ယနေ့ အကြိုက်ဆုံး ဥပမာ….
ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် …ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန်ပစ်ပေမယ့်ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့.. သူစိတ်လျော့လိုက်တယ်.. သေပါစေတော့ ပေါ့ …
ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့ ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
“မချီကြနဲ့…မနိုင်လောက်ဘူး..”
“ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် ”
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..ငါးက..နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..ရေမြောင်းစပ်ဆီရောက်သွားတယ်..နောက်ဆုံး.. ရေထဲထိရောက်သွားနိုင်ခဲ့တယ်. . .
တစ်ချို့ နာကျင်ခြင်းတွေဟာ..တစ်ချို့တိုက်ခိုက်မှု့တွေဟာ .အောင်မြင်ခြင်းအတွက် အထောက်အပံ့ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။
တစ် ခါ တ လေတိုက်ခိုက်လာတဲ့ သူတွေကြောင့်ကိုယ်က ပိုပြီး သန်မာလာရတယ်။စိတ်ညစ်ချင် ညစ်ပါ။သို့သော် … စိတ်ဓာတ်မကျနဲ့။ ဘာအကြောင်း, ကြောင့်မှ စိတ်ဓာတ်မကျကောင်းဘူးနော်…နင်းတတ်ရင်..အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ။
“အရာရာဟာ ကောင်းဖို့ဖြစ်လာတာ” ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..”
Credit;Original Author
Add a Comment
Your email address will not be published. Required fields are marked *