လူတွေရဲ့ ကြင်နာမှုက နှိုးဆွ လို့ရတယ်…’သင်ဘယ်လိုနှိုးဆွမလဲ” ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်

အိန္ဒိယနိုင်ငံ မြောက်ဘက်ဒေသမှာ“ကယ်ရီမား”လို့ခေါ်တဲ့ ရွာတစ်ရွာရှိတယ်။အဲဒီရွာက မြေဟာ ကျတ်တီးမြေ ဖြစ်တာ ကြောင့် ဘာမှစိုက်ပျိုး မဖြစ်ထွန်းခဲ့ဘူး။ ရွာသားတွေဟာ ဆင်းရဲလွန်းလို့ နပ်မှန်အောင် မနည်းကြိုးစားရတယ်။ရွာနဲ့ မနီးမဝေး တစ်နေရာမှာ လမ်းမကြီး တစ်ခုရှိပြီး အဲဒီလမ်းမကြီးမှာ ကားတွေဟာ မကြာခဏဆိုသလို ပျက်နေခဲ့တယ်။

တစ်ခါက စည်သွပ်ဗူးတွေ တင်ထားတဲ့ ကားတစ်စီးဟာ အဲဒီလမ်းမတစ်နေရာမှာ တိမ်းမှောက်ပြီး ချောင်းထဲကျသွားခဲ့တယ်။ကားဆရာ ဒဏ်ရာရလို့ ကားတစ်စင်းနဲ့ ဆေးရုံကို ပို့နေတုန်းမှာ ကားပေါ်က ကုန်တွေကို ကြည့်မယ့်လူ မရှိခဲ့ဘူး။ ဒါကို ရွာသားတွေတွေ့တော့ စည်သွပ် ဗူးတွေကို အိမ်ခိုးသယ်ကြတယ်။

အဲဒီလိုနဲ့ အိမ်တိုင်း အိမ်တိုင်း ရက်တော် တော်ကြာ စားစရာတွေ ရှိခဲ့ကြတယ်။အဲဒီကိစ္စ ဖြစ်ပျက်ပြီးနောက် ရွာသားတွေ အကြံတစ်ခုရသွားတယ်။ “တောင်နဲ့နီးရင် တောင်ကိုမှီစား ရေနဲ့နီးရင် ရေကိုမှီစား” ဆိုသလို ကားလမ်းနဲ့ နီးတော့ ကားလမ်းကို မှီစားကြတော့တယ်။

ဒါပေမဲ့ ကားတွေက အမြဲတိမ်းမှောက်နေတာ မဟုတ်တော့ ရွာသားတွေ အကြံတစ်ခုထုတ် ကြတယ်။ ညအချိန် လမ်းပေါ်မှာ လူနည်းတဲ့အခါ ရွာသားတွေဟာ ပေါက်တူး ပေါက်ပြားတွေ ယူပြီး လမ်းကိုဖျက်ကြတယ်။ ဒါမှ ချိုင့်တွေ တွင်းတွေ ပြည့်နေတဲ့လမ်းပေါ်မှာ ကားတွေဟာ မတော်တဆ ဖြစ်နှုန်းများမှာ ဖြစ်တယ်။

ကားတွေက အဲဒီလမ်းပေါ်မှာ မတော်တဆ မဖြစ်လည်း လမ်းမကောင်းတာကြောင့် ကားကို အရှိန်လျော့ပြီး မောင်းနှင်ကြရတယ်။အဲဒီအခါ ရွာသားတွေဟာ ကားဆရာ မသိအောင် ကားနောက်ကနေ ပစ္စည်းတွေ နှိုက်ကြတယ်။ အဲဒီလိုနဲ့ စစချင်းမှာ စားစရာတွေကို ခိုးတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း ကုန်ပစ္စည်းတွေကိုပါ ခိုးပြီး မြို့ပေါ် တက်ရောင်းကြတယ်။

