သက်သေအတိအကျနဲ့ ခရစ်မတ် မတိုင်မီ ကမ္ဘာပျက်မယ် လို့ ရဲရဲကြီးဟောလိုက် တဲ့ ရှေ့ဖြစ်ဟောပညာရှင်
သဘာဝ တရား ပညာရှင်အဖြစ် ခံယူ ထားတဲ့ တရားဟောဆရာတဖြစ်လဲ Paul Begley အမည်ရအမျိုး သားတစ်ေ ယာက်က မကြာေ သးမီက ဟောပြောချက် မှာတော့ ခရစ်စမ တ်မတိုင်မီမှာ ကမ္ဘာကြီး သေချာပေါက် ပျက်စီးလိ မ့်မယ်လို့ ဆိုပါတယ်။ သူ့ကို သတင်းတွေ က ဂုဏ်ထူး ဝိသေသအဖြစ် Crackpot pastor လို့ ဖော်ပြလေ့ရှိကြတာကြောင့်၊ ပေါကြောင်ကြောင်လူလို့ သတင်းေ တွက ထင်မြင်ထားပုံပါ။
သူဟာ သူရဲ့ဟောေြ ပာချက် ဗွီဒီယိုတွေကို YouTube မှာ လွှင့်တင်လေ့ရှိပြီး၊ ဟောပြောချက်အတိအကျမှာတော့ ဒီဇင်ဘာ(၂၁)ရက်ညဟာ ကမ္ဘာကြီးအတွက် အဆုံးသတ်ပါဘဲလို့ ဆိုပါ တယ်။ သို့ပေမယ့် ဒီကနေ့ဆိုရင်ကို ဒီဇင်ဘာ(၂၄)ရက် ဖြစ်တာကြောင့် သူရဲ့ဟောပြောချက်က ကွက်တိလွဲသွားပါပြီ။ ဒါပေမယ့် ယခင် အခံစကားဖြစ်တဲ့ ခရစ်စမ တ်မတိုင် မီဆိုတဲ့ စကားလုံးကလည်း ရှိထားတော့-
သက်သေအတိအကျနဲ့ ခရစ်မတ် မတိုင်မီ ကမ္ဘာပျက်မယ် လို့ ရဲရဲကြီးဟောလိုက် တဲ့ ရှေ့ဖြစ်ဟောပညာရှင်
သူရဲ့ဟောပြောချက် မှန်မမှန်ကို လာမယ့် စနေနေ့ ဒီဇင်ဘာ(၂၆)ရက်မှာ အဖြေေ ပးနိုင်မယ်လို့ ယူဆရ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Paul ကတော့ ကမ္ဘာကြီးဟာ ဒီဇင်ဘာ(၂၁)ရက်ညမှာ ပျက်မယ် ဆိုတာ သေချာကြောင်း၊ သူ့မှာ သက်သေအခိုင်အမာ ရရှိထားတယ်လို့ ဆိုပါတယ်။ နက္ခတ္တဗေဒနည်းအရ အဲဒီညဟာ ပါပဂြိုဟ်ဆိုး စနေဂြိုဟ်နဲ့ ကြာသပတေး ဂြိုဟ်တို့ နီးကပ်စွာ တည်ရှိမှာဖြစ်ပြီး-
သက်သေအတိအကျနဲ့ ခရစ်မတ် မတိုင်မီ ကမ္ဘာပျက်မယ် လို့ ရဲရဲကြီးဟောလိုက် တဲ့ ရှေ့ဖြစ်ဟောပညာရှင်
