သင်သိနိုင်တာထက် ထူးခြား အံ့သြဖွယ်ကောင်းလွန်းလှတဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ
အမျိုးသမီးတွေ ရဲ့ ခန္ဓာကိုယ်ဟာ အမျိုး သားတွေရဲ့ ခန္ဓာကိုယ်နဲ့ မတူညီကြပါဘူး။ မြင်သာတဲ့အ ပိုင်းတွေမှာလည်း မတူညီကြသလို၊ မမြင်သာတဲ့ ကိုယ်ခန္ဓာအတွင်းက လုပ်ဆောင်ပုံ တချို့လည်း ကွဲပြားကြပါတယ်။ ဒါကြောင့်လည်း အမျိုးသ မီးတွေရဲ့ ခန္ဓာကိုယ်ဟာ အနုပညာတ စ်ရပ်လို့တောင် လူတွေက တင်စားကြတာပါ။ ကဲ… အမျိုးသမီးတွေရဲ့ ဘယ်အချက်တွေက ထူးဆန်းနေသ လဲဆိုတာ တစ်ချက်ကြည့်လိုက်ကြရအောင်။
၁။ မှတ်ဉာဏ်ပိုကောင်းတယ်
အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ကြားမှာ ပထမဆုံးကွာခြားချက်ကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် မှတ်ဉာဏ်ပိုကောင်းတတ်ကြပါတယ်။ အမျိုးသားတွေကတော့ မှတ်ဉာဏ်ကို အချိန်အကြာကြီးအထိ ထိန်းထားနိုင်စွမ်းမရှိကြဘဲ အမျိုးသမီးတွေကတော့ သူတို့ ကြုံတွေ့ခဲ့သမျှ အတွေ့အကြုံတွေရဲ့ မှတ်ဉာဏ်တွေကို အသေးစိတ်အချက်အလက်တွေကအစ အရာအားလုံးနီးပါးမှတ်မိနေတတ်ကြပါတယ်။ ဒါကြောင့်လည်း အမျိုးသားနဲ့ အမျိုးသမီးတို့ကြားမှာ ပြဿနာတွေဖြစ်လာခဲ့ရင် အမျိုးသမီးတွေဟာ ဟိုးအရင်က ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ပြန်အစဖော်လာတာမျိုး – အမျိုးသားတွေ မေ့လျော့နေပြီဖြစ်တဲ့ အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြောပြလာတာမျိုး – ပြောခဲ့တဲ့ စကားတွေနဲ့ လုပ်ဆောင်ချက်တချို့ကို ပြန်ပြီး အစဖော်လာတာမျိုးတွေကို အမျိုးသမီးတွေ လုပ်လေ့ရှိပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ မှတ်ဉာဏ်ဟာ အမျိုးသားတွေထက် ပိုမိုအားကောင်းတယ်ဆိုတာ ပြနေတဲ့အချက်တစ်ချက်ပါ။
အမျိုးသားတွေအနေနဲ့ မိမိရဲ့ ပါတနာအမျိုးသမီးတွေရဲ့ မှတ်ဉာဏ်ကို လျှော့တော့ မတွက်စေချင်ပါဘူးနော်။ ၂၀၁၀ မှာ လန်ဒန်တက္ကသိုလ်က ပညာရှင်တွေ- ပြုလုပ်ခဲ့တဲ့ လေ့လာချက် တစ်ခုထဲမှာတော့ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး အတိတ်ကို ပို-မှတ်မိနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သိပ္ပံနေ့စဉ်သတင်းစာမှာပါတဲ့ လေ့လာချက်တစ်ခုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး လူတွေရဲ့ မျက်နှာတွေကို မှတ်မိတတ်ကြတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ မိမိရဲ့ ပါတနာအမျိုးသမီးတွေရဲ့ မှတ်ဉာဏ်ကို လျှော့တော့ မတွက်စေချင်ပါဘူးနော်။