အဲဒီနောက်ပိုင်းတော့ ခိုးရုံနှိုက်ရုံမက သူတို့ လုယက်လာကြတော့တယ်။တခဏအတွင်းမှာပဲ အဲဒီလမ်းဟာ မလုံခြုံဆုံးလမ်း ဖြစ်လာခဲ့တော့တယ်။လစဉ်လတိုင်း လုယက်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါကို ရဲတွေလိုက်ပြီး လုယက်နေတဲ့ ရွာသားနှစ်ယောက်ကို ဖမ်းဆီးခဲ့တယ်။လုယက်သူ နှစ်ယောက်ကို ပြစ်ဒဏ် ချမှတ်ခဲ့ပေမယ့် ရွာသားတွေ မဖြုံခဲ့ကြဘူ။

လုယက်မြဲ လုယက်နေပြီး ရဲတွေကို ပိုပုန်းရှောင် ပိုသတိရှိခဲ့ကြတယ်။ရွာသားတွေဟာ လုယက်ဖို့ အဖွဲ့တွေ ဖွဲ့လာကြပြီး စောင့်ကြည့် သတင်းပို့သူတွေပါ ထားရှိလာကြတယ်။လုလို့ရတဲ့ ပစ္စည်းတွေကို အိမ်ပြန် ဖွက်ထား ကြသလို ရဲတွေ လာစစ်တဲ့အခါ သက်သေခံ ပစ္စည်းတွေ ရှာမတွေ့အောင် ပစ္စည်းရဲ့ အထုပ် အပိုးကိုပါ ပြောင်းလဲခဲ့ကြတယ်။

အုပ်ချုပ်သူတွေကလည်း ကယ်ရီမားရွာက ရွာသားတွေကို ပစ္စည်းမလုယက်ကြဖို့ ရာဇဝတ်မှုတွေ မကျူးလွန်ကြဖို့လမ်းကောင်းလမ်းမှန်ပေါ် ရောက်အောင် နည်းအမျိုးမျိုး ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့ ကယ်ရီမား ရွာသားတွေဟာ လုယက်လို့ ရလာတဲ့ ပစ္စည်းတွေအပေါ် သာယာ ပျော်မွေ့နေခဲ့ကြတယ်။ ဒီလို ဘာမှ ပင်ပင်ပန်းပန်း လုပ်စရာမလိုတဲ့ ဘဝမှာ သူတို့ကျင့်သားရနေခဲ့ကြတယ်။

ဒါကြောင့် သေနတ်ပြ ပစ္စည်းလုတဲ့:လုပ်ရပ်ဟာ ကယ်ရီမားရွာ အနီးတဝိုက်မှာ ဖြစ်မြဲဖြစ်နေခဲ့ တော့တယ်။ အဲဒီနှစ်ရဲ့ ဆောင်းရာသီမှာ အလုအယက် များတဲ့ ကယ်ရီမားရွာကလမ်းကို ကားသမားတွေ ရှောင်လာကြတယ်။ဒါကြောင့် ရက်တော်တော်ကြာကြာ ရွာသားတွေ ရိက္ခာပြတ်ခဲ့ကြတယ်။

တစ်နေ့မှာ ကုန်ကားတစ်စီး ကယ်ရီမားရွာကို ဖြတ်တယ်။ ကားပေါ်မှာ ဖော့စဖိတ်မှုန့်တွေ အိတ်နဲ့ အပြည့်တင်ထားတယ်။ဒီဖော့စဖိတ်တွေက လုပ်ငန်းတွေမှာ သုံးဖို့ဖြစ်တယ်။ ရွာသားတွေဟာ ကားကိုတွေ့တာနဲ့ ဝိုင်းဖွဲ့ပြီး လုယက်ကြတော့တယ်။ ကားသမားက ရွာသားတွေ လုယက်တာကို တွေ့တော့ ကားရပ်ပြီး ကယ်ရီမားရွာထဲအထိ လိုက်သွားတယ်။