ဒီဖြစ်စဉ်ကို Special conjunction ဖြစ်စဉ် သို့မ ဟုတ် မဟာသမ္ဗန္ဓဖြစ်စဉ်လို့ ခေါ်ကြောင်း၊ ဒီဖြစ်စဉ်ဟာ (၁၆၂၃)ခုနှစ်နောက်ပိုင်းမှာ တစ်ကြိမ်သာ ဖြစ်ခဲ့တာကြောင့် ရှားပါးဖြစ်စဉ် ဖြစ်ပြီး၊ လာမယ့်အနှစ်(၅၀၀)အတွင်းမှာ နောက်တစ်ကြိမ် ထပ်ဖြစ်ဖို့ မရှိကြောင်း၊ ဒါကြောင့် ကျွန်တော်တို့ လူသားတွေဟာ ဒီဇင်ဘာ(၂၁)ရက်မှာ နောက်ဆုံးညကို ဖြတ်သန်းရမှာလို့ ဆိုပါတယ်။
မာယာပြက္ခဒိန်မှာလည်း ကမ္ဘာြ ကီးရဲ့ နောက်ဆုံးရက်ကို အတိအကျ ပြဋ္ဌာန်းထားတာနဲ့ အခုဖြစ်စဉ်ဟာ ကိုက်ညီမှုရှိကြောင်း၊ ဒီပြက္ခဒိန်မှာပါတဲ့ သဘောတရားတွေဟာ ကမ္ဘာ့အနာဂတ်ရေးမှာ ဘယ်တုန်းကမှ လွဲခဲ့ဖူးတယ်လို့မရှိကြောင်း ဆိုပါတယ်။ မာယာပြက္ခဒိန်ဆိုတာ မာယာလူမျိုးတို့ရဲ့ ရှေးပဝေသဏီကတည်းက ကျင့်သုံးခဲ့တဲ့ ပြက္ခဒိန်ဖြစ်ပါတယ်။
သက်သေအတိအကျနဲ့ ခရစ်မတ် မတိုင်မီ ကမ္ဘာပျက်မယ် လို့ ရဲရဲကြီးဟောလိုက် တဲ့ ရှေ့ဖြစ်ဟောပညာရှင်
ဘုံခေတ်မတိုင်မီ ဘီစီအီး(၅)ရာစုနှစ် ကတည်းက မာယာလူမျိုးတွေဟာ ကိုယ်ပိုင်ပြက္ခဒိန်ကို တီထွင်ခဲ့ပြီး၊ နေနတ်ဘုရားရဲ့ အနာဂတ်ဟောကိန်းကဲ့သို့သော ထူးဆန်းတဲ့ ဟောကိန်းတွေ၊ စာသားတွေကိုလည်း ထည့်သွင်းလေ့ရှိပါတယ်။ နှောင်းခေတ်မှာ အဆိုပါ ပြက္ခဒိန်နဲ့ ကျမ်းစာတွေကို တိုက်ဆိုင်စစ်ဆေးကြပြီး၊ ဘယ်နေ့မှာ ဘာဖြစ်မယ်ဆိုတဲ့ ဟောပြောချက်မျိုးတွေကို ပညာရှင်တစ်စုက ထုတ်ပြန်လေ့ ရှိပါတယ်။
မာယာပြက္ခဒိန်ဟာ ထိုခေတ်ထို အခါက အလွန်အားေ ကာင်းခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ခေတ်မီတိကျတဲ့ ဂရီဂိုဒီယံပြက္ခဒိန်ပေါ်လာတဲ့အခါ ယုံကြည်သူ နည်းသွားခဲ့ပါတယ်။ သို့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် သဘာဝတရားပညာရှင်တွေကတော့ ဒီပြက္ခဒိန်ကို ကိုးကားနေဆဲ ဖြစ်ပြီး၊ ယနေ့အချိန်ထိ မာယာလူမျိုးတွေရဲ့ နယ်မြေတချို့မှာ ရှေးအစဉ်အလာ ပြက္ခဒိန်ကို သုံးနေကြဆဲဖြစ်ပါတယ်။
လင်းဇော်ကို
Ref ; The Sun
လင်းဇော်ကို
Ref ; The Sun
Add a Comment
Your email address will not be published. Required fields are marked *