သတ်မှတ်ထားတဲ့စံနှုန်းတွေ နဲ့ မကိုက်ညီလို့ ခင်းထားတဲ့ ကွန်ကရစ်လမ်းကို ဘက်ဟိုးနဲ့ တူးပစ်တဲ့ မြိတ်စည်ပင်

မြိတ်မြို့၊ ရွှေပြည် တန် လမ်းမြ ကီးအား ကန်ထရိုက်က သတ်မှတ် စံနှုန်း အတိုင်း လမ်းမခင်းလို့ စည်ပင် သာယာရေးကော်မတီ က ပြန်လည်ဖြိုဖျက် ခဲ့ပါတယ်။

မြိတ်မြို့နယ်၊ မြိတ်တော င်ကျေးရွာ အုပ်စု၊ အင်းလေးမြိုင် ရပ်ကွက်ရှိ ရွှေပြည်တန် လမ်းမကြီး ကို ကွန်ကရစ်လမ်း ခင်းရာ မှာ တာဝန်ယူထား တဲ့ ကန်ထရိုက်က သတ်မှတ်ထားတဲ့ ပေအတိုင်း မခင်းပဲ ပေေ လျာ့ခင်းထား လို့ မြိတ်မြို့နယ်စည်ပင် သာယာေ ရးကော်မတီ က စက်တင်ဘာ ၂၈ ရက်နေ့မှာ စတင်ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။

သတ်မှတ်ထားတဲ့စံနှုန်းတွေ နဲ့ မကိုက်ညီလို့ ခင်းထားတဲ့ ကွန်ကရစ်လမ်းကို ဘက်ဟိုးနဲ့ တူးပစ်တဲ့ မြိတ်စည်ပင်

ကန်ထရိုက် က ကျနော်တို့ အမြဲတာ ဝန်ပေးနေတဲ့ အဖွဲ့ပါ ။ လမ်းကော် မတီတွေ၊ အရပ်သားတွေ ကလည်း ဒီရက်ပိုင်းမှာ ရာသီဥတု ဆိုးရွားနေ လို့ ကြီးကြပ်မှု အပိုင်းမှာ အားနည်း မှုဖြစ်သွားတယ်။ ဒါကိုအခွင့်ေ ကာင်းယူပြီး သတ်မှ တ်ထားတဲ့ ၆ လက်မခင်းရမယ့် ကွန် ကရစ်ထုကို ၅ လက်မ၊ ၄ လက်မ စသဖြင့်ခင်းသွားတယ် ၊ ကျနော်ကိုယ်တို င်သွားရောက်စစ်ေ ဆးတော့ တကယ်ပဲ ပေတွေလျော့ပြီး ခင်းထား တာတွေ့ရတယ်။ ဒါကြောင့် ဘက်ဟိုး နဲ့ ချက်ချင်းပြန်တူးပစ်လိုက်တယ်။ ကန်ထရိုက်ကိုလည်း သတ်မှတ် ထားတဲ့ ထုထည်အတိုင်း ပြန်ခင်းဖို့ ညွှန်ကြားခဲ့ပါတယ် လို့ မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားခဲ့ပါတယ်။

သတ်မှတ်ထားတဲ့စံနှုန်းတွေ နဲ့ မကိုက်ညီလို့ ခင်းထားတဲ့ ကွန်ကရစ်လမ်းကို ဘက်ဟိုးနဲ့ တူးပစ်တဲ့ မြိတ်စည်ပင်

ရွှေပြည်တန် လမ်းမကြီး ကို အရှည်ပေ ၂၇၀၀ ၊ အနံ ၂၄ (စည်ပင် ၁၂ ပေ + ပြည်သူ ၁၂ ပေ) ထုထည် ၆ လက်မခင်းဖို့ စီစဉ်ထားသလို အစိုးရ နဲ့ ပြည်သူပူးပေါ င်းဆောင်ရွက်နေတဲ့ လမ်းမကြီး တခုဖြစ်ကြောင်း သိရ ပါတယ်။ လက်ရှိ အနေထားအရ ပေ ၁၀၀၀ အထိ ခင်းထားပြီးဖြစ်ကာ စံနှုန်းမညီတဲ့ ကွန်ကရစ်လမ်းမှာ ပေ ၁၈၀ အထိတွေ့ရှိရလို့ စံနှုန်းမမီတဲ့ နေရာများကို ပြန်လည်းတူးဖော်နေကြာင်း သိရ ပါ တယ်။

စည်ပင်သာယာေ ရးကော်မတီ ရဲ့ ဆောင်ရွက်ချက် ကို လေးစား ပါတယ် ။ ဒီလို ပြတ်ပြတ် သားသားလုပ် မှ နောက်ပိုင်း ကန်ထရိုက်တွေလည်း နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို အလွဲသုံးစား မလုပ် ရဲတော့မှာ၊ အခုရပ်ကွ က်သားတွေကတော့ ဒီလိုဆောင် ရွက်ပေးတဲ့ အတွက် ကျေနပ် အားရသွားကြတယ်၊ လမ်းကော်မတီတွေအနေ နဲ့လည်း သေချာစောင့်ကြည့်သွားမယ်လို့ ပြောနေပါတယ်လို့ ရွှေပြည်တန်လမ်း တွင်နေထိုင်သူတဦးက ပြောပါတယ်။

သတ်မှတ်ထားတဲ့စံနှုန်းတွေ နဲ့ မကိုက်ညီလို့ ခင်းထားတဲ့ ကွန်ကရစ်လမ်းကို ဘက်ဟိုးနဲ့ တူးပစ်တဲ့ မြိတ်စည်ပင်

အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာ ပြည်သူ နဲ့ အစိုးရပူးပေါင်းပြီး လမ်းအများအပြား ကို ကွန်ကရစ်ခင်းတာတွေ ဆောင်ရွက်နေကြောင်းသိရပါတယ်။

Credit;







Credit;

Add a Comment

Your email address will not be published. Required fields are marked *