ဝက်မကြီး ၏ အသက်နှင့် ရင်း၍ တရားပြ သမှုကြောင့် အကျွတ် တရားရပြီး ရဟန်းဘဝသို့ ရောက်ရှိသွားသူ

ဒီနေ့မှာေ တာ့ ဝက်မကြီး ၏တရားပြမှု ကြောင့် အကျွတ်တ ရားရပြီး သာသနာ့ဘော င်သို့ အပြီးတိုင်ဝ င်ရောက်သွားသော လူတစ်ယောက်အကြောင်းကို ပြန်လည်ဖော်ပြပေးလို က်ပါတယ်။ “အဖေ အိမ်ရှေ့မှာ ဦးလေး သာဂိရောက်နေတယ်

“သာဂိ ဘာဖြစ် လာပြန်ပြီလည်း သမီး”မသိဘူးအဖေ အမေကအဖေကို နှိုးခိုင်းလို့” သူ ခြင် ထောင်မ၍ အပြင်သို့ထွက်လာသည်။ ဧည့်ခန်းတွင် သားဂိကို တွေ့လျှင်တွေ့ချင်း ဘာဖြစ်ပြန်ပြီလဲ သာဂိရဲ့ဟု မေးလိုက်သည်။” ဟို..ဝက်သားအမိပေါ့ဆရာ

“ဟ ခုထိမပေါ်ရသေးဘူးလားကွ”ပေါ်လို့ မရသေးဘူးဆရာ မနက် သုံးနာရီလောက်က အဲဒီဝက်မကြီးကို ပေါ်ဖို့ ကြိုးနဲ့ချည်ပြီး လှဲထားတာ အောင်တင်က လက်ပပ်ကြားကို လှံနဲ့လည်းထိုးရော ဝက်မကြီးကဝရုန်းသုန်းကားနဲ့ ခုန်ထတာပဲ ချည် ထားတဲ့ကြိုးတွေလည်းပြတ်

ချက်ကောင်းလည်း မထိဘူးဆရာ ဝက်မကြီးက ခြံခုန်ထွက်ပြီး တွေ့သမျှလူကိုပက်တာပဲ ခြံဝက ဝါးလုံးတွေလဲ အတင်းဖျက်ဆီးပစ်တယ် ဘယ်သူမှ သူ့နားကပ်လို့မရဘူး သူ့သားနားကပ်တဲ့သူဆိုပိုမလွယ် ဘူးဆရာ အရမ်းသောင်းကျန်းနေတာပဲ အဲဒါ ဆရာ့ကို လာပြောတာပါ ”

သူ ထောင်းခနဲ့ ဒေါပွသွားသည်။ ဝက်သတ်လုပ်ငန်းကို နှစ် ၂၀ကျော် လုပ်လာပါလျက် တပည့်လက်သားတွေ သည်မျှအထိ ညံ့ရပါ့မလားဟု မကျေမနပ် ဖြစ်သွာ၏။ ထို့ကြောင့် သာဂိကို မျက်မှောင်ကြုတ်ကြည့်ပြီး လေသံ ခပ်မာမာဖြင့်”မင်းတို့ သိပ်ညံ့တာပဲ

တိရိစ္ဆာတစ်ကောင်ကိုတောင် မနိုင်ဘူးဆိုတော့ ငါဘယ်မှာ မျက်နှာလွှဲရလို့လဲကွ လာ ဘယ်မှာလဲ ဒီဝက်မကြီး ”ထိုသို့ ပြောပြီး ပုဆိုးတိုတိုပြင်ဝတ်လျက် အိမ်ပေါ်မှဆင်းခဲ့သည်။ မျက်နှာကောင်း မရရှာသော သာဂိလည်း အနောက်က ကုပ်ကုပ်ကလေး လိုက်လာသည်။

ဝက်မကြီးမှာ သူ့သားအနီးမှမခွာ။ လှည့်ပတ်ဝန်းရံကာ စောင့်ကြပ်လျက်နေ၏။ တစ်စုံတစ်ယောက်က ဝင်ဖမ်းမည့်ဟန် ပြင်လိုက်တိုင်း ထိုးနှက်တိုက်ခိုက်ရန် ရှူးရှူးရှားရှားဖြစ်နေသည်။ ထို့ကြောင့် မည်သူမျှ ကပ်လို့မရ အောင် ဖြစ်နေပေသည်။“ဘယ်မလဲ ဝက်ထိုးတဲ့လှံ

