ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်တွေ ကိုဗစ်ကူးစက်ခံရမှု မြင့်တက်နေတဲ့အတွက် စေတနာ့ဝန်ထမ်းများ ဖိတ်ခေါ်နေရ

ကျန်းမာရေးဝန်ထမ်း (၂၄၀)ကျော်ထိ ကူးစက်ခံထားရတာပါ။

ရန်ကုန်ဆေးရုံကြီး မှာ ကိုဗစ်ကူးစက်ခံရတဲ့ ဆရာ ဝန်အရေအတွက် မြင့်တက် လာတာကြောင့် ဆေးရုံမှာ ဆရာဝန်အခက်အခဲတွေရှိလာတဲ့အတွက် volunteer (စေတနာဝန်ထမ်း) အဖြစ် လုပ်ချင်တဲ့သူတွေကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ထ မ်းဆောင်နေတဲ့ ဆရာဝန်ေ တွအပါအဝင် တခြားသောကျန်းမာရေးဝန်ထမ်း အယောက် (၂၄၀)ကျော် ကိုဗစ်ကူးစက်ခံထားရပါတယ်။ ကိုဗစ်ကူးစက်ပျံ့နှံ့မှုက ကာလရှည်လာနဲ့ အမျှ ဆရာဝန်တွေအနေနဲ့ ကုသမှုတွေပေးနေကြရာမှာ အားလုံးက ပင်ပန်းလာကြတဲ့အခြေအနေတွေဖြစ်လာကြပြီလို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦးက Duwun ကိုပြောပါတယ်။

” ဆရာဝန် အခက်အခဲကတော့ ရှိတာပေါ့၊ ရှိနေတဲ့ ဆရာဝန်တွေကလည်း ကာလကြာလာတဲ့အခါကြတော့ ပင်ပန်းလာကြပြီ။ ကူးစက်ခံရတဲ့ ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေကလည်း (၂၄၀)ကျော်လောက်ရှိပြီဆိုတော့ ရှိတဲ့ အင်အားနဲ့ပဲလုပ်နေရတယ်။အခုဆို တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်အောင် volunteer အဖြစ် လုပ်ချင်တဲ့သူတွေကိုတော့ဖိတ်ခေါ်ထားတယ်” လို့ ပါမောက္ခဒေါက်တာမော်မော်ဦးက ပြောပါတယ်။

တစ်နိုင်လုံးက ကိုဗစ်လူနာ (၇)သောင်းကျော်မှာ ရန်ကုန်က (၅)သောင်းကျော်ထိပါဝင်ပြီး ကူးစက်မှု အများဆုံး တိုင်းဒေသကြီး တစ်ခုဖြစ်သလို သေဆုံးလူနာ (၁၆၀၀)ကျော်မှာလည်း ရန်ကုန်က (၁၄၀၀)ကျော်ထိပါဝင်နေတာပါ။ ရန်ကုန်မှာက လူနာအများဆုံးဖြစ်တဲ့အတွက် ဆရာဝန်အခက်အခဲရှိတဲ့နေရာမှာ ရန်ကုန်ဆေးရုံကြီးတစ်ခုတည်းတင်မဟုတ်ဘဲ တခြားကုသရေးဆေးရုံတွေနဲ့ စင်တာတွေမှာပါ လိုအပ်လျှက်ရှိနေတာပါ။

ရန်ကုန်ရဲ့ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်တွေကို အထိုက်အလျှောက်ဖြေလျော့ နိုင်ဖို့ အတွက် တခြားတိုင်းနဲ့ ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေလာရောက် အားဖြည့် ကူညီဆောင်ရွက်ပေးနေတာတွေလည်း ရှိနေပါတယ်။

ကူးစက်မှုတွေများနေပြီး ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်တွေရှိနေပေမယ့်လည်း တိုင်းနဲ့ ပြည်နယ်အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် volunteer အဖြစ်ဆောင်ရွက်လိုသူတွေပါ လာရောက်ကူညီနေတာတွေရှိတဲ့အတွက် ကုသရေးအပိုင်းမှာ လုံးဝမလုပ်နိုင်၊ မကိုင်နိုင်လောက်တဲ့အနေအထားထိတော့ ရှိလာမှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာထွန်းမြင့်က နိုဝင်ဘာလ (၁၈)ရက်နေ့က တိုင်းကျန်းမာရေးဦးစီးဌာနနဲ့ မီဒီယာတွေတွေ့ဆုံတဲ့ zoom meeting မှာ ပြောကြားခဲ့ပါတယ်။

Source;duwun

က်န္းမာေရးဝန္ထမ္း (၂၄၀)ေက်ာ္ထိ ကူးစက္ခံထားရတာပါ။

ရန္ကုန္ေဆး႐ုံႀကီး မွာ ကိုဗစ္ကူးစက္ခံရတဲ့ ဆရာ ဝန္အေရအတြက္ ျမင့္တက္ လာတာေၾကာင့္ ေဆး႐ုံမွာ ဆရာဝန္အခက္အခဲေတြရွိလာတဲ့အတြက္ volunteer (ေစတနာဝန္ထမ္း) အျဖစ္ လုပ္ခ်င္တဲ့သူေတြကို ဖိတ္ေခၚထားတယ္လို႔ သိရပါတယ္။

