ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ဟန်ဂေရီနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာ
ရုရှားထုတ် ကိုဗစ်ကာကွ ယ်ဆေးကို ပထမ ဆုံးလက်ခံတဲ့ ဥရောပက ဟန်ဂေရီနိုင်ငံ ရဲ့ မြို့တော် Budapest လေဆိပ်ဆီ ကိုဗစ်ကာကွယ်ဆေးတွေ တင်လာတဲ့လေယဉ် ပြီးခဲ့တဲ့ နာရီပိုင်းကပဲ ဆိုက်ရောက်လာပါတယ်။
ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ဟန်ဂေရီနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာ
ရုရှားသမ္မတ ပူတင်ကိုယ်တိုင် အာမခံထားပြီး ကမ္ဘာမှာ ပထမ ဆုံး ကိုဗစ်ကာကွယ်ဆေးအဖြစ် သြဂုတ်လ အတွင်းက မှတ်ပုံတင်စာရင်းသွင်းခဲ့ Sputnik 5 ကာကွယ်ဆေး ပထမ ဆုံး ၁၀ ခုကို ဟန်ဂေရီက မှာယူထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto ကပြောပါတယ်။
ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ဟန်ဂေရီနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာ
ဒီဆေးဟာ စမ်းသပ်ဆဲအဆင့်မှာ ပဲရှိနေသေးပြီး ဥရောပသမဂ္ဂရဲ့ ဆေးဝါးအေဂျင်စီက အတည်ပြုလက်ခံထားခြင်း မရှိသေးပါဘူး။ ဟန်ဂေရီ ဝန်ကြီးချုပ်ရုံးရဲ့အကြီးအကဲ Gergely Gulyas ကတော့ ဘယ်နိုင်ငံကပဲ ထောက်ပံ့မှုရရ အဲဒီဆေးကို အမြန်ဆုံးရရှိဖို့ သက်ဆိုင်ရာနိုင်ငံနဲ့ ညှိနိုင်းခဲ့တယ်လို့ပြောပါတယ်။
ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ဟန်ဂေရီနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာ
ဟန်ဂေရီအစိုးရဟာ ဗြိတိန်-ဆွီဒင် ဆေးကုပဏီဖြစ်တဲ့ AstraZeneca အပါဝင် ဆေးဝါးထုတ် လုပ်တဲ့ ကုပဏီအတော်များများနဲ့ ညှိနိုင်းဆွေးနွေးခဲ့တယ်ဆိုပါတယ်။ ဟန်ဂေရီဟာ ကိုဗစ်ကူးစက်မှုနှု န်းလျော့ချနိုင်ရေးအတွက် ညမထွ က်အရ အမိန့်အပါဝင် လော့ဒေါင်းချ ထားတဲ့နိုင်ငံတခုဖြစ်ပါတယ်။
ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ဟန်ဂေရီနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာ
ဟန်ဂေရီမှာ ဒီနေ့ ဗိုင်းရပ် ကူးစက်သူ +4,512 ဦးရှိပြီး သေဆုံးသူ +92 ရှိပါတယ်။ အားလုံးပေါင်းဆိုရင် ဗိုင်းရပ်စ်ကူးစက်သူ 161,461 ဦးရှိပြီး သေဆုံးသူ 3,472 ဦးရှိနေပြီလို့ worldometers မှာဖေါ်ပြထားပါတယ်။ ။
Source:AP
Credit;onenewsmyanmar
Source:AP
Add a Comment
Your email address will not be published. Required fields are marked *