ငါ့ကိုပေး”ကျော်မြင့်က အောင်တင့်လက်ထဲမှ လှံကိုယူ၍ သူကိုလာပေး သည်။ သူက လက်ထဲမှ လှံကိုချိန် ဆ ကြည့်နေရင်း ဝက်မကြီးကို စူးစိုက်ကြည့်နေသည်။ တစ် ချက် တည်းနဲ့ ပွဲချင်းပြီးမည့် နေရာကိုလည်း စိတ်ထဲက ရွေးချယ်နေသည်။

ထိုအချိန်တွင် ဝက်မကြီးမှာ သားကို လှည့်ပတ်နေရာမှ ရပ်သွားသည်။ သူနှင့် ရင်ဆိုင်လို့ရသောနေရာတွင် ခေါင်းမော့ကာ နေသည်။ မို့အစ်နေသော မျက်ခွံများကြားမှ မျက်လုံးနှစ်လုံးသည် ညှိုးငယ်လျက် ရှိ၏။ အတန်ကြာအောင်ပင် ထိုသို့သော အကြည့်မျိးဖြင့်

သူ့ကို ငေးကြည့်နေသေးသည်။ ထို့နောက် လေးတွဲသော ခြေလှမ်းများဖြင့် သူ့ရှေ့ တည့်တည့်သို့ လှမ်းလာသည်။ တိုက်ခိုက်လိုသောဟန် ရန်လိုသောအသွင် အလျှင်းမရှိရှာ။ သူနှင့် လက်တစ်ကမ်းအကွာလောက်တွင် မြေပြင်ပေါ်မှ ဗုန်းခနဲ လှဲအိပ်ပေးလိုက်သည်။

ထိုမြင့်ကွင်းအဆုံး၌ သူ့ရင်ထဲတွင် ဆို့တက်သွားသည်။ တစ်ကြိမ်တစ်ခါမျှ သူ့ရင်ထဲမှာ မဖြစ်ပေါ် မခံစားဖူးသော ဝေဒနာကို ခံစားလိုက်ရသည်။ မျက်ဝန်းမှ မျက်ရည်များ ဝေ့လာလေသည်။ လှံကို မြှောက်ကာ ချိန်ရွယ်ထားသော လက်သည်ပင် တဆတ်ဆတ် တုန်ယင်နေတော့သည်။

အတော်ကြီးကြာအောင်ပင် အံ့သြစွာ ငေးငိုင် နေပြီးမှ ဟင်းကနဲ သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။ ထို့နောက် လှံကို ဝက်ခြံထောင့်ဆီသို့ ပစ်လွှတ်လိုက်ပြီး“သာဂိ ဒီဝက်မသားအမိကို အသက်ထက်ဆုံးဘေးမဲ့ ပေးလိုက်ပါကွာ ပြီးတော့ ငါ့အိမ်ရှေ့မြေကွက်လပ်မှာ

ခြံနဲ့ အမိုးနဲ့ ကျကျနနလေး ထားပေးပါ မင်းမမခင်က မေးရင် ငါခိုင်းလိုက်တာလို့ ပြောနော် ငါ့ကိုမေးရင် ရွာဦးကျောင်း ဆရာတော် ဦးနေမိန္ဒဆီ သွားတယ်လို့သာ ပြောလိုက်တော့”ဒီလိုနဲ့ တစ်ခုသော နံနက်ခင်းတွင် သပိတ်ကိုပွေ့လျက်

ခြံထဲသို့ ဆွမ်းခံ ကြွလှမ်းလာသော ဦးပဉ္ဇင်း ဦးပဏ္ဍိတသည် အိမ်ပေါ်သို့ မကြွသေးဘဲ ရပ်တန့်နေသည်။ ထို့နောက် အိမ်ရှေ့တဲတစ်လုံးဆီသို့ တဖြည်းဖြည်းတိုးသွားသည်။ တံစက်မြိတ်အောက်တွင် ရပ်တော်မူ၍ ခြံထဲသို့ ကြည့်လိုက်သည်။

အစာခွက်တွင် ဦးခေါင်းထိုး၍ အစာစားနေသော ဝက်သားအမိသည် ဦးပဉ္ဇင်းအရိပ်ကို မြင်၍လားမသိ ပြိုင်တူလိုလိုပင် ခေါင်းမော့ကာကြည့်သည်။ ဦးပဉ္ဇင်းကို သေသေချာချာ စူးစိုက်၍ ကြည့်နေစဉ် ဦပဉ္ဇင်းက“တကာမကြီး တကာမကြီးရဲ့ မေတ္တာဟာ အင်မတန်လေးနက် မွန်မြတ်လှပါပေတယ်

