သရေစာ (သို့မဟုတ္) အရံဟင်း အနေ နဲ့ စားသုံးနိုင်တဲ့ ပဲငံပြာရည်စိမ် ကြက်ဥ လုပ်စားကြမယ်
|ကြက်ဥကို ပဲငံပြာရည် စိမ်ထားတာ ကို တရုတ် နဲ့ ဂျပန်နိုင်ငံမှာ စားလေ့ ရှိကြ ပါတယ်။ ကြက်ဥကိုပြုတ်ပြီး ပဲငံပြာရည် ၊ သကြား ၊ ရေ နဲ့ တခြား ဆေးဘက်ဝင် သစ်မြစ်၊ သစ်ဥတွေနဲ့ ပြုတ်ပြီး စိမ်ထားတဲ့ ပဲငံပြာရည်စိမ် ကြက်ဥ ကို ဒီအတိုင်း သရေစာအဖြစ် ဒါမှမဟုတ် အသား ၊ ခေါက်ဆွဲတွေ နဲ့ တွဲဖက်စားလေ့ရှိပါတယ်။
သရေစာ (သို့) အရံဟင်းအနေ နဲ့ စားသုံးနိုင်တဲ့ ပဲငံပြာရည်စိမ် ကြက်ဥ လုပ်စားကြမယ်
ဂျပန်စတိုင် “ ပဲငံပြာရည်စိမ် ကြက်ဥ ” ဒါမှမဟုတ် “Shoyu Tamago” ကတော့ တရုတ်စတိုင် နဲ့ အနည်းငယ် ကွဲပြားပြီး ရိုးရိုးရှင်းရှင်းနဲ့ အိမ် မှာပဲ အလွယ်တကူ လုပ်နိုင် ပါတယ်။ ဂျပန် နိုင်ငံ မှာတော့ ပဲငံပြာရည်စိမ်ကြက်ဥ ကို သရေစာအေ နနဲ့ စားကြ သလို မနက်စာ အရံဟင်းအဖြစ် လည်း စားတတ်ကြ ပါတယ် ။ ဒါ့ပြင် နာမည်ကျော် Ramen ခေါက်ဆွဲပေါ်မှာ Topping အနေနဲ့ Shoyu Tamago အဖြစ် ထည့်ပေးလေ့ ရှိကြ ပါတယ် ။
သရေစာ (သို့) အရံဟင်းအနေ နဲ့ စားသုံးနိုင်တဲ့ ပဲငံပြာရည်စိမ် ကြက်ဥ လုပ်စားကြမယ်
ပဲငံပြာရည်စိမ် ကြည်ဥ လုပ်ဖို့ အတွက် —
– ကြက်ဥ (သို့ မ ဟုတ် ဘဲဥ နှစ်သက်ရာ သုံးနိုင်ပါတယ်)
– ပဲငံပြာရည် (အကြည် ဒါ မှ မဟုတ် အနောက်)
– ရေ
– သကြား တို့ လိုအပ် ပါတယ်။
အရင်ဆုံး ကြက်ဥတွေ ကို ကိုယ်နှစ် သက်သလို အကျက်ပြုတ်ပါ ။ အခွံနွှာ၊ ရေဆေးပြီး ဖယ်ထားပါ။
သရေစာ (သို့) အရံဟင်းအနေ နဲ့ စားသုံးနိုင်တဲ့ ပဲငံပြာရည်စိမ် ကြက်ဥ လုပ်စားကြမယ်
အိုးတလုံးထဲမှာ ပဲငံပြာရည်ကို ရေနဲ့ရောပြီး သကြား အနည်း ငယ် ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပါ။ ဆူလာပြီ ဆိုရင်တော့ ပြုတ်ထား တဲ့ ကြက်ဥပြုတ်တွေ ကို ထည့်ပြုတ်ပါ။ ကြက်ဥတွေ မွှေတဲ့အခါ သစ်သား ဒါမှမဟုတ် ရာဘာ ဇွန်းကို သုံးပါ ။
ပဲငံပြာရည်တွေ ကြက်ဥထဲ ပျော်ဝင်သွားတဲ့ထိ ကိုယ်ကြိုက်နှစ်သက် တဲ့ အရသာအတိုင်း အပေါ့ကြိုက်ရင် ၂ မိနစ်လောက် ပြုတ်ပါ။ အငန်ကဲတာ ကြိုက်ရင်တော့ ၅ မိနစ် ဒါမှမဟုတ် ၆ မိနစ်လောက် ပြုတ်ပါ။ ပြီးရင်တော့ ပဲငံပြာရည်နဲ့ ပြုတ်ထားတဲ့ ကြက်ဥတွေ နဲ့ အရည်တွေကို ဖန်ခွက်တခုထဲ ထည့်ပြီး အဖုံးဖုံးကာ ရေခဲသေတ္တာ ထဲ ထားပါ။
သရေစာ (သို့) အရံဟင်းအနေ နဲ့ စားသုံးနိုင်တဲ့ ပဲငံပြာရည်စိမ် ကြက်ဥ လုပ်စားကြမယ်
ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင် အနု၊ အရင့်ပေါ် မူတည်ပြီး ရေခဲသေတ္တာထဲ ၂ ရက်ကနေ ၃ ရက်အထိ ထည့်ထားပြီးရင် ကြက်ဥတွေကို ဆယ်ပြီး စားသုံးလို့ ရပါပြီ။
ကြက်ဥပြုတ်ကို အကျက် မကြိုက်ရင် လည်း နှစ်သက် သလို အကာကျက် ရုံလည်း ပဲငံပြာရည် စိမ်ကြက်ဥ လုပ် လို့ ရ ပါတယ်။
သရေစာ (သို့) အရံဟင်းအနေ နဲ့ စားသုံးနိုင်တဲ့ ပဲငံပြာရည်စိမ် ကြက်ဥ လုပ်စားကြမယ်