ကားရပ်တော့ ရွာသားတွေလုဖို့ ပိုအခွင့်အရေး ရသွားတယ်။ လူတွေက မကြောက်မလန့် ကားတစ်စင်းလုံး ပြောင်သလင်းခါအောင် ပစ္စည်းတွေကို သယ်ယူခဲ့ကြတယ်။ ကားဆရာဟာ ရွာထဲဝင်ပြီး ရွာသားတွေကို ပစ္စည်းပြန်ပေးဖို့ တောင်းဆိုတယ်။ဒါပေမဲ့ ရွာသားတွေက သူတို့မယူပါဘူးလို့ ငြင်းဆို ကြတယ်။ ကားဆရာ ဘယ်လိုတောင်းပန် တောင်းပန် ပစ္စည်းတွေကို သူတို့ပြန်မပေးခဲ့ကြဘူး။

နောက်ဆုံး ကားဆရာက …ဒီအမှုန့်တွေဟာ စားလို့ရတဲ့ ရိုးရိုးသာမန်အမှုန့်တွေ မဟုတ်ကြောင်းလုပ်ငန်းထဲသုံးတဲ့ ဖော့စဖိတ်မှုန့်တွေဖြစ်ကြောင်း အဆိပ်ရှိကြောင်းစားမိရင် သေတတ်ကြောင်း ပြောပြတယ်။ကားဆရာရဲ့စကားအမှန်ကို ရွာသားတွေ မယုံခဲ့ကြဘူး။

ဒီအမှုန့်တွေဟာ လက်နဲ့ကိုင်ကြည့်တာပဲဖြစ်ဖြစ် အရောင်မှာပဲဖြစ်ဖြစ် စားလို့ရတဲ့အမှုန့်နဲ့ ခွဲလို့မရခဲ့လို့ ဖြစ်တယ်။ရွာသားတွေ သူ့စကားကို မယုံတော့ ကားဆရာ ဘာဆက်လုပ်ရမှန်းမသိလန့်သွားခဲ့တယ်။ ရဲကို သူအကြောင်းကြားချင်ပေမယ့် သူရွာက ခွာတာနဲ့ ရွာသားတွေ အဲဒီအမှုန့်ကို စားစရာ မှတ်ပြီး စားလိုက်မှာလည်း စိုးရိမ်နေခဲ့တယ်။တစ်အိမ်ချင်း သူလိုက်ရှင်းပြခဲ့တယ်။

ရွာသားတွေရှေ့ ဒူးထောက်ပြီး အဲဒီအမှုန့်ကို မစားပါနဲ့ သေတတ်တယ်”လို့ သူရှင်းပြခဲ့တယ်။ ကားဆရာ အကြိမ်ကြိမ်တောင်းပန်တော့ ရွာသားတချို့က သူ့စကားကို ယုံလာခဲ့ကြတယ်။ လူတချို့က ကြက်ကို အဲဒီအမှုန့် စမ်းကျွေးကြည့်ကြတယ်။ တကယ်ပဲ စားပြီး သိပ်မကြာဘူး။ ကြက် တကယ်သေသွားတာကို တွေ့ရတယ်။အဲဒီတခဏ ရွာသားတွေ ထိတ်လန့်သွား ကြတယ်။ ပြီးတော့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ခံစားမိလိုက်ကြတယ်။

ကားဆရာရဲ့ ပစ္စည်းကိုလုယက်လို့ ကားဆရာက သူတို့ကို မုန်းသင့်တယ်။ဒီအမှုန့်တွေကို စားပြီး သူတို့သေသင့်တယ်။ ဒါဟာ သူတို့ရထိုက်တဲ့ ပြစ်ဒဏ်ဖြစ်တယ်လို့ သူတို့ထင်ခဲ့တယ်။ ဒါပေမဲ့ ကားဆရာက သူတို့ကို မမုန်းတဲ့အပြင် အမှုန့်ကို မစားဖို့ သူတို့အသက်ကို ကယ်တင်ဖို့ ဒူးထောက်တောင်းပန်ခဲ့တယ်။ဒီလိုမေတ္တာစိတ် ဒီလိုကြင်နာစိတ်ဒီလို ဂရုစိုက်ခြင်းမျိုးက ရွာသားတွေကို ရှက်ရွံ့စေခဲ့တယ်။ နက်နက်ရှိုင်းရှိုင်း ခံစားစေခဲ့တယ်။