ဦးပဉ္ဇင်းလဲ သိပ်ကို သံဝေဂ ရသွားပါပြီ အမြင်မှန်ရအောင် ဒကာမကြီးရဲ့ အသက်နဲ့လဲပြီး တရားပြခဲ့လို့လဲ ဦးပဉ္ဇင်းရဲ့ ကျေးဇူးရှင်လို့ အသိအမှတ်ပြုပါတယ် ဦးပဉ္ဇင်း အသက်ထက်ဆုံး လူဝတ်မလဲတော့ပါဘူးလို့ ဒကာမကြီးတို့ သားအမိကို ကတိပေးပါတယ်

ရှေးက ဦးပဉ္ဇင်းပြုသမျှ ကုသိုလ်အဖို့ကို ဒကာမကြီးတို့သား အမိအား အမျှပေးဝေပါတယ် သာဓုအနုမောဒနာခေါ်ပါ ဒကာမကြီး”ထိုကဲ့သို့ တိုးညှင်းစွာ ဆိုလိုက်ပြီးသည့်နောက် ဝက်မကြီးမှာ ခေါင်းမော့ထားရင်း တကွိကွိအသံများ ထွက်လာသည်။

သာဓု သာဓု သာဓုဟု ခေါ်သံနှင့်မခြား ရှိလေ၏။ ဆရာမ သင်းအေးချိုရေးသော (အမှားနောက်က သံဝေဂ နှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်း ) စာအုပ်မှ ချုံ၍ ပြန်ရေးတင်သည်။ခရက်ဒစ် ကိုမျိုးထွန်း

ဒီေန႔မွာေ တာ့ ဝက္မႀကီး ၏တရားျပမွု ေၾကာင့္ အကၽြတ္တ ရားရၿပီး သာသနာ့ေဘာ င္သို့ အၿပီးတိုင္ဝ င္ေရာက္သြားေသာ လူတစ္ေယာက္အေၾကာင္းကို ျပန္လည္ေဖာ္ျပေပးလို က္ပါတယ္။ “အေဖ အိမ္ေရွ႕မွာ ဦးေလး သာဂိေရာက္ေနတယ္

“သာဂိ ဘာျဖစ္ လာျပန္ၿပီလည္း သမီး”မသိဘူးအေဖ အေမကအေဖကို ႏွိုးခိုင္းလို့” သူ ျခင္ ေထာင္မ၍ အျပင္သို့ထြက္လာသည္။ ဧည့္ခန္းတြင္ သားဂိကို ေတြ႕လၽွင္ေတြ႕ခ်င္း ဘာျဖစ္ျပန္ၿပီလဲ သာဂိရဲ့ဟု ေမးလိုက္သည္။” ဟို..ဝက္သားအမိေပါ့ဆရာ

“ဟ ခုထိမေပၚရေသးဘူးလားကြ”ေပၚလို့ မရေသးဘူးဆရာ မနက္ သုံးနာရီေလာက္က အဲဒီဝက္မႀကီးကို ေပၚဖို့ ႀကိဳးနဲ႔ခ်ည္ၿပီး လွဲထားတာ ​ေအာင္တင္က လက္ပပ္ၾကားကို လွံနဲ႔လည္းထိုးေရာ ဝက္မႀကီးကဝ႐ုန္းသုန္းကားနဲ႔ ခုန္ထတာပဲ ခ်ည္ ထားတဲ့ႀကိဳးေတြလည္းျပတ္

ခ်က္ေကာင္းလည္း မထိဘူးဆရာ ဝက္မႀကီးက ၿခံခုန္ထြက္ၿပီး ေတြ႕သမၽွလူကိုပက္တာပဲ ၿခံဝက ဝါးလုံးေတြလဲ အတင္းဖ်က္ဆီးပစ္တယ္ ဘယ္သူမွ သူ႔နားကပ္လို့မရဘူး သူ႔သားနားကပ္တဲ့သူဆိုပိုမလြယ္ ဘူးဆရာ အရမ္းေသာင္းက်န္းေနတာပဲ အဲဒါ ဆရာ့ကို လာေျပာတာပါ ”

