလိုက်တယ်။

တပ်ရင်း ချီတက်လာမယ့်လမ်းတစ်လျှောက် မိုင်းတွေ မြုပ်ထားပြီး စောင့်နေသတဲ့ ကိုယ့်အစွမ်း ပြရသေးတာပေါ့လို့ ကြိမ်းဝါးမဆုံးသေးခင် လမ်းအတိုင်း မသွားပဲ တောတိုးဖို့ တပ်ရင်းမှူးကြီးက အမိန့်ထုတ်တယ် ဒီလို မမျှော်လင့်တဲ့လမ်းကသွားတော့ ရန်သူ့စခန်း ခြံစည်းရိုးရောက်သည်ထိ ရန်သူကမသိဘူး အားလုံး နေရာယူပြီးတော့ ကိုယ့်ဆရာကကိုယ့် အီကွေးမန့်ကို ချွတ်ပြီး စခန်းခြံဝင်းထဲဝင်ခိုင်းတယ်

ဒီတခါတော့ ကျုပ် လိပ်ပြာမသန့်တော့ဘူး ခါတိုင်းလိုမှ မဟုတ်ပဲ အနံ့ တွေက များလှချည်လား ခွေးတို့အာရုံနဲ့ သေချာ အနံ့ခံ အာရုံစူးစိုက်ကြည့်လိုက်တော့ အာပါပါး မနည်းမနောပဲတပ်ရင်း ကထိန်မှာ ပဒေသာပင် သီထားသလိုပါပဲလား ဒါဆို တစ်လုံးပြလို့ ဆရာက တစ်လုံးဖြုတ်တာနဲ့ ကျန်တဲ့ မိုင်းအားလုံးထကွဲမှာပေါ့ ကျုပ်ဆရာ့ကို ဘယ်လိုပြောပြရပါ့မလဲ

နောက် ကျုပ်ဆုံးဖြတ်လိုက်တယ် ဆရာ့ကို ကျုပ် မော့ကြည့်လိုက်တယ် မျက်လုံးထဲမှာ မျက်ရည်တွေ တွေ့သွားတဲ့ဆရာက “မင်း ဘာဖြစ်နေတာလဲ ဒါ အမိန့် ငါတို့အားလုံး တိုင်းပြည်တာဝန် ထမ်းနေကြတာ မင်း အမိန့် မနာခံတာလား”တဲ့ မဟုတ်ဘူး..မဟုတ်ရပါဘူး ဆရာရယ်ဒီမိုင်းတွေအများကြီး အန္တရာယ်ကို ဆရာတို့ နားလည်အောင် ကျနော် ဘယ်လိုပြောရမလဲလို့ စဉ်းစားနေတာပါ

ဒါပေမယ့် ကျုပ်ပြောချင်တဲ့စကားက ထွက်မလာဘူး လည်ချောင်းထဲမှာ တစ်နေတယ် ကျုပ် ဆရာ့ကို ဂါရဝပြုပြီး စကားတွေ အများကြီး ပြောခဲ့တယ်စိတ်ထဲကနေပေါ့ ခင်ဗျားတို့လို စကားမှ ပြောမတတ်တာ “ဆရာ ဆရာ့ကို ကျနော် နောက်ဆုံးဂါရဝပြုခြင်းနဲ့ ကန်တော့ခဲ့ပါတယ် ကျနော့်အပေါ် ခွေးသလုံး သူသလုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့ဆရာနဲ့ နောင်ဘဝမှာ ပြန်ဆုံပြီး ဆရာ့ကျေးဇူးတွေ ပြန်ဆပ်ချင်ပါတယ်ဆရာရယ်”

ဆရာ ကျုပ်ကို ကြေကွဲတဲ့အကြည့်နဲ့ ကြည့်နေတယ် ဆရာနဲ့ ကျုပ်နဲ့ကြားမှာ ဘယ်လိုမှ ဖော်ပြလို့မရတဲ့ ခံစားချက်အပြည့်ရှိတဲ့ အကြည့်တွေနဲ့ ဆရာနဲ့ကျုပ် ဘာသာစကားခြင်းသာ မတူတာ တစ်ယောက်မျက်ဝန်း တစ်ကောင်ကြည့်ပြီး တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ကောင် နားလည်နေတယ် ဒီအတိုင်း လွမ်းနေလို့ မရသေးဘူးလေ နိုင်ငံအတွက် ပေးဆပ်စရာတွေ ရှိသေးတယ်လေ

ကျုပ် ဆရာနဲ့ သံယောဇဉ်တွေဖြတ်ပြီး ရှေ့ကို တဟုန်တိုး ပြေးတက် ခြံစည်းရိုးစပ်ကနေ အမြင့်ဆုံးခုန်ပျံ အကြီးဆုံး မိုင်းပေါ် ကိုယ့်ခန္ဓာကိုယ်ကို ပစ်ချပလိုက်တယ် အပြင်းထန်ဆုံး ပေါက်ကွဲသံကြီးဟာ ကိုယ့်အတွက်တော့ နောက်ဆုံး အသံမဲ့ ဟစ်ကြွေးသွားတာက“ငါသည်စစ်ခွေး”

စခန်းသိမ်း အောင်ပွဲအပြီး စစ်သည်တော်အချို့ ကျဆုံးဒဏ်ရာရမှုများရှိခဲ့သည် ကျဆုံးစစ်သည်တို့၏ ရုပ်ကလာပ် ကို မြေမြုပ်သဂြိုလ်နိုင်သော်လည်း သစ်ပင်တို့တွင် ကပ်နေကြသည့် စစ်ခွေးလေး၏ အမွှေး အမျှင်များ အသားဖတ်များကိုသာ တပ်ရင်းမှ ရဲဘော်စစ်သည်တို့ အလေးပြုခဲ့ကြရလေသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်ခင်ဗျာ အရမ်းကြိုက်လို့ ပြန်လည် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှု့အားပေးတဲ့ ပရိ သတ်ကြီးလည်း သာယာသောနေ့လေးပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။
Credit:NM.

Add a Comment

Your email address will not be published. Required fields are marked *