လူအများ သွားလာရာ public area တွေမှာ မဖွယ်မရာလုပ်ခဲ့ကြတဲ့ အကျင့်မကောင်းတဲ့ လူသားများ

အခုဖော်ပြမယ့် လူတွေရဲ့ လုပ်ရပ်ကို မြင်လိုက်တဲ့ သင်တို့ရဲ့ ဒေါသမီးတွေ တဟုန်းဟုန်း ထတောက်လာပါလိမ့်မယ်။ သူတို့ရဲ့ လုပ်ရပ်တွေက ဘယ်လောက်ထိအောင် ဆိုးရွားသလဲဆိုရင်တော့ ဒီကမ္ဘာမြေပေ ါ်ကနေတောင် နှင်ထုတ်သင့်လော က်အောင်ထိ ဆိုးရွားလွ န်းပါတယ်။ ဘယ်တစ်ယောက်ရဲ့ လုပ်ရပ်က အဆိုးဆုံးဖြစ်မလဲ ဆိုတာကိုလည်း ကွန်းမန့်မှာ ပြောသွားကြပါအုံး။

(၁) ဘာကိုမှ ဂရုမစိုက်သူ

11

ဒီတစ်ယော က်ကတော့ လောလောလတ်လတ် ကွန်ကရစ် လောင်းထားတဲ့ လမ်းပေါ်ကို ဆိုင်ကယ်နဲ့ တစ်လမ်းလုံးကို ဖြတ်မောင်း သွားတာပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ဟာသအေ နနဲ့ပဲ လုပ်တာလား ၊ ဒါမှမဟုတ် တကယ့်ကို ဘာဆိုဘာမှ ဂရုမစိုက် တာလားနော်။ ဘာပဲဖြစ်ဖြစ် အဆိုပါ လုပ်ရပ်က လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။

(၂) ကားတစ်စီးလုံးကို သူတစ်ယောက်တည်း စီးလာတာ ကျနေတာပဲနော်

22

ဒီတစ်ယောက်ကတော့ အရှေ့ထိုင်ခုံမှာ အမျိုးသမီးတစ်ယောက် ထိုင်နေမှန်း သိပေမယ့်လည်း သူ့ရဲ့ ခြေထောက်ကို ရှေ့ခုံပေါ်မှာ အားပါးတရ တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ အလွန် ကြည့်ရဆိုတဲ့ မြင်ကွင်းတစ်ခုပါပဲ။

(၃) ခြေထောင်ညောင်းလို့ ခဏနားအုံးမယ်

33

အဆိုပါ အမျိုးသမီးကလည်း စူပါမားကတ်ထဲမှာ ဈေးပတ်ဝယ်ရင်းနဲ့ ခြေထောက်ညောင်းလာတာကြောင့် ကုန်ပစ္စည်းတွေပေါ်မှာ ထိုင်ကာ ကျကျနန အနားယူခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ကုန်ပစ္စည်းတွေဆိုတာက စားစရာတွေဆိုတာ သူမ မသိခဲ့တာလား ၊ ဒါမှမဟုတ် ဂရုမစိုက်တာများလားနော်။

(၄) အမြဲတမ်းပဲ

44

ကိုယ့်သမီးကို လာကြည့်ဖို့ လာတာဖြစ်ကြောင်း၊ ရှေ့က iPad ကို ကြည့်ဖို့ မဟုတ်ကြောင်းကို ရှေ့ဆုံးမှာထိုင်နေတဲ့သူကို ရှင်းပြပေးချင်လိုက်တာ။

(၅) တကယ်ကြီးလား

55

ရောက်လေရာ အရပ်မှာ ထိုင်ရင် ခြေထောက် တင်ပြီးထိုင်တတ်သူတွေက အခြားသူတွေကို အနည်းနဲ့ အများတော့ အနှောက်အယှက်ပေးတတ်ကြပါတယ်။ လေယာဉ်ပေါ်က ဒီတစ်ယောက်ကလည်း သူ့ခြေထောက်ကို ခုံထိုင် လက်တန်းပေါ်မှာ တင်ထားခဲ့တာကြောင့် ရှေ့ကလူက အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။

(၆) ပိုဆိုးသွားပြီ

66

ဒီတစ်ယောက်ဆိုရင် ပိုလို့တောင် ဆိုးနေပါပြီ။ သူ့ရဲ့ ညစ်ပတ် ပေကျံနေတဲ့ ခြေထောက်ကို နားလည်မှုမရှိ လက်တန်းပေါ် တင်ထားတာပဲ ဖြစ်ပါတယ်။

(၇) ဒီလို လုပ်တတ်ရင်တော့ သူ့မှာ တစ်စုံတစ်ရာ ချို့ယွင်းချက်ရှိနေပြီ

77

စူပါမားကတ်မှာ ချရောင်းထားတဲ့ ပန်းသီးကို ကိုက်ပြီး ခြင်းထဲမှာ ပြန်ထည့်ထားတာပဲ ဖြစ်ပါတယ်။ ဒါက တော်တော်လေးကို နားလည်ရခက်နေပါပြီ။

(၈) သင့်ကြောင့် သူများ ဒုက္ခမရောက်ပါစေနဲ့

88

သင့်ခုံဘေးမှာ ကျတဲ့ ခရီးသည်ကြောင့် သင် စိတ်အနှောက်အယှက်ဖြစ်တယ်ဆိုတာ ဒီလိုမျိုးကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးရဲ့ ဘေးခရီးသည်ကတော့ ရင်ဘတ် ဟောင်းလောင်းနဲ့ အိပ်မောကျနေတာပဲ ဖြစ်ပါတယ်။