၂။ မျက်ရည်ကျခြင်း အနုပညာ
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီးငိုတတ်ကြတဲ့ လူတွေပါ။ အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေဟာ သူတို့ထက် ပိုပြီး မျက်ရည်ကျလွယ်တယ်၊ ကိစ္စတစ်ခုခုရှိရင် -ငိုဖို့ပဲ တွေးနေတတ်တယ်လို့ အပြစ်ဖို့တတ်ကြပါတယ်။ တကယ်တော့ ဒီလိုမျိုး အပြစ်တင်တာဟာ မှားယွင်းနေပါတယ်။ တကယ်တော့ ဒီလိုမျိုး အမျိုးသမီးတွေရဲ့ မျက်ရည်လွယ်ခြင်းအပြုအမူဟာ သူတို့ရဲ့ အပြစ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ မတူညီကွဲပြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုတစ်ခုကြောင့်ပါပဲ။ သဘာဝအတိုင်းရှိနေတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီးငိုကြွေးဖို့အသင့်အနေအထားမှာ ရှိနေပါတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်သဘာဝကြောင့်ပဲလို့ တွေးတတ်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့ မျက်ရည်အိတ်ဟာ အမျိုးသားတွေနဲ့ မတူဘဲ လုံးဝကို ကွဲပြားခြားနားနေတဲ့ အရာတစ်ခုဖြစ်နေလို့ပါပဲ။ ပညာရှင်များရဲ့ လေ့လာတွေ့ရှိမှုတွေအရတော့ အရွယ်ရောက်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ၁ လမှာ ၅- ကြိမ်ကနေ ၇- ကြိမ်အထိ မျက်ရည်ကျတတ်ပြီး အမျိုးသားတွေကတော့ တစ်လမှာ ၁ ကြိမ်လောက်ပဲ မျက်ရည်ကျတတ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့အမျိုးသမီးတွေ မျက်ရည်လွယ်တာကို အပြစ်တစ်ခုလို့ မသတ်မှတ်ဘဲနဲ့ ဒါဟာ သူတို့ရဲ့ ခန္ဓာကိုယ်သဘာဝကြောင့်ပဲလို့ တွေးတတ်ဖို့ လိုအပ်ပါတယ်။
၃။ ရင်သားတစ်ဖက်နဲ့ တစ်ဖက် မညီမျှခြင်း
သင် သိပါသလား။ အမျိုးသမီးတွေရဲ့ ရင်သားတွေဟာ တစ်ဖက်နဲ့တစ်ဖက် ထပ်တူမညီကြပါဘူး။ အမျိုးသမီးတွေရဲ့ ရင်သားတည်ဆောက်ပုံတွေဟာ အမြဲတမ်းလိုလိုသာ ထပ်တူမညီမျှဘဲ ကွဲပြားခြားနားတဲ့တည်ဆောက်ပုံနဲ့သာ ရှိနေတာဖြစ်ပါတယ်။ ဒီလို မညီမျှမှုဟာ သဘာဝအလျောက်ဖြစ်ပေါ်လာတာဖြစ်လို့ ပုံမှန်အခြေအနေတစ်ခုသာ ဖြစ်ပါတယ်။
ဘာကြောင့် ဒီလိုရင်သားမညီမျှမှုတွေဖြစ်လာခဲ့သလဲဆိုတဲ့ အကြောင်းအရင်းကလည်း များစွာရှိပါတယ်။ အဆိုပါ အကြောင်းအရင်းတွေထဲမှာတော့ – ရင်သားတစ်သျှူးတွေရဲ့ အလေးချိန်မညီမျှမှုလည်းပါဝင်နေပါတယ်။ ဒါ့အပြင် ဝတ်နေကြအတွင်းခံတွေကြောင့်လည်းဖြစ်နိုင်သလို – ရင်သားတစ်ခုချင်းဆီမှာရှိတဲ့ အရေပြားရဲ့အနေအထားအပေါ်မှာလည်း မူတည်တတ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဒီလိုရင်သားတစ်ဖက်နဲ့တစ်ဖက် မညီမျှမှုနဲ့ ပတ်သက်ပြီး စိတ်ပူနေစရာ-စိတ်ဒုက္ခရောက်နေစရာ မလိုအပ်ဘဲ ဒါဟာ သဘာဝကြောင့်ဖြစ်လာတဲ့ အရာတစ်ခုဆိုတာကိုလည်း ပြောပြချင်ပါတယ်။