ရွာသားတွေက ဖော့စဖိတ်မှုန့်အားလုံးကို ကားပေါ် ပြန်တင်ပေးလိုက်ကြတယ်။အဲဒီအဖြစ်အပျက်နောက် ကယ်ရီမားရွာသား တွေဟာ ပစ္စည်းထွက် မလုခဲ့ကြတော့ဘူး။ လုဖို့ကြံနေသူတွေကိုလည်း လူတချို့က ဟိုစိတ်ကောင်းရှိတဲ့ ကားဆရာကို သတိရ ကြစမ်းပါ။ သူကို ငါတို့ထိခိုက်အောင် လုပ်ခဲ့လည်း သူက ငါတို့တစ်ရွာလုံးရဲ့အသက်ကို ကယ်ခဲ့တယ်။

သူ့ကိုသတိရပြီး တခြားလူကို ထိခိုက်နစ်နာဖို့ငါတို့ဆက်လုပ်ရက်ကြသေးလား။ ငါတို့ဟာ တကယ်ပဲ မကောင်းဆိုးဝါးတွေလား” လို့ ဆိုခဲ့တယ်။ကယ်ရီမား အနီးနားကလမ်းမကြီး လုံခြုံသွားပါပြီ။ ရဲတွေရဲ့ ထိန်းချုပ်မှု သက်ဆိုင်ရာ လူကြီးတွေရဲ့ ပြုပြင်ထိန်းသိမ်းမှုကြောင့်လုံခြုံသွားတာ မဟုတ်ဘဲ …

ကားဆရာတစ်ယောက်ရဲ့ အကြင်နာကြောင့် ပြောင်းလဲသွားတာဖြစ်ပါတယ်။လူရဲ့အကျင့်က ပြောင်းလဲလို့ရတယ်။”သင်ဘယ်လို ပြောင်းလဲမလဲ “ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။လူရဲ့ ကြင်နာမှုက နှိုးဆွလို့ရတယ်။ ‘သင်ဘယ်လိုနှိုးဆွမလဲ” ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။

လူတိုင်းရဲ့ရင်ထဲမှာ ကြင်နာတဲ့ ကြိုးတစ်ချောင်းရှိတယ်။ အဲဒီကြိုးကို ချစ်ခြင်းမေတ္တာနဲ့ တီးခတ်မှ သံစဉ်မြည်နိုင်တယ်။ လူတွေရဲ့ကြင်နာမှုကိုတကယ်ရချင်ရင် ပထမဦးဆုံး သင့်ရဲ့ကြင်နာမှုကို ထုတ်သုံးပေးရပါတယ်။ဘယ်လောက် ဆိုးဝါးတဲ့ လူပဲဖြစ်ဖြစ် သင့်ရဲ့အကြင်နာတရားကြောင့် သူတို့ရဲ့အကြင်နာတရားကို နှိုးဆွနိုင်ပြီး ဆိုးဝါးမှုတွေကို ပ ထုတ်ပေးနိုင်မှာပါ

Credit & copy from မင်း ထိုက်

အိႏၵိယနိုင္ငံ ေျမာက္ဘက္ေဒသမွာ“ကယ္ရီမား”လို႔ေခၚတဲ့ ႐ြာတစ္႐ြာရွိတယ္။အဲဒီ႐ြာက ေျမဟာ က်တ္တီးေျမ ျဖစ္တာ ေၾကာင့္ ဘာမွစိုက္ပ်ိဳး မျဖစ္ထြန္းခဲ့ဘူး။ ႐ြာသားေတြဟာ ဆင္းရဲလြန္းလို႔ နပ္မွန္ေအာင္ မနည္းႀကိဳးစားရတယ္။႐ြာနဲ႕ မနီးမေဝး တစ္ေနရာမွာ လမ္းမႀကီး တစ္ခုရွိၿပီး အဲဒီလမ္းမႀကီးမွာ ကားေတြဟာ မၾကာခဏဆိုသလို ပ်က္ေနခဲ့တယ္။