သူ ေထာင္းခနဲ႔ ေဒါပြသြားသည္။ ဝက္သတ္လုပ္ငန္းကို ႏွစ္ ၂၀ေက်ာ္ လုပ္လာပါလ်က္ တပည့္လက္သားေတြ သည္မၽွအထိ ညံ့ရပါ့မလားဟု မေက်မနပ္ ျဖစ္သြာ၏။ ထို့ေၾကာင့္ သာဂိကို မ်က္ေမွာင္ၾကဳတ္ၾကည့္ၿပီး ေလသံ ခပ္မာမာျဖင့္”မင္းတို့ သိပ္ညံ့တာပဲ

တိရိစၧာတစ္ေကာင္ကိုေတာင္ မနိုင္ဘူးဆိုေတာ့ ငါဘယ္မွာ မ်က္ႏွာလႊဲရလို့လဲကြ လာ ဘယ္မွာလဲ ဒီဝက္မႀကီး ”ထိုသို့ ေျပာၿပီး ပုဆိုးတိုတိုျပင္ဝတ္လ်က္ အိမ္ေပၚမွဆင္းခဲ့သည္။ မ်က္ႏွာေကာင္း မရရွာေသာ သာဂိလည္း အေနာက္က ကုပ္ကုပ္ကေလး လိုက္လာသည္။

ဝက္မႀကီးမွာ သူ႔သားအနီးမွမခြာ။ လွည့္ပတ္ဝန္းရံကာ ေစာင့္ၾကပ္လ်က္ေန၏။ တစ္စုံတစ္ေယာက္က ဝင္ဖမ္းမည့္ဟန္ ျပင္လိုက္တိုင္း ထိုးႏွက္တိုက္ခိုက္ရန္ ရွူးရွူးရွားရွားျဖစ္ေနသည္။ ထို့ေၾကာင့္ မည္သူမၽွ ကပ္လို့မရ ေအာင္ ျဖစ္ေနေပသည္။“ဘယ္မလဲ ဝက္ထိုးတဲ့လွံ

ငါ့ကိုေပး”ေက်ာ္ျမင့္က ေအာင္တင့္လက္ထဲမွ လွံကိုယူ၍ သူကိုလာေပး သည္။ သူက လက္ထဲမွ လွံကိုခ်ိန္ ဆ ၾကည့္ေနရင္း ဝက္မႀကီးကို စူးစိုက္ၾကည့္ေနသည္။ တစ္ ခ်က္ တည္းနဲ႔ ပြဲခ်င္းၿပီးမည့္ ေနရာကိုလည္း စိတ္ထဲက ေရြးခ်ယ္ေနသည္။

ထိုအခ်ိန္တြင္ ဝက္မႀကီးမွာ သားကို လွည့္ပတ္ေနရာမွ ရပ္သြားသည္။ သူႏွင့္ ရင္ဆိုင္လို့ရေသာေနရာတြင္ ေခါင္းေမာ့ကာ ေနသည္။ မို့အစ္ေနေသာ မ်က္ခြံမ်ားၾကားမွ မ်က္လုံးႏွစ္လုံးသည္ ညႇိုးငယ္လ်က္ ရွိ၏။ အတန္ၾကာေအာင္ပင္ ထိုသို့ေသာ အၾကည့္မ်ိးျဖင့္

သူ႔ကို ေငးၾကည့္ေနေသးသည္။ ထို့ေနာက္ ေလးတြဲေသာ ေျခလွမ္းမ်ားျဖင့္ သူ႔ေရွ႕ တည့္တည့္သို့ လွမ္းလာသည္။ တိုက္ခိုက္လိုေသာဟန္ ရန္လိုေသာအသြင္ အလၽွင္းမရွိရွာ။ သူႏွင့္ လက္တစ္ကမ္းအကြာေလာက္တြင္ ေျမျပင္ေပၚမွ ဗုန္းခနဲ လွဲအိပ္ေပးလိုက္သည္။

ထိုျမင့္ကြင္းအဆုံး၌ သူ႔ရင္ထဲတြင္ ဆို့တက္သြားသည္။ တစ္ႀကိမ္တစ္ခါမၽွ သူ႔ရင္ထဲမွာ မျဖစ္ေပၚ မခံစားဖူးေသာ ေဝဒနာကို ခံစားလိုက္ရသည္။ မ်က္ဝန္းမွ မ်က္ရည္မ်ား ေဝ့လာေလသည္။ လွံကို ေျမႇာက္ကာ ခ်ိန္ရြယ္ထားေသာ လက္သည္ပင္ တဆတ္ဆတ္ တုန္ယင္ေနေတာ့သည္။