၄။ အမျိုးသမီးတွေက အသက်ပိုရှည်ကြပါတယ်
အမျိုးသမီးတွေက အမျိုးသားတွေထက် သိသိသိသာသာ အသက်ပိုရှည်တတ်ကြပါတယ်။ အမေရိကန်မှာရှိတဲ့ သိပ္ပံဓါတ်ခွဲခန်းတွေဆီက ထွက်ပေါ်လာတဲ့ အဖြေအရတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ခန့်မှန်းချေ ၅-နှစ်လောက် အသက်ပို ရှည်ရှည်နဲ့ နေနိုင်ကြပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်ခံအားစနစ်ကြောင့်ပဲဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ကိုယ်ခံအားစနစ်ဟာ အမျိုးသားတွေရဲ့ ကိုယ်ခံအားစနစ်နဲ့ သိသိသာသာ ကွဲပြားလေ့ရှိပြီး ပိုကောင်းမွန်တယ်လို့ ပညာရှင်တွေက ယုံကြည်ကြပါတယ်။
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ ရောဂါပိုးကူးစက်မှုကို တိုက်ခိုက်ရာမှာ အမျိုးသားတွေထက် ပိုကောင်းမွန်နေပါတယ်။ ဒါက အပြင်က ဆေးဝါးတွေရဲ့ အကူအညီကို မယူသေးဘဲ ခန္ဓာကိုယ်ထဲမှာရှိတဲ့ရောဂါပိုး တိုက်ခိုက်မှုစနစ်အလုပ်လုပ်ပုံပဲရှိပါသေးတယ်။ အဲ့ဒါက အမျိုးသမီးတွေရဲ့ ကိုယ်ထဲမှာရှိတဲ့ ဟိုမုန်းတွေရဲ့ အလုပ်လုပ်ပုံကြောင့်ပဲဖြစ်တယ်လို့ပဲ လေ့လာချက်တွေကဆိုပါတယ်။
၅။ လည်ပင်းတွေ ပိုပြီး ရွေ့လျားနိုင်တယ်
အမျိုးသမီးတွေရဲ့လည်ပင်းတွေရဲ့ အလုပ်လုပ်ပုံကလည်း အမျိုးသားတွေနဲ့ မတူပါဘူး။ သူတို့ လည်ပင်းရဲ့ အလုပ်လုပ်ပုံဟာ အမျိုးသားတွေရဲ့ လည်ပင်းထက်ပိုပြီး ရွေ့လျားနိုင်ပါတယ်။ ဒီအချက်ကတော့ လက်တွေ့စမ်းသပ်ကြည့်လို့ရနိုင်တဲ့ အချက်တစ်ချက်ပါ။ အမျိုးသားတွေအများစုကို နောက်ကနေ လှမ်းခေါ်လိုက်ရင် တစ်ကိုယ်လုံးလှည့်ပြီး ကြည်လေ့ရှိတတ်ကြပါတယ်။ အမျိုးသမီးတွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ သူတို့ကို နောက်ကနေ တစ်ယောက်ယောက်က လှမ်းခေါ်လိုက်ရင် လည်ပင်းကလေးပဲ စောင်းပြီး လှည့်ကြည့်လိုက်လို့ရပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ လည်ပင်းတည်ဆောက်ပုံဟာကွဲပြားခြားနားနေတယ်ဆိုတာ သိရမှာပါ။