တစ္ခါက စည္သြပ္ဗူးေတြ တင္ထားတဲ့ ကားတစ္စီးဟာ အဲဒီလမ္းမတစ္ေနရာမွာ တိမ္းေမွာက္ၿပီး ေခ်ာင္းထဲက်သြားခဲ့တယ္။ကားဆရာ ဒဏ္ရာရလို႔ ကားတစ္စင္းနဲ႕ ေဆး႐ုံကို ပို႔ေနတုန္းမွာ ကားေပၚက ကုန္ေတြကို ၾကည့္မယ့္လူ မရွိခဲ့ဘူး။ ဒါကို ႐ြာသားေတြေတြ႕ေတာ့ စည္သြပ္ ဗူးေတြကို အိမ္ခိုးသယ္ၾကတယ္။

အဲဒီလိုနဲ႕ အိမ္တိုင္း အိမ္တိုင္း ရက္ေတာ္ ေတာ္ၾကာ စားစရာေတြ ရွိခဲ့ၾကတယ္။အဲဒီကိစၥ ျဖစ္ပ်က္ၿပီးေနာက္ ႐ြာသားေတြ အႀကံတစ္ခုရသြားတယ္။ “ေတာင္နဲ႕နီးရင္ ေတာင္ကိုမွီစား ေရနဲ႕နီးရင္ ေရကိုမွီစား” ဆိုသလို ကားလမ္းနဲ႕ နီးေတာ့ ကားလမ္းကို မွီစားၾကေတာ့တယ္။

ဒါေပမဲ့ ကားေတြက အၿမဲတိမ္းေမွာက္ေနတာ မဟုတ္ေတာ့ ႐ြာသားေတြ အႀကံတစ္ခုထုတ္ ၾကတယ္။ ညအခ်ိန္ လမ္းေပၚမွာ လူနည္းတဲ့အခါ ႐ြာသားေတြဟာ ေပါက္တူး ေပါက္ျပားေတြ ယူၿပီး လမ္းကိုဖ်က္ၾကတယ္။ ဒါမွ ခ်ိဳင့္ေတြ တြင္းေတြ ျပည့္ေနတဲ့လမ္းေပၚမွာ ကားေတြဟာ မေတာ္တဆ ျဖစ္ႏႈန္းမ်ားမွာ ျဖစ္တယ္။

ကားေတြက အဲဒီလမ္းေပၚမွာ မေတာ္တဆ မျဖစ္လည္း လမ္းမေကာင္းတာေၾကာင့္ ကားကို အရွိန္ေလ်ာ့ၿပီး ေမာင္းႏွင္ၾကရတယ္။အဲဒီအခါ ႐ြာသားေတြဟာ ကားဆရာ မသိေအာင္ ကားေနာက္ကေန ပစၥည္းေတြ ႏွိုက္ၾကတယ္။ အဲဒီလိုနဲ႕ စစခ်င္းမွာ စားစရာေတြကို ခိုးတယ္။ ေနာက္ပိုင္းမွာ တျဖည္းျဖည္း ကုန္ပစၥည္းေတြကိုပါ ခိုးၿပီး ၿမိဳ႕ေပၚ တက္ေရာင္းၾကတယ္။

အဲဒီေနာက္ပိုင္းေတာ့ ခိုး႐ုံႏွိုက္႐ုံမက သူတို႔ လုယက္လာၾကေတာ့တယ္။တခဏအတြင္းမွာပဲ အဲဒီလမ္းဟာ မလုံၿခဳံဆုံးလမ္း ျဖစ္လာခဲ့ေတာ့တယ္။လစဥ္လတိုင္း လုယက္မႈေတြနဲ႕ ျပည့္ေနခဲ့တယ္။ ဒါကို ရဲေတြလိုက္ၿပီး လုယက္ေနတဲ့ ႐ြာသားႏွစ္ေယာက္ကို ဖမ္းဆီးခဲ့တယ္။လုယက္သူ ႏွစ္ေယာက္ကို ျပစ္ဒဏ္ ခ်မွတ္ခဲ့ေပမယ့္ ႐ြာသားေတြ မၿဖဳံခဲ့ၾကဘူ။