အေတာ္ႀကီးၾကာေအာင္ပင္ အံ့ၾသစြာ ေငးငိုင္ ေနၿပီးမွ ဟင္းကနဲ သက္ျပင္းရွည္ႀကီး မွုတ္ထုတ္လိုက္သည္။ ထို့ေနာက္ လွံကို ဝက္ၿခံေထာင့္ဆီသို့ ပစ္လႊတ္လိုက္ၿပီး“သာဂိ ဒီဝက္မသားအမိကို အသက္ထက္ဆုံးေဘးမဲ့ ေပးလိုက္ပါကြာ ၿပီးေတာ့ ငါ့အိမ္ေရွ႕ေျမကြက္လပ္မွာ

ၿခံနဲ႔ အမိုးနဲ႔ က်က်နနေလး ထားေပးပါ မင္းမမခင္က ေမးရင္ ငါခိုင္းလိုက္တာလို့ ေျပာေနာ္ ငါ့ကိုေမးရင္ ရြာဦးေက်ာင္း ဆရာေတာ္ ဦးေနမိႏၵဆီ သြားတယ္လို့သာ ေျပာလိုက္ေတာ့”ဒီလိုနဲ႔ တစ္ခုေသာ နံနက္ခင္းတြင္ သပိတ္ကိုေပြ႕လ်က္

ၿခံထဲသို့ ဆြမ္းခံ ႂကြလွမ္းလာေသာ ဦးပဥၨင္း ဦးပ႑ိတသည္ အိမ္ေပၚသို့ မႂကြေသးဘဲ ရပ္တန႔္ေနသည္။ ထို့ေနာက္ အိမ္ေရွ႕တဲတစ္လုံးဆီသို့ တျဖည္းျဖည္းတိုးသြားသည္။ တံစက္ၿမိတ္ေအာက္တြင္ ရပ္ေတာ္မူ၍ ၿခံထဲသို့ ၾကည့္လိုက္သည္။

အစာခြက္တြင္ ဦးေခါင္းထိုး၍ အစာစားေနေသာ ဝက္သားအမိသည္ ဦးပဥၨင္းအရိပ္ကို ျမင္၍လားမသိ ၿပိဳင္တူလိုလိုပင္ ေခါင္းေမာ့ကာၾကည့္သည္။ ဦးပဥၨင္းကို ေသေသခ်ာခ်ာ စူးစိုက္၍ ၾကည့္ေနစဥ္ ဦပဥၨင္းက“တကာမႀကီး တကာမႀကီးရဲ့ ေမတၱာဟာ အင္မတန္ေလးနက္ မြန္ျမတ္လွပါေပတယ္

ဦးပဥၨင္းလဲ သိပ္ကို သံေဝဂ ရသြားပါၿပီ အျမင္မွန္ရေအာင္ ဒကာမႀကီးရဲ့ အသက္နဲ႔လဲၿပီး တရားျပခဲ့လို့လဲ ဦးပဥၨင္းရဲ့ ေက်းဇူးရွင္လို့ အသိအမွတ္ျပဳပါတယ္ ဦးပဥၨင္း အသက္ထက္ဆုံး လူဝတ္မလဲေတာ့ပါဘူးလို့ ဒကာမႀကီးတို့ သားအမိကို ကတိေပးပါတယ္

ေရွးက ဦးပဥၨင္းျပဳသမၽွ ကုသိုလ္အဖို့ကို ဒကာမႀကီးတို့သား အမိအား အမၽွေပးေဝပါတယ္ သာဓုအႏုေမာဒနာေခၚပါ ဒကာမႀကီး”ထိုကဲ့သို့ တိုးညႇင္းစြာ ဆိုလိုက္ၿပီးသည့္ေနာက္ ဝက္မႀကီးမွာ ေခါင္းေမာ့ထားရင္း တကြိကြိအသံမ်ား ထြက္လာသည္။

သာဓု သာဓု သာဓုဟု ေခၚသံႏွင့္မျခား ရွိေလ၏။ ဆရာမ သင္းေအးခ်ိဳေရးေသာ (အမွားေနာက္က သံေဝဂ ႏွင့္ ကိုယ္ေတြ႕ျဖစ္ရပ္ဆန္း ) စာအုပ္မွ ခ်ဳံ၍ ျပန္ေရးတင္သည္။ခရက္ဒစ္ ကိုမ်ိဳးထြန္း

Add a Comment

Your email address will not be published. Required fields are marked *