အမျိုးသမီးတွေရဲ့ လည်ပင်းထဲမှာရှိတဲ့ ကြွက်သားတွေဟာ အမျိုးသားတွေထက် ပိုပြီး ဆန့်နိုင်ကျုံ့နိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ဒါကြောင့် အမျိုသမီးတွေအနေနဲ့ သတိထားရမယ့်အချက်တစ်ချက်ကတော့ လည်ပင်းနာကျင်မှုတွေဖြစ်လာရင်လည်း အမျိုးသားတွေထက် ၂ ဆလောက် ပိုခံစားရလေ့ရှိပါတယ်။
၆။ အမျိုးသမီးတွေဟာ အရသာပိုခံစားတတ်ပါတယ်
အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို နားမလည်နိုင်ကြတဲ့ အချက်တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ အစားအသောက်နဲ့ ပတ်သက်ရာမှာပဲ ကွာခြားချက်ဖြစ်ပါတယ်။ အမျိုးသားတွေအတွက် အစားအသောက်တွေမှာ အရာအားလုံးဟာ နည်းနည်းခြင်းဆီပဲ ကွဲပြာခြားပြီး အကုန်အတူတူပဲလို့ အများစုက သတ်မှတ်ထားကြပေမယ့်လို့ အမျိုးသမီးတွေအတွက်တော့ ဒီလိုမဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ အရသာခံအာရုံဟာ အမျိုးသားတွေထက်ပိုကောင်းမွန်ပါတယ်။ သူတို့ဟာ အစားအစာတွေ လုပ်ထားတဲ့ ပါဝင်ပစ္စည်းတွေရဲ့ အရသာကို အသေးစိတ်က အစ ခံစားသိရှိနိုင်တဲ့ အစွမ်းတွေရှိပါတယ်။
ဥပမာဆိုရရင် ခေါက်ဆွဲတစ်ပွဲကို စားရမှာ အမျိုးသားတွေအများစုအတွက်ကတော့ ခေါက်ဆွဲရဲ့ အရသာကိုပဲ ယေဘုယျသိမှာဖြစ်ပြီး အမျိုးသမီးတွေအတွက်ကတော့ ခေါက်ဆွဲပွဲထဲမှာပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အရသာကိုပါ ခံစားသိရှိတတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ လျှာပေါ်မှာရှိတဲ့ အရသာခံအဖု-အရေအတွက်ဟာ အမျိုးသားတွေထက် ပါဝင်နှုန်း ပိုများတာကြောင့်ပါပဲ။ ဒါကြောင့် အစားအသောက်တွေနဲ့ ပတ်သက်ပြီး ဆရာကျတဲ့ နေရာတွေမှာ အမျိုးသမီးတွေက ထိပ်ဆုံးမှာ ရှိနေတတ်ကြပါတယ်။ သွားရှုပ်လို့တော့ မရဘူးနော်။
၇။ နာကျင်မှုကို ကုစားခြင်း
အမျိုးသမီးတွေဟာ ခန္ဓာကိုယ်နာကျင်မှုနဲ့ ပတ်သက်ပြီး ခံနိုင်ရည်ရှိတတ်ကြတဲ့သူတွေပါ။ အမျိုးသမီးတွေဟာ ကိုယ်ခန္ဓာရဲ့သဘာဝကြောင့် နာကျင်မှုကို အမြဲတမ်းလိုလို ခံစားနေရတယ်ဆိုတာကလည်း အားလုံးအသိပါပဲ။ ဒီလို နာကျင်မှုတွေကို ဖြေရှင်းတဲ့နေရာမှာလည်း အမျိုးသမီးတွေက သဘာဝအလျောက်ထူးချွန်-တတ်မြောက်ကြပြီးဖြစ်ပါတယ်။ ဒါလို အဖြစ်အပျက်ဟာ အမျိုးသမီးတွေ့ရဲ့ ထူးခြားတဲ့ ဦးနှောက်လုပ်ဆောင်ချက်တစ်ချက်ဖြစ်ပြီး ဒီလိုမျိုးအဖြစ်အပျက်ကိုတော့ အမျိုးသားတွေမှာ မရရှိနိုင်ကြပါဘူး။ နာကျင်မှုအပေါ် တုန့်ပြန်လာလာတဲ့ အမျိုးသားတွေရဲ့ လုပ်ဆောင်မှုကတော့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် အားနည်းနေကြပါပဲ။