လုယက္ၿမဲ လုယက္ေနၿပီး ရဲေတြကို ပိုပုန္းေရွာင္ ပိုသတိရွိခဲ့ၾကတယ္။႐ြာသားေတြဟာ လုယက္ဖို႔ အဖြဲ႕ေတြ ဖြဲ႕လာၾကၿပီး ေစာင့္ၾကည့္ သတင္းပို႔သူေတြပါ ထားရွိလာၾကတယ္။လုလို႔ရတဲ့ ပစၥည္းေတြကို အိမ္ျပန္ ဖြက္ထား ၾကသလို ရဲေတြ လာစစ္တဲ့အခါ သက္ေသခံ ပစၥည္းေတြ ရွာမေတြ႕ေအာင္ ပစၥည္းရဲ႕ အထုပ္ အပိုးကိုပါ ေျပာင္းလဲခဲ့ၾကတယ္။

အုပ္ခ်ဳပ္သူေတြကလည္း ကယ္ရီမား႐ြာက ႐ြာသားေတြကို ပစၥည္းမလုယက္ၾကဖို႔ ရာဇဝတ္မႈေတြ မက်ဴးလြန္ၾကဖို႔လမ္းေကာင္းလမ္းမွန္ေပၚ ေရာက္ေအာင္ နည္းအမ်ိဳးမ်ိဳး ႀကိဳးစားခဲ့ၾကတယ္။ဒါေပမဲ့ ကယ္ရီမား ႐ြာသားေတြဟာ လုယက္လို႔ ရလာတဲ့ ပစၥည္းေတြအေပၚ သာယာ ေပ်ာ္ေမြ႕ေနခဲ့ၾကတယ္။ ဒီလို ဘာမွ ပင္ပင္ပန္းပန္း လုပ္စရာမလိုတဲ့ ဘဝမွာ သူတို႔က်င့္သားရေနခဲ့ၾကတယ္။

ဒါေၾကာင့္ ေသနတ္ျပ ပစၥည္းလုတဲ့:လုပ္ရပ္ဟာ ကယ္ရီမား႐ြာ အနီးတဝိုက္မွာ ျဖစ္ၿမဲျဖစ္ေနခဲ့ ေတာ့တယ္။ အဲဒီႏွစ္ရဲ႕ ေဆာင္းရာသီမွာ အလုအယက္ မ်ားတဲ့ ကယ္ရီမား႐ြာကလမ္းကို ကားသမားေတြ ေရွာင္လာၾကတယ္။ဒါေၾကာင့္ ရက္ေတာ္ေတာ္ၾကာၾကာ ႐ြာသားေတြ ရိကၡာျပတ္ခဲ့ၾကတယ္။

တစ္ေန႕မွာ ကုန္ကားတစ္စီး ကယ္ရီမား႐ြာကို ျဖတ္တယ္။ ကားေပၚမွာ ေဖာ့စဖိတ္မႈန့္ေတြ အိတ္နဲ႕ အျပည့္တင္ထားတယ္။ဒီေဖာ့စဖိတ္ေတြက လုပ္ငန္းေတြမွာ သုံးဖို႔ျဖစ္တယ္။ ႐ြာသားေတြဟာ ကားကိုေတြ႕တာနဲ႕ ဝိုင္းဖြဲ႕ၿပီး လုယက္ၾကေတာ့တယ္။ ကားသမားက ႐ြာသားေတြ လုယက္တာကို ေတြ႕ေတာ့ ကားရပ္ၿပီး ကယ္ရီမား႐ြာထဲအထိ လိုက္သြားတယ္။