ရန္ကုန္ေဆး႐ုံႀကီးမွာ တာဝန္ထ မ္းေဆာင္ေနတဲ့ ဆရာဝန္ေ တြအပါအဝင္ တျခားေသာက်န္းမာေရးဝန္ထမ္း အေယာက္ (၂၄၀)ေက်ာ္ ကိုဗစ္ကူးစက္ခံထားရပါတယ္။ ကိုဗစ္ကူးစက္ပ်ံ့ႏွံ႕မႈက ကာလရွည္လာနဲ႕ အမွ် ဆရာဝန္ေတြအေနနဲ႕ ကုသမႈေတြေပးေနၾကရာမွာ အားလုံးက ပင္ပန္းလာၾကတဲ့အေျခအေနေတြျဖစ္လာၾကၿပီလို႔ ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚကုသေရးဌာနမွ ပါေမာကၡေဒါက္တာေမာ္ေမာ္ဦးက Duwun ကိုေျပာပါတယ္။

” ဆရာဝန္ အခက္အခဲကေတာ့ ရွိတာေပါ့၊ ရွိေနတဲ့ ဆရာဝန္ေတြကလည္း ကာလၾကာလာတဲ့အခါၾကေတာ့ ပင္ပန္းလာၾကၿပီ။ ကူးစက္ခံရတဲ့ ဆရာဝန္ေတြနဲ႕ ဝန္ထမ္းေတြကလည္း (၂၄၀)ေက်ာ္ေလာက္ရွိၿပီဆိုေတာ့ ရွိတဲ့ အင္အားနဲ႕ပဲလုပ္ေနရတယ္။အခုဆို တစ္ဖက္တစ္လမ္းကေန အေထာက္အကူျဖစ္ေအာင္ volunteer အျဖစ္ လုပ္ခ်င္တဲ့သူေတြကိုေတာ့ဖိတ္ေခၚထားတယ္” လို႔ ပါေမာကၡေဒါက္တာေမာ္ေမာ္ဦးက ေျပာပါတယ္။

တစ္နိုင္လုံးက ကိုဗစ္လူနာ (၇)ေသာင္းေက်ာ္မွာ ရန္ကုန္က (၅)ေသာင္းေက်ာ္ထိပါဝင္ၿပီး ကူးစက္မႈ အမ်ားဆုံး တိုင္းေဒသႀကီး တစ္ခုျဖစ္သလို ေသဆုံးလူနာ (၁၆၀၀)ေက်ာ္မွာလည္း ရန္ကုန္က (၁၄၀၀)ေက်ာ္ထိပါဝင္ေနတာပါ။ ရန္ကုန္မွာက လူနာအမ်ားဆုံးျဖစ္တဲ့အတြက္ ဆရာဝန္အခက္အခဲရွိတဲ့ေနရာမွာ ရန္ကုန္ေဆး႐ုံႀကီးတစ္ခုတည္းတင္မဟုတ္ဘဲ တျခားကုသေရးေဆး႐ုံေတြနဲ႕ စင္တာေတြမွာပါ လိုအပ္လွ်က္ရွိေနတာပါ။

ရန္ကုန္ရဲ႕ က်န္းမာေရးဝန္ထမ္းလိုအပ္ခ်က္ေတြကို အထိုက္အေလွ်ာက္ေျဖေလ်ာ့ နိုင္ဖို႔ အတြက္ တျခားတိုင္းနဲ႕ ျပည္နယ္က က်န္းမာေရးဝန္ထမ္းေတြလာေရာက္ အားျဖည့္ ကူညီေဆာင္႐ြက္ေပးေနတာေတြလည္း ရွိေနပါတယ္။

ကူးစက္မႈေတြမ်ားေနၿပီး က်န္းမာေရးဝန္ထမ္းလိုအပ္ခ်က္ေတြရွိေနေပမယ့္လည္း တိုင္းနဲ႕ ျပည္နယ္အသီးသီးက က်န္းမာေရးဝန္ထမ္းေတြအပါအဝင္ volunteer အျဖစ္ေဆာင္႐ြက္လိုသူေတြပါ လာေရာက္ကူညီေနတာေတြရွိတဲ့အတြက္ ကုသေရးအပိုင္းမွာ လုံးဝမလုပ္နိုင္၊ မကိုင္နိုင္ေလာက္တဲ့အေနအထားထိေတာ့ ရွိလာမွာမဟုတ္ဘူးလို႔ ရန္ကုန္တိုင္းက်န္းမာေရးဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ‌ေဒါက္တာထြန္းျမင့္က နိုဝင္ဘာလ (၁၈)ရက္ေန႕က တိုင္းက်န္းမာေရးဦးစီးဌာနနဲ႕ မီဒီယာေတြေတြ႕ဆုံတဲ့ zoom meeting မွာ ေျပာၾကားခဲ့ပါတယ္။

Source;duwun

Add a Comment

Your email address will not be published. Required fields are marked *