လေ့လာချက်တချို့အရတော့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ နာကျင်မှုကို ပြန်လည်သတိရမှုမှာလည်း အမျိုးသမီးနဲ့အမျိုးသားတို့ အကြားမှာ ကွာဟချက်တွေရှိပါတယ်။ ဥပမာဆိုရရင် အမျိုးသားတွေဟာ အတိတ်က ရရှိခဲ့တဲ့ နာကျင်မှုအကြောင်းတွေကို ပြန်စဉ်းစားရာမှာ လက်ရှိခန္ဓာကိုယ်ကို ပြန်လည်ရိုက်ခတ်မှုတွေဖြစ်လေ့ရှိတတ်ပါတယ်။ အတိတ်ရဲ့ နာကျင်မှုတချို့ကို ပြန်လည်အောက်မေ့မိချိန်မှာ အမျိုးသားတွေဟာ စိတ်ဖိစီးလာတာတွေ၊ အာရုံကြောတွေ ညှိုးနွမ်းလာတာတွေဟာ ဖြစ်လေ့ရှိကြပါတယ်။ အမျိုးသမီးတွေအတွက်ကတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အမျိုးသမီးတွေဟာ နာကျင်မှုနဲ့ ရင်းနှီးနေကျဖြစ်တဲ့အတွက်လည်း နာကျင်ကိုက်ခဲမှုတွေကို မေ့ပစ်ရာမှာ အမျိုးသားတွေထက် ပိုမြန်ဆန်တတ်တာကလည်း ထူးခြားတဲ့ အချက်တစ်ခုပါ။
၈။ ထိခိုက်မခံနိုင်တဲ့ အသားအရည်
စူပါမားကတ်တွေမှာပဲဖြစ်ဖြစ် – ကုန်စုံဆိုင်တချို့မှာပဲဖြစ်ဖြစ် အများဆုံးတွေ့ရမယ့် ကုန်ပစ္စည်းတစ်ခုကတော့ အမျိုးသမီးအလှကုန်ပစ္စည်းတွေပါပဲ။ အမျိုးသားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေလည်း ဈေးကွက်ထဲမှာ ရှိနေပေမယ့် အမျိုးသမီးသုံးအလှကုန်ပစ္စည်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ နည်းပါးပါတယ်။ ဒါဟာ ဘာကိုပြနေသလဲဆိုတော့ အမျိုးသမီးတွေရဲ့ အရေပြားဟာ အလွန်အမင်း ထိခိုက်လွယ်တယ်ဆိုတာပါပဲ။ ဟုတ်ပါတယ်။ ယေဘုယျအရတော့ အမျိုးသမီးတွေရဲ့ အရေပြားဟာ အမျိုးသားတွေရဲ့ အရေပြားထက် ၂၅% ပိုမိုပါး-ပါတယ်။ ဒီလိုမျိုး အရေပြားပါးလျတဲ့အတွက်ကြောင့်လည်း အနာတွေဖြစ်တာ-ညိုမည်းစွဲတာမျိုးတွေဟာ လွယ်လွယ်ကူကူပဲဖြစ်လေ့ရှိပါတယ်။
ဒါကြောင့် အရေပြားဆိုင်ရာမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး ထိခိုက်မှုများတဲ့အတွက်ကြောင့် ဂရုတစိုက်နဲ့ အမြဲလိုလို ထိန်းသိမ်းနေရတာပါ။ ဒီလိုအရေပြားပါးလျမှုဟာ ကောင်းတဲ့ အရာတော့ မဟုတ်လှပါဘူး။ ဒါကြောင့်လည်း အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်လိုက်ရင် အရေပြားမှာ အရေးအကြောင်းတွေပေါ်လာတာမျိုး – အချိန်မတိုင်ခင် အိုမင်းရင့်ရော်လာတတ်တာမျိုးတွေကို အများဆုံးကြုံတွေ့ရလေ့ရှိပါတယ်။
Original Writer
Original Writer
Add a Comment
Your email address will not be published. Required fields are marked *