(၉) အခြားသူတွေကိုမှ အားမနာ

99

အဆိုပါ လူ ၃ ယောက်ကတော့ ခုံအစွန်းမှာ ထိုင်ပြီး နေရာမဖယ်ပေးခဲ့တာကြောင့် အခြား ခရီးသည်တွေက မတ်တပ်ရပ်နေခဲ့ရပါတယ်။

(၁၀) နင် အဆင်ပြေရင် ပြီးတာပဲ

101

ဒီတစ်ယောက်ကတော့ ပင်ပန်းလို့ အနားယူရာမှာ လူ ၄ ယောက်စာ နေရာအကုန်လုံးကို ယူထားတာပဲ ဖြစ်ပါတယ်။

(၁၁) ပန်းတွေက ဘာလုပ်ရမှာလဲနော်

102

အလှစိုက်ထားတဲ့ ပန်းတွေကိုမှ အားမနာပဲ လူတွေ အကုန်လုံးက ပန်းခင်းတွေပေါ်မှာ မတ်တပ်ရပ်နေကြတာပဲ ဖြစ်ပါတယ်။

(၁၂) ပိုက်ဆံပေါနေသူ

103

ဒီတစ်ယောက်ကတော့ အချိန်လည်းအား၊ ပိုက်ဆံလည်း ပေါနေတာကြောင့် ခုလိုပဲ လက်ဆော့ထားပဲ ဖြစ်ပါတယ်။

(၁၃) ချောကလတ်တွေ အများကြီးပဲ

104

ပုံမှာ ပြထားတဲ့ ကွတ်ကီးက ချော့ကလတ်တွေ အများကြီး ပါပေမယ့်လည်း တကယ်ကွတ်ကီးမှာတော့ ထင်သလောက် မပါတာကို တွေ့ခဲ့ရပါတယ်။

(၁၄) အဖြူရောင်မျဉ်းကြောင်းကိုပဲ မမြင်လိုက်တာလား

105

ဒီကားမောင်းသူကတော့ ကားပါကင်မှာ ကားရပ်ဖို့ အဖြူရောင်မျဉ်းထားပေးထားတာကို အဲ့ဒီအတိုင်း မရပ်ပဲ ဖြစ်သလို ပါကင်ထိုးထားပဲ ဖြစ်ပါတယ်။

(၁၅) ပန်းရောင်ကားလေးလည်း ထိုနည်းအတိုင်းပါပဲ

106

အပေါ်က ကားလိုပဲ ဒီပန်းရောင်ကားလည်းပဲ ကားပါကင်ကို အခြားကားနေရာ ယူပြီး ထိုးထားပါတယ်။

(၁၆) စူပါးမားကတ်က အမြင်မတော်တဲ့ လူများ

107

စူပါမားကတ်တွေထဲမှာ လမ်းလျှောက်ပြီး ဈေးဝယ်ရတဲ့ အလုပ်က အင်မတန်ခြေထောက်ညောင်းတဲ့ အလုပ်တစ်ခုဖြစ်ပေမယ့်လည်း အခုလူတွေထိုင်နေသလိုမျိုးတော့ လုံးဝကို မပြုလုပ်သင့်ပါဘူး။

108

ဒီအမျိုးသမီးကြီးကတော့ သူမအတွက် ထိုင်စရာနေရာအလွန်ရှားပါးနေပုံပေါ်ပါတယ်။ သစ်သီးဝလံတွေရောင်းတဲ့ဆိုင်ရဲ့ ပန်းသီးထားတဲ့ အကန့်မှာ တင်ပစ်ပြီးထိုင်နေပုံတွေက လက်သင့်မခံနိုင်တဲ့အခြေအနေပါ။ ဒီ ပန်းသီးတွေကို ဝယ်သွားမယ့်လူတွေအတွက်ကတော့ ရေဆေးပြီးမှ စားဖို့ လိုအပ်မှာပဲဖြစ်ပါတယ်။

ဒီအမျိုးသမီးကြီးထိုင်နေပုံကတော့ သက်တောင့်သက်သာရှိမယ့်ပုံပေါ်ပေမယ့် သူမထိုင်နေတာက ရောင်းချနေတဲ့ ပေါင်မုန့်တွေပေါ်မှာပဲ ဖြစ်ပါတယ်။ ဒီလို စည်းကမ်းမရှိထိုင်နေတာ ဘယ်လောက်အထိ စိတ်ပျက်ဖို့ ကောင်းသလဲနော်။

(၁၇) စည်းကမ်းမရှိဆုံး စူပါမားကတ် ဝန်ထမ်း

109

ခုပြောပြမှာကတော့ ဈေးဝယ်တွေရဲ့ စိတ်ပျက်စရာ ကောင်းတဲ့ လုပ်ရပ်မဟုတ်ပဲ စူပါမားကတ် ဝန်ထမ်းတစ်ယောက်ရဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးက ပစ္စည်းတန်ဖိုးတွေကို ချိန်းဖို့ လုပ်တဲ့အချိန်မှာ ခင်းကျင်းထားတဲ့ အသားတွေပေါ်ကို နှင်းတက်သွားပြီးတော့ လုပ်နေတာက တကယ့်ကို စိတ်ပျက်စရာ ကောင်းလှပါတယ်။

အခြားသူ စားစရာ အသားတွေကို ခုလို ခြေဗလာနဲ့ တက်နှင်းသွားတာက တကယ့်ကို တရားလွန်လှတယ်လို့ မထင်ဘူးလားနော်။

Credit; ရွှေဉာဏ်ရှင်

Add a Comment

Your email address will not be published. Required fields are marked *