ကားရပ္ေတာ့ ႐ြာသားေတြလုဖို႔ ပိုအခြင့္အေရး ရသြားတယ္။ လူေတြက မေၾကာက္မလန့္ ကားတစ္စင္းလုံး ေျပာင္သလင္းခါေအာင္ ပစၥည္းေတြကို သယ္ယူခဲ့ၾကတယ္။ ကားဆရာဟာ ႐ြာထဲဝင္ၿပီး ႐ြာသားေတြကို ပစၥည္းျပန္ေပးဖို႔ ေတာင္းဆိုတယ္။ဒါေပမဲ့ ႐ြာသားေတြက သူတို႔မယူပါဘူးလို႔ ျငင္းဆို ၾကတယ္။ ကားဆရာ ဘယ္လိုေတာင္းပန္ ေတာင္းပန္ ပစၥည္းေတြကို သူတို႔ျပန္မေပးခဲ့ၾကဘူး။

ေနာက္ဆုံး ကားဆရာက …ဒီအမႈန့္ေတြဟာ စားလို႔ရတဲ့ ရိုးရိုးသာမန္အမႈန့္ေတြ မဟုတ္ေၾကာင္းလုပ္ငန္းထဲသုံးတဲ့ ေဖာ့စဖိတ္မႈန့္ေတြျဖစ္ေၾကာင္း အဆိပ္ရွိေၾကာင္းစားမိရင္ ေသတတ္ေၾကာင္း ေျပာျပတယ္။ကားဆရာရဲ႕စကားအမွန္ကို ႐ြာသားေတြ မယုံခဲ့ၾကဘူး။

ဒီအမႈန့္ေတြဟာ လက္နဲ႕ကိုင္ၾကည့္တာပဲျဖစ္ျဖစ္ အေရာင္မွာပဲျဖစ္ျဖစ္ စားလို႔ရတဲ့အမႈန့္နဲ႕ ခြဲလို႔မရခဲ့လို႔ ျဖစ္တယ္။႐ြာသားေတြ သူ႕စကားကို မယုံေတာ့ ကားဆရာ ဘာဆက္လုပ္ရမွန္းမသိလန့္သြားခဲ့တယ္။ ရဲကို သူအေၾကာင္းၾကားခ်င္ေပမယ့္ သူ႐ြာက ခြာတာနဲ႕ ႐ြာသားေတြ အဲဒီအမႈန့္ကို စားစရာ မွတ္ၿပီး စားလိုက္မွာလည္း စိုးရိမ္ေနခဲ့တယ္။တစ္အိမ္ခ်င္း သူလိုက္ရွင္းျပခဲ့တယ္။

႐ြာသားေတြေရွ႕ ဒူးေထာက္ၿပီး အဲဒီအမႈန့္ကို မစားပါနဲ႕ ေသတတ္တယ္”လို႔ သူရွင္းျပခဲ့တယ္။ ကားဆရာ အႀကိမ္ႀကိမ္ေတာင္းပန္ေတာ့ ႐ြာသားတခ်ိဳ႕က သူ႕စကားကို ယုံလာခဲ့ၾကတယ္။ လူတခ်ိဳ႕က ၾကက္ကို အဲဒီအမႈန့္ စမ္းေကြၽးၾကည့္ၾကတယ္။ တကယ္ပဲ စားၿပီး သိပ္မၾကာဘူး။ ၾကက္ တကယ္ေသသြားတာကို ေတြ႕ရတယ္။အဲဒီတခဏ ႐ြာသားေတြ ထိတ္လန့္သြား ၾကတယ္။ ၿပီးေတာ့ စိတ္ထဲမွာ နက္နက္ရွိုင္းရွိုင္း ခံစားမိလိုက္ၾကတယ္။

ကားဆရာရဲ႕ ပစၥည္းကိုလုယက္လို႔ ကားဆရာက သူတို႔ကို မုန္းသင့္တယ္။ဒီအမႈန့္ေတြကို စားၿပီး သူတို႔ေသသင့္တယ္။ ဒါဟာ သူတို႔ရထိုက္တဲ့ ျပစ္ဒဏ္ျဖစ္တယ္လို႔ သူတို႔ထင္ခဲ့တယ္။ ဒါေပမဲ့ ကားဆရာက သူတို႔ကို မမုန္းတဲ့အျပင္ အမႈန့္ကို မစားဖို႔ သူတို႔အသက္ကို ကယ္တင္ဖို႔ ဒူးေထာက္ေတာင္းပန္ခဲ့တယ္။ဒီလိုေမတၱာစိတ္ ဒီလိုၾကင္နာစိတ္ဒီလို ဂ႐ုစိုက္ျခင္းမ်ိဳးက ႐ြာသားေတြကို ရွက္႐ြံ႕ေစခဲ့တယ္။ နက္နက္ရွိုင္းရွိုင္း ခံစားေစခဲ့တယ္။

