ရန်ကုန်တိုင်းအပါအဝင် မြူများ ထူထပ်စွာ ကျဆင်းပြီး အအေးပိုလာမည့် ဒဏ်ကို ယခုရက်ပိုင်းမှာ ကြုံတွေ့နိုင်သည့် ဒေသများ

ရန်ကုန် တိုင်းဒေသ ကြီးအပါအ ဝင် အခြားတိုင်းေ ဒသကြီးနှ င့်ပြည်နယ် များတွင် မြူထူများဆိုင်းပြီး အအေး ပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားေ ရးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

စစ်ကိုင်းတို င်းဒေသကြီးအထက်ပိုင်း၊ ကချင်၊ ချင်း၊ ရှမ်း၊ ကယားနှင့် မွန်ပြည် နယ်များတွင် ခုနစ်ရက်မှ ကိုးရက်ခန့်အထိ မြူဆိုင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။ ထို့ပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတို င်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် သုံးရက်မှ ငါးရက်ခန့်အထိ နံနက်ပို င်းတွင် မြူထူများ ဆိုင်းနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

“အအေးလည်း နည်းနည်း ပိုလာမယ်။ ဘာလို့ဆို လေထဲမှာ moisture(အစိုဓာတ်) လေး နည်းနည်း ရှိနေခြင်းက မြူကျတာပေါ့နော်။ မြူကျတယ် အအေးလည်းန ည်းနည်းပိုလာ မယ့်အနေ အထားမျိုးမှာ ရှိတာပေါ့။ ပြီးခဲ့တဲ့နှစ်တွေကထက်စာရင်တော့ ဒီနှစ်က အနည်းငယ် ပိုအေးတဲ့အနေအထားမျိုးလေးတော့ ရှိပါတယ်” ဟု ဒေါက်တာေ ကျာ်မိုးဦးက ပြောပါတယ်။ ယခုနှစ် ဆောင်းရာသီတွင် လာနီညာဖြစ်နိုင်ခြေ အားကောင်းသည့်အတွက် လာနီညာ နှစ်ဖြစ်နိုင်ကြောင်း မိုးလေဝသပ ညာရှင်များမှ ခန့်မှန်းထားကြပါတယ်။

လာနီညာ၏ သဘော သဘာဝသည် အေးပြီး စိုစွတ်ကာ ယခင်လာနီ ညာဖြစ်သည့်နှစ်များတွင် သိသိသာသာ အအေးပိုသော်လည်း ၂၀၀၀ ခုနှစ်နောက်ပိုင်းမှစတင်ကာ ကမ္ဘာကြီးပူ‌နွေးလာ သည့်အတွက် နှစ်စဉ် အပူချိန်များတိုး လာကြောင်း ဒေါက်တာေ ကျာ်မိုးဦးက ပြောပါတယ်။ “ဒီ ၂၀၂၀ ဟာ လာနီညာနှစ်ဖြစ်ပေမယ့်လည်း အပူချိန်ကတော့ ပိုပြီးတော့ပူ တဲ့အနေအထားရှိတယ်။

မြန်မာနိုင်ငံအေ နနဲ့တော့ လာနီညာရဲ့သက်ေ ရာက်မှုကို အနည်းငယ် ခံစား ရတဲ့အနေအ ထားရှိတဲ့ အ တွက်ကြောင့် နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလောက်မှာတော့ ပုံမှန်အပူချိန်လော က်ရှိတယ်။” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုပါတယ်။ နံနက်ခင်းပိုင်းတွင် မြူများ ကျလာနိုင်သည့် အနေအထားရှိသဖြင့် ယာဉ်မတော်တဆဖြစ်မှုများအား သတိပြုရန်လို အပ်ပြီး မြန်မာနိုင်ငံေ တာင်ပိုင်းနှင့် မြောက်ပိုင်း စွန်းများတွင် မိုးအနည်းငယ် ရွာနိုင်သည့်အတွက် ထိုဒေ သများရှိ စိုက်ပျိုးသီးနှံများအား ရေမထိအောင် ဂရုစိုက်ရန်လိုကြောင်း ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

Credit;






Credit;

Add a Comment

Your email address will not be published. Required fields are marked *