႐ြာသားေတြက ေဖာ့စဖိတ္မႈန့္အားလုံးကို ကားေပၚ ျပန္တင္ေပးလိုက္ၾကတယ္။အဲဒီအျဖစ္အပ်က္ေနာက္ ကယ္ရီမား႐ြာသား ေတြဟာ ပစၥည္းထြက္ မလုခဲ့ၾကေတာ့ဘူး။ လုဖို႔ႀကံေနသူေတြကိုလည္း လူတခ်ိဳ႕က ဟိုစိတ္ေကာင္းရွိတဲ့ ကားဆရာကို သတိရ ၾကစမ္းပါ။ သူကို ငါတို႔ထိခိုက္ေအာင္ လုပ္ခဲ့လည္း သူက ငါတို႔တစ္႐ြာလုံးရဲ႕အသက္ကို ကယ္ခဲ့တယ္။

သူ႕ကိုသတိရၿပီး တျခားလူကို ထိခိုက္နစ္နာဖို႔ငါတို႔ဆက္လုပ္ရက္ၾကေသးလား။ ငါတို႔ဟာ တကယ္ပဲ မေကာင္းဆိုးဝါးေတြလား” လို႔ ဆိုခဲ့တယ္။ကယ္ရီမား အနီးနားကလမ္းမႀကီး လုံၿခဳံသြားပါၿပီ။ ရဲေတြရဲ႕ ထိန္းခ်ဳပ္မႈ သက္ဆိုင္ရာ လူႀကီးေတြရဲ႕ ျပဳျပင္ထိန္းသိမ္းမႈေၾကာင့္လုံၿခဳံသြားတာ မဟုတ္ဘဲ …

ကားဆရာတစ္ေယာက္ရဲ႕ အၾကင္နာေၾကာင့္ ေျပာင္းလဲသြားတာျဖစ္ပါတယ္။ လူရဲ႕အက်င့္က ေျပာင္းလဲလို႔ရတယ္။”သင္ဘယ္လို ေျပာင္းလဲမလဲ “ဆိုတဲ့ အေပၚမွာပဲ မူတည္ပါတယ္။ လူရဲ႕ ၾကင္နာမႈက ႏွိုးဆြလို႔ရတယ္။ ‘သင္ဘယ္လိုႏွိုးဆြမလဲ” ဆိုတဲ့အေပၚမွာပဲ မူတည္ပါတယ္။

လူတိုင္းရဲ႕ရင္ထဲမွာ ၾကင္နာတဲ့ ႀကိဳးတစ္ေခ်ာင္းရွိတယ္။ အဲဒီႀကိဳးကို ခ်စ္ျခင္းေမတၱာနဲ႕ တီးခတ္မွ သံစဥ္ျမည္နိုင္တယ္။ လူေတြရဲ႕ၾကင္နာမႈကိုတကယ္ရခ်င္ရင္ ပထမဦးဆုံး သင့္ရဲ႕ၾကင္နာမႈကို ထုတ္သုံးေပးရပါတယ္။ဘယ္ေလာက္ ဆိုးဝါးတဲ့ လူပဲျဖစ္ျဖစ္ သင့္ရဲ႕အၾကင္နာတရားေၾကာင့္ သူတို႔ရဲ႕အၾကင္နာတရားကို ႏွိုးဆြနိုင္ၿပီး ဆိုးဝါးမႈေတြကို ပ ထုတ္ေပးနိုင္မွာပါ

Credit & copy from မင္း ထိုက္

Add a Comment

Your email address will not be published. Required fields are marked *